ချင်းပြည်နယ်ရဲ့ ပထမဦးဆုံး (ဆူရ်ဘုန်)လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများပြီးစီး

ချင်းပြည်နယ်ရဲ့ ပထမဦးဆုံး (ဆူရ်ဘုန်)လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများပြီးစီး

ကလေး ဇွန် ၁-၂၀၂၀
ငြိမ်းသူမင်း(VOM)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ တည်ဆောက်နေတဲ့ (ဆူရ်ဘုန်)လေယာဉ်ကွင်း တည်ဆောက်မှုလုပ်ငန်းတွေ ပြီးစီးသွားပြီဖြစ်တယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။

ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၆၊ ဧပြီလထဲက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းဆောင်ရွက်ချိန်မှာ နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုငွေ ကျပ် ၂၅ ဘီလီယံ အသုံးပြုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေထဲက လေယာဉ်မျှော်စင်တည်ဆောက်ခြင်းလုပ်ငန်း ၊ လေယာဉ်အတက်အဆင်းပြေးလမ်း နဲ့ ခရီးသည်နားနေနိုင်မယ့် အဆောက်အဦးတွေကို တည်ဆောက်ပြီးစီးခဲ့တာပါ။

အဲ့ဒီလုပ်ငန်းထဲက မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း နည်းနည်းပါးပါးနဲ့ အခြားလုပ်ငန်း
အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။

ဝန်ကြီး ဦးရွှေထီးအိုး က “ဖွင့်ပွဲလုပ်ဖို့ကျတော့ COVID-19 ရောဂါကာလလည်း ဖြစ်နေတယ်။ လူကြီးတွေအချိန်ပေးနိုင်ဖို့ကလည်း ရှိနေတယ်။ ရာသီဥတုကလည်း ချင်းတောင်မှာတော့ ပြည်ပထက်တော့ မိုးများတယ်။ ဒါတွေအပေါ်မှာမူတည်ပြီးတော့ ဘယ်တော့ ဖွင့်ပွဲလုပ်မယ်ဆိုတာ လူကြီးတွေက ဆုံးဖြတ်မယ်။ စမ်းသပ်ဆင်းသက်မှုကိုတော့ ဇွန်လထဲမှာ လုပ်ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

ဖလမ်းလေယာဉ်ကွင်းဟာ ဖလမ်းမြို့ နဲ့ ဟားခါးမြို့အကြား ဖလမ်းမြို့ကနေ ၈ မိုင်ကျော်အကွာက ဆူရ်ဘုန်တောင်ကြောပေါ်မှာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၆၀၀၀ ကျော်မှာ ဖောက်လုပ်ထားတာဖြစ်ပါတယ်။

ဒီလေယာဉ်ကွင်းဟာ လေယာဉ်ပြေးလမ်း အလျား ပေ(၆)ထောင်၊ အနံ ပေ(၁)ရာ ရှိပြီး ခရီးသည် ၆၀ဦး တင်ဆောင်နိုင်တဲ့ ATR-72 လေယာဉ်တွေ ဆင်းသက်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ဆူရ်ဘုန်လေယာဉ်ကွင်းဟာ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့နဲ့ မိုင် ၃၀ ကျော်အကွာမှာရှိပြီး အသဲနှလုံးပုံ ‘ရိဒ်’ရေအိုင်နဲ့ မိုင် ၈၀ ကျော် ကနေဒီတောင်တန်းနဲ့ မိုင် ၅၀ ခန့်အကွာမှာ ရှိနေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ချင်းပြည်နယ် #ပထမဦးဆုံးလေယာဉ်ကွင်း

Zawgyi

ခ်င္းျပည္နယ္ရဲ႕ ပထမဦးဆုံး (ဆူရ္ဘုန္)ေလယာဥ္ကြင္း တည္ေဆာက္ေရးလုပ္ငန္းမ်ားၿပီးစီး

ကေလး ဇြန္ ၁-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္မွာ တည္ေဆာက္ေနတဲ့ (ဆူရ္ဘုန္)ေလယာဥ္ကြင္း တည္ေဆာက္မႈလုပ္ငန္းေတြ ၿပီးစီးသြားၿပီျဖစ္တယ္လို႔ ခ်င္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးေ႐ႊထီးအိုး က ေျပာပါတယ္။

ဆူရ္ဘုန္ေလယာဥ္ကြင္း တည္ေဆာက္ျခင္းလုပ္ငန္းကို ၂၀၁၆၊ ဧၿပီလထဲက စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး ဒီလုပ္ငန္းေဆာင္႐ြက္ခ်ိန္မွာ ႏိုင္ငံေတာ္အစိုးရရဲ႕ခြင့္ျပဳေငြ က်ပ္ ၂၅ ဘီလီယံ အသုံးျပဳတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

ဒီလုပ္ငန္းေတြထဲက ေလယာဥ္ေမွ်ာ္စင္တည္ေဆာက္ျခင္းလုပ္ငန္း ၊ ေလယာဥ္အတက္အဆင္းေျပးလမ္း နဲ႔ ခရီးသည္နားေနႏိုင္မယ့္ အေဆာက္အဦးေတြကို တည္ေဆာက္ၿပီးစီးခဲ့တာပါ။

အဲ့ဒီလုပ္ငန္းထဲက ေျမထိန္းနံရံတည္ေဆာက္ျခင္းလုပ္ငန္း နည္းနည္းပါးပါးနဲ႔ အျခားလုပ္ငန္း
အနည္းငယ္သာ က်န္ရွိေတာ့တာျဖစ္တယ္လို႔ ဝန္ႀကီးကေျပာပါတယ္။

ဝန္ႀကီး ဦးေ႐ႊထီးအိုး က “ဖြင့္ပြဲလုပ္ဖို႔က်ေတာ့ COVID-19 ေရာဂါကာလလည္း ျဖစ္ေနတယ္။ လူႀကီးေတြအခ်ိန္ေပးႏိုင္ဖို႔ကလည္း ရွိေနတယ္။ ရာသီဥတုကလည္း ခ်င္းေတာင္မွာေတာ့ ျပည္ပထက္ေတာ့ မိုးမ်ားတယ္။ ဒါေတြအေပၚမွာမူတည္ၿပီးေတာ့ ဘယ္ေတာ့ ဖြင့္ပြဲလုပ္မယ္ဆိုတာ လူႀကီးေတြက ဆုံးျဖတ္မယ္။ စမ္းသပ္ဆင္းသက္မႈကိုေတာ့ ဇြန္လထဲမွာ လုပ္ဖို႔ ရွိပါတယ္” လို႔ ေျပာပါတယ္။

ဖလမ္းေလယာဥ္ကြင္းဟာ ဖလမ္းၿမိဳ႕ နဲ႔ ဟားခါးၿမိဳ႕အၾကား ဖလမ္းၿမိဳ႕ကေန ၈ မိုင္ေက်ာ္အကြာက ဆူရ္ဘုန္ေတာင္ေၾကာေပၚမွာ ပင္လယ္ေရမ်က္ႏွာျပင္ အျမင့္ေပ ၆၀၀၀ ေက်ာ္မွာ ေဖာက္လုပ္ထားတာျဖစ္ပါတယ္။

ဒီေလယာဥ္ကြင္းဟာ ေလယာဥ္ေျပးလမ္း အလ်ား ေပ(၆)ေထာင္၊ အနံ ေပ(၁)ရာ ရွိၿပီး ခရီးသည္ ၆၀ဦး တင္ေဆာင္ႏိုင္တဲ့ ATR-72 ေလယာဥ္ေတြ ဆင္းသက္ေျပးဆြဲသြားမွာ ျဖစ္ပါတယ္။

ဆူရ္ဘုန္ေလယာဥ္ကြင္းဟာ ခ်င္းျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕နဲ႔ မိုင္ ၃၀ ေက်ာ္အကြာမွာရွိၿပီး အသဲႏွလုံးပုံ ‘ရိဒ္’ေရအိုင္နဲ႔ မိုင္ ၈၀ ေက်ာ္ ကေနဒီေတာင္တန္းနဲ႔ မိုင္ ၅၀ ခန႔္အကြာမွာ ရွိေနတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ခ်င္းျပည္နယ္ #ပထမဦးဆံုးေလယာဥ္ကြင္း

Related posts

Leave a Comment

VOM News

FREE
VIEW