ဝန်ကြီးက ဆန္ဒမပြဖို့သဘောတူထားတယ်ပြောပေမယ့် အလုပ်သမားတွေဆန္ဒပြ

ဝန်ကြီးက ဆန္ဒမပြဖို့သဘောတူထားတယ်ပြောပေမယ့် အလုပ်သမားတွေဆန္ဒပြ

ရန်ကုန် ၊ မတ် ၂၆-၂၀၂၀
သိဂီ ၤ (VOM)

COVID-19 ဖြစ်နေတဲ့ကာလအတွင်း ဆန္ဒမပြဖို့၊ လူစုလူဝေးမပြုလုပ်ဖို့ သုံးပွင့်ဆိုင်သဘောတူထားကြောင်း ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကပြောဆိုခဲ့တဲ့ ဒီကနေ့ မတ်လ ၂၆ ရက်နေ့မှာပဲ ရန်ကုန်၊ အရှေ့ဒဂုံစက်မှုဇုန်ထဲက G.E.G Grand Enterprises Garment အထည်ချုပ်စက်ရုံကို အလုပ်သမား ၅ ထောင်လောက်က ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။

အလုပ်ရှင်က အလုပ်သမား ၃၀၀၀ ကျော်ကို လုပ်ခလစာ အပြည့်အဝမပေးဘဲ ယခုမတ်လကုန်ကနေစပြီး အလုပ်ထုတ်လိုက်တဲ့ကိစ္စအပေါ် မကျေနပ်တဲ့အတွက် အလုပ်သမားတွေက လမ်းမပေါ်ထွက်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပဲဖြစ်ပါတယ်။

“စက်ရုံကရက် ၄၀ ရက်ရှည် ပိတ်မယ်။ ဝန်ထမ်း ၃၀၀၀ ကျော်ကိုတော့ ခုလ ၃၁ ရက်ကနေ စ အလုပ်မဆင်းခိုင်းတော့ဘူး။ ထုတ်တယ်။ ဒါကိုမကျေနပ်လို့ အလုပ်သမားတွေက ဆန္ဒပြကြတယ်။ ခုတော့ သုံးပွင့်ဆိုင်ဆွေးနွေးမှုအရ ဝန်ထမ်းတွေကိုလည်း ရက် ၄၀ အတူပိတ်လိုက်တယ်။ စက်ရုံကပြန်ဖွင့်ချိန်မှာတော့ ကိုဗစ် ၁၉ နဲ့ပတ်သက်လို့ ဒီရောဂါက စိုးရိမ်ရဖွယ် အခြေအနေရှိတော့ လူလျှော့ကောင်းလျှော့မယ်။ လျှော့ရင်လည်း ဝန်ထမ်းတွေနဲ့ညှိပြီးလုပ်သွားမယ်လို့ စာချုပ်ချုပ်ထားပါတယ်။ ပိတ်ရက်တွေအတွက် လစာအပြည့်ရပါမယ်။ ဆန္ဒမပြဖို့ လူစုလူဝေးမလုပ်ဖို့ သဘောတူညီမှုယူထားတာ မှန်ပါတယ်။ ဒီနေ့ဆန္ဒပြတာ အဖွဲ့ချုပ်က ဦးဆောင်ဆန္ဒပြတာမဟုတ်ဘူး။ သွားထိန်းရင်းကမှ ဆန္ဒပြသလိုဖြစ်သွားတာ။ လုပ်ငန်းရှင်ဘက်က အရမ်းလွန်လာလို့ အလုပ်သမားတွေ လမ်းပေါ်ထွက်တာပါ။”လို့ အလုပ်သမားတွေကို လာရောက်ကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် စည်းရုံးရေးမှူး ကိုရှိုင်းဝေထူးကပြောပါတယ်။

G.E.G အထည်ချုပ်လုပ်ငန်းက အရှေ့ဒဂုံထဲမှာ စက်ရုံပေါင်း ၄ ရုံရှိကြောင်း ၊ ဒီကနေ့ ဆန္ဒပြတောင်းဆိုမှုမှာလည်း အဲ့ဒီစက်ရုံ ၄ ရုံက အလုပ်သမား ၅၀၀၀ ထောင်ဝန်းကျင်က ပူးပေါင်းတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြတောင်းဆိုမှုအပြီးမှာတော့ အလုပ်ရှင် ၊ အလုပ်သမား ၊ အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ရာ ပြေလည်မှုရရှိခဲ့ပြီး အလုပ်မဆင်းဖို့ပြောဆိုထားတဲ့ အလုပ်သမား ၃၀၀၀ ကျော်လုံးကို ကျန် အလုပ်သမားနည်းတူ ခံစားခွင့်ပေးလိုက်ပြီလို့သိရပါတယ်။

“ဒီကာလအတွင်းမှာ ဆန္ဒမပြဖို့ သူတို့သဘောတူပါတယ်။ အလုပ်ရှင်တွေကလည်း ဆန္ဒမပြတာကိုကြိုဆိုတယ်။ ဖြစ်ပေါ်နေတဲ့ ပြသာနာကိုတော့ မြန်မြန်ထက်ထက်ဖြေရှင်းပေးဖို့ အားလုံးညှိနှိုင်းကြရမှာပါ။”လို့ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ သတင်းမီဒီယာတွေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးကတော့ နိုင်ငံတော်အနေနဲ့ အလုပ်သမားတွေအတွက် ဦးစားပေးပြီး လူမှုဖူလုံရေးရံပုံငွေထဲကနေ ၅၀ ဘီလီယံ ၊ နိုင်ငံတော်ရံပုံငွေက ၅၀ ဘီလီယံ စုစုပေါင်း ဘီလီယံ ၁၀၀ ကို CMP လုပ်ငန်း၊ ဟိုတယ်နဲ့ တိုးရစ်လုပ်ငန်း၊ SME လုပ်ငန်းတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေကို ငွေချေးပေးဖို့ စီးစဉ်ထားတယ်လို့ သိရပါတယ်။

Photo – MICS
#VOM #voiceofmyanmar #ရန်ကုန် #အလုပ်သမား၅ထောင်နီးပါး #ဆန္ဒပြ

Zawgyi

ဝန္ၾကီးက ဆနၵမျပဖိုု႕သေဘာတူထားတယ္ေျပာေပမယ့္ အလုုပ္သမားေတြဆႏၵျပ

ရန္ကုန္ ၊ မတ္ ၂၆-၂၀၂၀
သိဂီ ၤ (VOM)

COVID-19 ျဖစ္ေနတဲ့ကာလအတြင္း ဆႏၵမျပဖုိ႔၊ လူစုလူေ၀းမျပဳလုပ္ဖုိ႔ သုံးပြင့္ဆိုင္သေဘာတူထားေၾကာင္း ျပည္ေထာင္စု၀န္ႀကီးဦးသိန္းေဆြကေျပာဆိုခဲ့တဲ့ ဒီကေန႔ မတ္လ ၂၆ ရက္ေန႔မွာပဲ ရန္ကုန္၊ အေရွ႕ဒဂုံစက္မႈဇုန္ထဲက G.E.G Grand Enterprises Garment အထည္ခ်ဳပ္စက္ရုံကို အလုပ္သမား ၅ ေထာင္ေလာက္က ဆႏၵျပမႈျဖစ္ပြားခဲ့ပါတယ္။

အလုပ္ရွင္က အလုပ္သမား ၃၀၀၀ ေက်ာ္ကို လုပ္ခလစာ အျပည့္အ၀မေပးဘဲ ယခုမတ္လကုန္ကေနစၿပီး အလုပ္ထုတ္လိုက္တဲ့ကိစၥအေပၚ မေက်နပ္တဲ့အတြက္ အလုပ္သမားေတြက လမ္းမေပၚထြက္ကာ ဆႏၵျပေတာင္းဆိုခဲ့ၾကတာပဲျဖစ္ပါတယ္။

“စက္ရုံကရက္ ၄၀ ရက္ရွည္ ပိတ္မယ္။ ၀န္ထမ္း ၃၀၀၀ ေက်ာ္ကိုေတာ့ ခုလ ၃၁ ရက္ကေန စ အလုပ္မဆင္းခုိင္းေတာ့ဘူး။ ထုတ္တယ္။ ဒါကုိမေက်နပ္လို႔ အလုပ္သမားေတြက ဆႏၵျပၾကတယ္။ ခုေတာ့ သုံးပြင့္ဆုိင္ေဆြးေႏြးမႈအရ ၀န္ထမ္းေတြကိုလည္း ရက္ ၄၀ အတူပိတ္လုိက္တယ္။ စက္ရုံကျပန္ဖြင့္ခ်ိန္မွာေတာ့ ကိုဗစ္ ၁၉ နဲ႔ပတ္သက္လို႔ ဒီေရာဂါက စိုးရိမ္ရဖြယ္ အေျခအေနရွိေတာ့ လူေလွ်ာ့ေကာင္းေလွ်ာ့မယ္။ ေလွ်ာ့ရင္လည္း ၀န္ထမ္းေတြနဲ႔ညွိၿပီးလုပ္သြားမယ္လုိ႔ စာခ်ဳပ္ခ်ဳပ္ထားပါတယ္။ ပိတ္ရက္ေတြအတြက္ လစာအျပည့္ရပါမယ္။ ဆႏၵမျပဖုိ႔ လူစုလူေ၀းမလုပ္ဖုိ႔ သေဘာတူညီမႈယူထားတာ မွန္ပါတယ္။ ဒီေန႔ဆႏၵျပတာ အဖြဲ႔ခ်ဳပ္က ဦးေဆာင္ဆႏၵျပတာမဟုတ္ဘူး။ သြားထိန္းရင္းကမွ ဆႏၵျပသလိုျဖစ္သြားတာ။ လုပ္ငန္းရွင္ဘက္က အရမ္းလြန္လာလို႔ အလုပ္သမားေတြ လမ္းေပၚထြက္တာပါ။”လို႔ အလုပ္သမားေတြကို လာေရာက္ကူညီေပးခဲ့တဲ့ ျမန္မာႏုိင္ငံစက္မႈလက္မႈႏွင့္ ၀န္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ စည္းရုံးေရးမွဴး ကုိရိႈင္းေ၀ထူးကေျပာပါတယ္။

G.E.G အထည္ခ်ဳပ္လုပ္ငန္းက အေရွ႕ဒဂုံထဲမွာ စက္ရုံေပါင္း ၄ ရုံရွိေၾကာင္း ၊ ဒီကေန႔ ဆႏၵျပေတာင္းဆိုမႈမွာလည္း အဲ့ဒီစက္ရုံ ၄ ရုံက အလုပ္သမား ၅၀၀၀ ေထာင္၀န္းက်င္က ပူးေပါင္းေတာင္းဆုိခဲ့ၾကတာျဖစ္ပါတယ္။

ဆႏၵျပေတာင္းဆိုမႈအၿပီးမွာေတာ့ အလုပ္ရွင္ ၊ အလုပ္သမား ၊ အစိုးရ သုံးပြင့္ဆုိင္ေဆြးေႏြးခဲ့ရာ ေျပလည္မႈရရွိခဲ့ၿပီး အလုပ္မဆင္းဖုိ႔ေျပာဆိုထားတဲ့ အလုပ္သမား ၃၀၀၀ ေက်ာ္လုံးကို က်န္ အလုပ္သမားနည္းတူ ခံစားခြင့္ေပးလုိက္ၿပီလို႔သိရပါတယ္။

“ဒီကာလအတြင္းမွာ ဆႏၵမျပဖုိ႔ သူတုိ႔သေဘာတူပါတယ္။ အလုပ္ရွင္ေတြကလည္း ဆႏၵမျပတာကိုႀကိဳဆုိတယ္။ ျဖစ္ေပၚေနတဲ့ ျပသာနာကိုေတာ့ ျမန္ျမန္ထက္ထက္ေျဖရွင္းေပးဖုိ႔ အားလုံးညွိႏိႈင္းၾကရမွာပါ။”လုိ႔ ျပည္ေထာင္စု၀န္ႀကီးက ေနျပည္ေတာ္မွာျပဳလုုပ္ခဲ့တဲ့ အခမ္းအနားတစ္ခုမွာ သတင္းမီဒီယာေတြကိုေျပာဆုိခဲ့တာျဖစ္ပါတယ္။

ျပည္ေထာင္စု၀န္ႀကီးကေတာ့ ႏုိင္ငံေတာ္အေနနဲ႔ အလုပ္သမားေတြအတြက္ ဦးစားေပးၿပီး လူမႈဖူလုံေရးရံပုံေငြထဲကေန ၅၀ ဘီလီယံ ၊ ႏုိင္ငံေတာ္ရံပုံေငြက ၅၀ ဘီလီယံ စုစုေပါင္း ဘီလီယံ ၁၀၀ ကုိ CMP လုပ္ငန္း၊ ဟိုတယ္နဲ႔ တိုးရစ္လုပ္ငန္း၊ SME လုပ္ငန္းေတြမွာရွိတဲ့ လုပ္ငန္းရွင္ေတြကုိ ေငြေခ်းေပးဖုိ႔ စီးစဥ္ထားတယ္လုိ႔ သိရပါတယ္။

Photo – MICS
#VOM #voiceofmyanmar #ရန္ကုန္ #အလုပ္သမား၅ေထာင္နီးပါး #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW