ဖြိုးကိုကိုတင့်ဆန်းတို့ကို ထောင်ဒဏ်နှစ်(၃၀)နဲ့ (၇)လချမှတ်

ဖြိုးကိုကိုတင့်ဆန်းတို့ကို ထောင်ဒဏ်နှစ်(၃၀)နဲ့ (၇)လချမှတ်

နေပြည်တော်၊ မတ် ၃၀-၂၀၂၀
ကိုထွန်း(VOM)

မူးယစ်မှု၊ လက်နက်မှုများနှင့် စွဲချက်တင်ခံရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်းကို ဒီကနေ့မတ်လ ၃၀ ရက်နေ့တွင် ထောင်ဒဏ်(၃၀)နှစ်နဲ့ ခုနှစ်လချမှတ်လိုက်ပါတယ်။

ယနေ့ မတ်လ ၃၀ ရက်၊ နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးမှာ ဖြိုးကိုကိုတင့်ဆန်အမှုနဲ့ပတ်သက်ပြီး အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဖြိုးကိုကိုတင့်ဆန်းဟာ ၁၁၈/၂၀၁၇ သေနတ်တွေ့ရှိမှု၊ ၁၉(က)ဖြင့် ထောင်ဒဏ် ၁၀ နှစ်အများဆုံးချမှတ်ခံရတာ ဖြစ်ပြီး အဲ့ဒီအမှုကို ၂ နှစ်နှင့် ၃ လကျော် အချိန်ကြာမြင့်စွာ စစ်ခဲ့တာဖြစ်တဲ့အပြင် ရုံးချိန်းပေါင်း ၁၀၉ ချိန်း စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ကနေပြည်တော်လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇင်မင်းထိုက်ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆံများ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးသည့်နောက် ကွင်းဆက်အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေးကဲ့သို့သော အဖွဲ့အစည်းတံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိခဲ့သဖြင့် ပုဒ်မ ၁၄ ခုဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

ဖြိုးကိုကိုတင့်ဆန်း အမှုကို စွဲချက်တင်တဲ့ ပုဒ်မ ၁၄ ခုမှာ မူးယစ်ဥပဒေပုဒ်မ၊ လက်နက်ဥပဒေပုဒ်မ၊ ၁၉၂၃ မြန်မာနိုင်ငံအစိုးရလျှိုဝှက်ချက်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၊ ဆက်သွယ်ရေးပုဒ်မနှင့် တရားခံပြေးပုဒ်မတို့ပါဝင်ကြောင်း သိရပါတယ်။

ဖြိုးကိုကိုတင့်ဆန်းအပါအဝင် တရားခံ ၁၂ ဦးမှာ ၂ ဦးသာ လွတ်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဖြိုးကိုကိုတင်ဆန်း #ထောင်ဒဏ်နှစ်(၃၀)နဲ့ခုနှစ်လ

Zawgyi

ၿဖိဳးကိုကိုတင့္ဆန္းတို႔ကို ေထာင္ဒဏ္ႏွစ္(၃၀)နဲ႔ (၇)လခ်မွတ္

ေနျပည္ေတာ္၊ မတ္ ၃၀-၂၀၂၀
ကိုထြန္း(VOM)

မူးယစ္မႈ၊ လက္နက္မႈမ်ားႏွင့္ စြဲခ်က္တင္ခံရသည့္ ဟိုတယ္ ACE ပိုင္ရွင္ ၿဖိဳးကိုကိုတင့္ဆန္းကို ဒီကေန႔မတ္လ ၃၀ ရက္ေန႔တြင္ ေထာင္ဒဏ္(၃၀)ႏွစ္နဲ႔ ခုႏွစ္လခ်မွတ္လိုက္ပါတယ္။

ယေန႔ မတ္လ ၃၀ ရက္၊ ေနျပည္ေတာ္ရွိ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ ၿဖိဳးကိုကိုတင့္ဆန္အမႈနဲ႔ပတ္သက္ၿပီး အမိန္႔ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ၿဖိဳးကိုကိုတင့္ဆန္းဟာ ၁၁၈/၂၀၁၇ ေသနတ္ေတြ႕ရွိမႈ၊ ၁၉(က)ျဖင့္ ေထာင္ဒဏ္ ၁၀ ႏွစ္အမ်ားဆုံးခ်မွတ္ခံရတာ ျဖစ္ၿပီး အဲ့ဒီအမႈကို ၂ ႏွစ္ႏွင့္ ၃ လေက်ာ္ အခ်ိန္ၾကာျမင့္စြာ စစ္ခဲ့တာျဖစ္တဲ့အျပင္ ႐ုံးခ်ိန္းေပါင္း ၁၀၉ ခ်ိန္း စစ္ေဆးခဲ့တာလည္း ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ ၁၅ ရက္ေန႔ကေနျပည္ေတာ္ေလဆိပ္တြင္ ၿဖိဳးကိုကိုတင့္ဆန္း၊ ရဲမင္းေဆြ၊ ဇင္မင္းထိုက္ထံမွ ပစၥတို ၂ လက္၊ က်ည္ဆံမ်ား၊ စိတ္ႂကြေဆးျပားမ်ား စစ္ေဆးေတြ႕ရွိခဲ့ၿပီးသည့္ေနာက္ ကြင္းဆက္အျဖစ္ ACE ႐ုံးႏွင့္ ေနအိမ္၌ လက္နက္၊ စကားေျပာစက္၊ ႏိုင္ငံေတာ္ လုံၿခဳံေရးကဲ့သို႔ေသာ အဖြဲ႕အစည္းတံဆိပ္စသည့္ ပစၥည္းမ်ားကို ေတြ႕ရွိခဲ့သျဖင့္ ပုဒ္မ ၁၄ ခုျဖင့္ အမႈဖြင့္လွစ္၍ ဖမ္းဆီးခဲ့ျခင္းျဖစ္ပါတယ္။

ၿဖိဳးကိုကိုတင့္ဆန္း အမႈကို စြဲခ်က္တင္တဲ့ ပုဒ္မ ၁၄ ခုမွာ မူးယစ္ဥပေဒပုဒ္မ၊ လက္နက္ဥပေဒပုဒ္မ၊ ၁၉၂၃ ျမန္မာႏိုင္ငံအစိုးရလွ်ိဳဝွက္ခ်က္ဥပေဒ၊ ပို႔ကုန္သြင္းကုန္ဥပေဒ၊ ႏိုင္ငံေတာ္အထိမ္းအမွတ္တံဆိပ္၊ ဆက္သြယ္ေရးပုဒ္မႏွင့္ တရားခံေျပးပုဒ္မတို႔ပါဝင္ေၾကာင္း သိရပါတယ္။

ၿဖိဳးကိုကိုတင့္ဆန္းအပါအဝင္ တရားခံ ၁၂ ဦးမွာ ၂ ဦးသာ လြတ္ေျမာက္ခဲ့တာလည္း ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ၿဖိဳးကိုကိုတင္ဆန္း #ေထာင္ဒဏ္ႏွစ္(၃၀)နဲ႔ခုႏွစ္လ

Related posts

Leave a Comment

VOM News

FREE
VIEW