ရွာအုပ်ချုပ်ရေးမှူးကို ဓါးဖြင့်ထိုးသူ ထောင် ၅ နှစ်ကျ

ရွာအုပ်ချုပ်ရေးမှူးကို ဓါးဖြင့်ထိုးသူ ထောင် ၅ နှစ်ကျ

မေ ၁၊ ၂၀၂၀။
ငြိမ်းသူမင်း (VOM) ၊ ကလေး။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် တင်းတိမ်ရံကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ကို ဓါးနဲ့ ထိုးခဲ့သူကို ကျွန်းလှမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံက ဧပြီလဆန်းတုန်းက ပြန်လာတဲ့ အမှုကျူးလွန်းခဲ့သူ ဦးကျော်ခိုင် (၃၉) နှစ်ဟာ တင်းတိမ်ရံရွာ စာသင်ကျောင်းမှာ စောင့်ကြည့်ခြေချုပ်နဲ့ နေထိုင်နေရသူဖြစ်ပြီး၊အခြားအဆောင်တခုက စောင့်ကြည့်ခြေချုပ်နဲ့ နေတဲ့သူတွေဆီ လျှောက်သွားခဲ့တာကို ရွာအုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးအဖွဲ့တွေက တားမြစ်ခဲ့ပါတယ်။

အဲ့ဒီ အပေါ် မကျေနပ်လို့ဆိုပြီး ဧပြီ၁၉ ရက်နေ့မှာ ရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စောကို ဓားနဲ့ထိုးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနေ့က ဖြစ်စဉ် မှာ ဦးကျော်ခိုင် က ဓါးနဲ့ ထိုးတာကြောင့် အုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးခင်မောင်စော ၊ လုံခြုံရေး အဖြစ်ဆောင်ရွက်နေတဲ့ တင်းတိမ်ရံကျေးရွာ က ဦးမောင်ငြိမ်း နဲ့ ကျောင်းအင်းကျေးရွာ မှာ နေထိုင်ပြီး တင်းတိမ်ရံ မှာ လုပ်အားပေး ကူညီဆောင်ရွက်နေတဲ့ ဒေါ်တင်တင်မြ တို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့တာပါ။

အဲ့ဒီလို ရရှိခဲ့တာကြောင့် ကျွန်းလှမြို့မ ရဲစခန်းကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၂/၃၂၄ နဲ့ ဖမ်းဆီး အမှုဖွင့် တရားစွဲဆိုခဲ့ပြီး၊ ကျွန်းလှမြို့နယ် တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကျူးလွန်သူ ဦးကျော်ခိုင်ဟာ ကိုဗစ်၁၉ ရောဂါစောင့်ကြည့်ခြေချုပ်နဲ့ နေထိုင်တာ ၂၁ ရက် မပြည့်သေးတာကြောင့် သူ့ကို ဓားထိုးမှုနဲ့ ပြစ်ဒဏ်ချပြီး ထောင်ကိုပို့တဲ့အခါ ဘယ်လိုစီမံမယ် ဆိုတာကိုကတော့ မသိရသေးပါဘူး။

#VoiceOfMyanmar #VOM #COVID19 #ကိုှဗစ်၁၉ #ကျွန်းလှ #အုပ်ချုပ်ရေးမှူးဓားထိုးခံရ

…………

zawgyi

ရြာအုပ္ခ်ဳပ္ေရးမႉးကို ဓါးျဖင့္ထိုးသူ ေထာင္ ၅ ႏွစ္က်

ေမ ၁၊ ၂၀၂၀။
ျငိမ္းသူမင္း (VOM) ၊ ကေလး။

စစ္ကိုင္းတိုင္း ကြၽန္းလွၿမိဳ႕နယ္ တင္းတိမ္ရံေက်း႐ြာမွာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ကို ဓါးနဲ႔ ထိုးခဲ့သူကို ကၽြန္းလွျမိဳ႕နယ္ တရားရံုးက ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္လိုက္ပါတယ္။

တရုတ္ႏိုင္ငံက ဧျပီလဆန္းတုန္းက ျပန္လာတဲ့ အမႈက်ဴးလြန္းခဲ့သူ ဦးေက်ာ္ခိုင္ (၃၉) ႏွစ္ဟာ တင္းတိမ္ရံရြာ စာသင္ေက်ာင္းမွာ ေစာင့္ၾကည့္ေျခခ်ဳပ္နဲ႔ ေနထိုင္ေနရသူျဖစ္ျပီး၊အျခားအေဆာင္တခုက ေစာင့္ၾကည့္ေျခခ်ဳပ္နဲ႔ ေနတဲ့သူေတြဆီ ေလွ်ာက္သြားခဲ့တာကို ရြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ လံုျခံဳေရးအဖြဲ႔ေတြက တားျမစ္ခဲ့ပါတယ္။

အဲ့ဒီ အေပၚ မေက်နပ္လို႔ဆိုျပီး ဧျပီ၁၉ ရက္ေန႔မွာ ရြာအုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ေစာကို ဓားနဲ႔ထိုးခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီေန႔က ျဖစ္စဥ္ မွာ ဦးေက်ာ္ခိုင္ က ဓါးနဲ႔ ထိုးတာေၾကာင့္ အုပ္စုအုပ္ခ်ဳပ္ေရးမႉး ျဖစ္သူ ဦးခင္ေမာင္ေစာ ၊ လုံၿခဳံေရး အျဖစ္ေဆာင္႐ြက္ေနတဲ့ တင္းတိမ္ရံေက်း႐ြာ က ဦးေမာင္ၿငိမ္း နဲ႔ ေက်ာင္းအင္းေက်း႐ြာ မွာ ေနထိုင္ၿပီး တင္းတိမ္ရံ မွာ လုပ္အားေပး ကူညီေဆာင္႐ြက္ေနတဲ့ ေဒၚတင္တင္ျမ တို႔မွာ ဒဏ္ရာအသီးသီး ရရွိခဲ့တာပါ။

အဲ့ဒီလို ရရွိခဲ့တာေၾကာင့္ ကြၽန္းလွၿမိဳ႕မ ရဲစခန္းကေန ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၃၂/၃၂၄ နဲ႔ ဖမ္းဆီး အမႈဖြင့္ တရားစြဲဆိုခဲ့ၿပီး၊ ကြၽန္းလွၿမိဳ႕နယ္ တရား႐ုံးက ေထာင္ဒဏ္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

က်ဴးလြန္သူ ဦးေက်ာ္ခိုင္ဟာ ကိုဗစ္၁၉ ေရာဂါေစာင့္ၾကည့္ေျခခ်ဳပ္နဲ႔ ေနထိုင္တာ ၂၁ ရက္ မျပည့္ေသးတာေၾကာင့္ သူ႔ကို ဓားထိုးမႈနဲ႔ ျပစ္ဒဏ္ခ်ျပီး ေထာင္ကိုပို႔တဲ့အခါ ဘယ္လိုစီမံမယ္ ဆိုတာကိုကေတာ့ မသိရေသးပါဘူး။

#VoiceOfMyanmar #VOM #COVID19 #ကိုွဗစ္၁၉ #ကၽြန္းလွ #အုပ္ခ်ဳပ္ေရးမႉးဓားထိုးခံရ

 

Related posts

Leave a Comment

VOM News

FREE
VIEW