ပလက်ဝမြို့ပေါ် ဆန်ရိက္ခာပြတ်လပ်မှုဒဏ် ခံစားနေရသူ နှစ်သောင်းကျော်ရှိ

ပလက်ဝမြို့ပေါ် ဆန်ရိက္ခာပြတ်လပ်မှုဒဏ် ခံစားနေရသူ နှစ်သောင်းကျော်ရှိ

ကလေး မေ ၁၉-၂၀၂၀
ငြိမ်းသူမင်း(VOM)

ပလက်ဝမြို့ပေါ် ကို ဆန်ရိက္ခာတွေ ထပ်မရောက်လာတာကြောင့် ဆန်ရိက္ခာပြတ်လပ်တဲ့ဒဏ်ကို ရင်ဆိုင်နေကြရတဲ့ ပြည်သူဦးရေ နှစ်သောင်းကျော်
ရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ချင်းတိုက်ပွဲရှောင် ကူညီရေး နဲ့ ပြန်လည်ထူထောင်ရေး ကော်မတီအတွင်းရေးမှူး ဦးစောမြ က ပြောပြတာက

“အခုက ပလက်ဝမြို့ကိုသွားလို့ လာလို့ မရဘူးဆိုတော့ ဆမီး ရောက်နေတဲ့ဆန်အိတ် ၃ ထောင်လောက် ပလက်ဝကို ပို့ဖို့ မရောက်နိုင်ဘူးဖြစ်နေတာ။ အဲ့ဒီတော့ ပလက်ဝမြို့ပေါ် က တိုက်ပွဲရှောင်တွေ အပါအဝင်မြို့ပေါ် က ပြည်သူတွေရော မြို့အနီးအနား က ရွာတွေက လူတွေပါ ငတ်ပြတ်နေတယ်”လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ တပ်မတော် နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်ကိုပြောင်းရွှေ့နေထိုင်ရသူ ဦးရေ ၅၀၉၀ ဦး ရှိပါတယ်။

ဆမီးမြို့ပေါ်မှာတော့ လူဦးရေ ၂၉၆၁ ဦး ရှိပါတယ်။ အဲ့ဒီ ထဲက ဆမီးမြို့ပေါ် က တိုက်ပွဲရှောင်တွေအတွက်ကတော့ မတူပီမြို့ကနေ ဆန် သယ်ပို့ ဖို့ လွယ်ကူတာကြောင့် ဆန်ပြတ်လပ်တဲ့ဒဏ်ကို ရင်ဆိုင်ရခြင်း မရှိပါဘူး။ ဒါပေမယ့် ဆမီးမြို့ကနေ မိုင် ၄၀လောက်ပဲ ဝေးတဲ့ ကားနဲ့ နှစ်နာရီ အကြာလောက်ပဲ မောင်းရတဲ့ပလက်ဝမြို့ပေါ်ကိုတော့ လုံခြုံရေး အခြေအနေကြောင့် ဆန်ရိက္ခာ ပို့ဖို့ခက်ခဲနေတာပါ။

ဒီလို ခက်ခဲတာကြောင့် ပလက်ဝမြို့ပေါ် က တိုက်ပွဲရှောင်အပါအဝင် ဒေသခံပြည်သူတွေနဲ့ ပလက်ဝမြို့ အနီးအနားမှာ နေထိုင်ကြတဲ့ကျေးရွာတွေက ပြည်သူတွေ ကတော့ ဆန်ရိက္ခာပြတ်လပ်မှု တွေနဲ့ရင်ဆိုင်နေရတာပါ။

ပလက်ဝမြို့နယ်တိုက်ပွဲရှောင် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီဒုတိယ ဥက္ကဋ္ဌ ချင်းပြည်နယ် စည်ပင်သာယာရေး လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးထက် ပြောပြတာက

“ခု ဆမီးမှာ ဆန်အိတ်ငါးထောင်ကျော်ရှိတယ်။ အဲ့ဒီထဲကနေ ဆန်အိတ် သုံးထောင်ကျော်လောက် ပို့ဖို့စီစဉ်နေတယ်။ လောလောဆယ် ကား ကိစ္စ စီစဉ်နေလို့ အဲ့တာနဲ႕ ကြန့်ကြာနေလို့။ လုံခြုံရေး အပေါ်မှာ မူတည်ပြီးပို့ရတာဖြစ်တော့ လုံခြုံရေး အစီအမံ သေချာယူပြီးမှ ပို့ရမှာ ဖြစ်တယ်။ အရပ်ကားတွေနဲ့ ပို့ဖို့ကျတော့ အရပ် ကားတွေလဲ မသွားရဲဘူး”လို့ ပြောပါတယ်။

ပလက်ဝမြို့ပေါ် က ပြည်သူတွေ အတွက် ဆိုပြီး ဧပြီလ ၁၉ ရက်နေ့က တစ်ကြိမ်ဧပြီလ နောက်ဆုံးပတ်က တစ်ကြိမ် နှင့် မေလ ၂ ရက်နေ့ ကတစ်ကြိမ်စုစုပေါင်း ဆန်အိတ် ပေါင်း သုံးထောင့်ရှစ်ရာသုံးဆယ်အိတ် ပေးပို့ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီဆန် က ပလက်ဝမြို့ပေါ်က ပြည်သူတွေ အတွက်တော့ဆယ်ရက်စာလောက်ပဲ စားလောက်တယ်လို့ ပလက်ဝမြို့ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေထံကနေ စုံစမ်း သိရပါတယ်။

#voiceofmyanmar  #VOM  #ပလက်ဝ
ဓါတ်ပုံ Mai Wai

zawgyi

ပလက္ဝၿမိဳ႕ေပၚ ဆန္ရိကၡာျပတ္လပ္မႈဒဏ္ ခံစားေနရသူ ႏွစ္ေသာင္းေက်ာ္ရွိ

ကေလး ေမ ၁၉-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ပလက္ဝၿမိဳ႕ေပၚ ကို ဆန္ရိကၡာေတြ ထပ္မေရာက္လာတာေၾကာင့္ ဆန္ရိကၡာ
ျပတ္လပ္တဲ့ဒဏ္ကို ရင္ဆိုင္ေနၾကရတဲ့ ျပည္သူဦးေရ ႏွစ္ေသာင္းေက်ာ္
ရွိေနတယ္လို႔ ကူညီေရးအဖြဲ႕ေတြဆီက သိရပါတယ္။

ခ်င္းတိုက္ပြဲေရွာင္ ကူညီေရး နဲ႔ ျပန္လည္ထူေထာင္ေရး ေကာ္မတီအတြင္းေရးမႉး ဦးေစာျမ က ေျပာျပတာက
“အခုက ပလက္ဝၿမိဳ႕ကိုသြားလို႔ လာလို႔ မရဘူးဆိုေတာ့ ဆမီး ေရာက္ေနတဲ့ဆန္အိတ္ ၃ ေထာင္ေလာက္ ပလက္ဝကို ပို႔ဖို႔ မေရာက္ႏိုင္ဘူးျဖစ္ေနတာ။ အဲ့ဒီေတာ့ ပလက္ဝၿမိဳ႕ေပၚ က တိုက္ပြဲေရွာင္ေတြ အပါအဝင္ၿမိဳ႕ေပၚ က ျပည္သူေတြေရာ ၿမိဳ႕အနီးအနား က ႐ြာေတြက လူေတြပါ ငတ္ျပတ္ေနတယ္”လို႔ ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ တပ္မေတာ္ နဲ႔ ေအေအတို႕ရဲ႕ တိုက္ပြဲေတြေၾကာင့္ ပလက္ဝၿမိဳ႕ေပၚ ကို
ေျပာင္းေ႐ႊ႕ေနထိုင္ရသူ ဦးေရ ၅၀၉၀ ဦး ရွိပါတယ္။

ဆမီးၿမိဳ႕ေပၚမွာေတာ့ လူဦးေရ ၂၉၆၁ ဦး ရွိပါတယ္။ အဲ့ဒီ ထဲက ဆမီးၿမိဳ႕ေပၚ က တိုက္ပြဲေရွာင္ေတြအတြက္ကေတာ့ မတူပီၿမိဳ႕ကေန ဆန္ သယ္ပို႔ ဖို႔ လြယ္ကူတာေၾကာင့္ ဆန္ျပတ္လပ္တဲ့ဒဏ္ကို ရင္ဆိုင္ရျခင္း မရွိပါဘူး။ ဒါေပမယ့္ ဆမီးၿမိဳ႕ကေန မိုင္ ၄၀ေလာက္ပဲ ေဝးတဲ့ ကားနဲ႔ ႏွစ္နာရီ အၾကာေလာက္ပဲ ေမာင္းရတဲ့ပလက္ဝၿမိဳ႕ေပၚကိုေတာ့ လုံၿခဳံေရး အေျခအေနေၾကာင့္ ဆန္ရိကၡာ ပို႔ဖို႔ခက္ခဲေနတာပါ။

ဒီလို ခက္ခဲတာေၾကာင့္ ပလက္ဝၿမိဳ႕ေပၚ က တိုက္ပြဲေရွာင္အပါအဝင္ ေဒသခံျပည္သူေတြနဲ႔ ပလက္ဝၿမိဳ႕ အနီးအနားမွာ ေနထိုင္ၾကတဲ့ေက်း႐ြာေတြက ျပည္သူေတြ ကေတာ့ ဆန္ရိကၡာျပတ္လပ္မႈ ေတြနဲ႔ရင္ဆိုင္ေနရတာပါ။

ပလက္ဝၿမိဳ႕နယ္တိုက္ပြဲေရွာင္ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီဒုတိယ ဥကၠ႒ ခ်င္းျပည္နယ္ စည္ပင္သာယာေရး လွ်ပ္စစ္ ႏွင့္ စက္မႈလက္မႈဝန္ႀကီးဌာန ဝန္ႀကီး ဦးစိုးထက္ ေျပာျပတာက
“ခု ဆမီးမွာ ဆန္အိတ္ငါးေထာင္ေက်ာ္ရွိတယ္။ အဲ့ဒီထဲကေန ဆန္အိတ္ သုံးေထာင္ေက်ာ္ေလာက္ ပို႔ဖို႔စီစဥ္ေနတယ္။ ေလာေလာဆယ္ ကား ကိစၥ စီစဥ္ေနလို႔ အဲ့တာနဲ႔
ၾကန႔္ၾကာေနလို႔။ လုံၿခဳံေရး အေပၚမွာ မူတည္ၿပီးပို႔ရတာျဖစ္ေတာ့ လုံၿခဳံေရး အစီအမံ ေသခ်ာယူၿပီးမွ ပို႔ရမွာ ျဖစ္တယ္။ အရပ္ကားေတြနဲ႔ ပို႔ဖို႔က်ေတာ့ အရပ္ ကားေတြလဲ မသြားရဲဘူး”လို႔ ေျပာပါတယ္။

ပလက္ဝၿမိဳ႕ေပၚ က ျပည္သူေတြ အတြက္ ဆိုၿပီး ဧၿပီလ ၁၉ ရက္ေန႔က တစ္ႀကိမ္
ဧၿပီလ ေနာက္ဆုံးပတ္က တစ္ႀကိမ္ ႏွင့္ ေမလ ၂ ရက္ေန႔ ကတစ္ႀကိမ္
စုစုေပါင္း ဆန္အိတ္ ေပါင္း သုံးေထာင့္ရွစ္ရာသုံးဆယ္အိတ္ ေပးပို႔ထားၿပီး
ျဖစ္ပါတယ္။ ဒါေပမယ့္ အဲ့ဒီဆန္ က ပလက္ဝၿမိဳ႕ေပၚက ျပည္သူေတြ အတြက္ေတာ့
ဆယ္ရက္စာေလာက္ပဲ စားေလာက္တယ္လို႔ ပလက္ဝၿမိဳ႕ေဒသခံ အရပ္ဖက္အဖြဲ႕အစည္းေတြထံကေန စုံစမ္း သိရပါတယ္။

#voiceofmyanmar  #VOM  #ပလက္ဝ
ဓါတ္ပံု Mai Wai

Related posts

Leave a Comment

VOM News

FREE
VIEW