NLDပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လထဲမှာ အပြီးရွေးချယ်ပေးဖို့ မှာကြားထား

NLDပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လထဲမှာ အပြီးရွေးချယ်ပေးဖို့ မှာကြားထား

နေပြည်တော်၊ ဇွန် ၁-၂၀၂၀
စွမ်းရဲထွဋ် (VOM)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လထဲမှာ အပြီး ရွေးချယ်ပေးဖို့ မှာကြားထားတယ်လို့ NLDပါတီရဲ့ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က မေလ ၃၁ ရက်နေ့မှာ ပြောပါတယ်။

နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ မနေ့မေလ(၃၁)ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးအပြီး Video Conference စနစ်နဲ့ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီအစည်းအဝေးကနေပြီး ဇွန်လ ၂ ရက်နေ့ စာထွက်မယ်။ မြို့မိ၊မြို့ဖရွေးပေးဖို့။ ဇွန်လ ၄ ရက်နေ့မှာ တော့ ကိုယ်စားလှယ်လောင်းရွေးချယ်ပေးဖို့။ အဲ့ဒီတော့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်က ရွေးတာတွေကိုစီစစ်ပြီး ဗဟိုကိုပို့ပေးဖို့။ ဇွန်လအပြီး ကိုယ်စားလှယ်လောင်းရွေးပေးဖို့ဆိုပြီးတော့ လောလောဆယ်ပြောထားတယ်”လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဘယ်နေ့မှာလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကော်မ ရှင်ရုံးရဲ့ တိကျတဲ့ပြောဆိုချက်မရှိသေးပေမယ့် ကျင်းပဖြစ်မယ်ဆိုတာကတော့ သေချာတယ်လို့ သိရပါတယ်။

ဒါကြောင့် ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို ကိုယ်စားလှယ်တွေရွေးဖို့ အချိန်ကျလာပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအခြေအနေအပေါ်မူတည်ပြီး ကိုယ်စားလှယ်လောင်းရွေးဖို့ အဆင်သင့်ပြင်ထားဖို့နဲ့ ကိုယ်စားလှယ်လောင်းရွေးဖို့အတွက် ပထမဆုံး မြို့မိ၊ မြို့ဖ ၅ ဦးကို အရင်ဆုံး ရွေးရမယ်လို့လည်း မှာကြားထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ရှင်းပြပါတယ်။

“ကိုယ်စားလှယ်လောင်းရွေးမှာကို မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က ရွေးပါလိမ့်မယ်။ မြို့နယ်အလုပ် အမှုဆောင်အဖွဲ့ ဒါမှမဟုတ်ရင် စည်းရုံးရေးအဖွဲ့က ရွေးပါလိမ့်မယ်။ ဒါပေမယ့် သူတို့ချည်း ရွေးလို့မရဘူး။ ပထမဆုံး မြို့မိ၊ မြို့ဖ ၅ ဦး ရွေးပေးပါ။ ဒါကလည်း NLD ပါတီကပဲ ရွေးရမှာ။ အခြားသူက ရွေးလို့မရဘူး။ မြို့မိ၊ မြို့ဖ ၅ ဦးနဲ့၊ မြို့နယ် EC အဖွဲ့ (သို့) မြို့နယ်စည်းရုံးရေးအဖွဲ့နဲ့ ရွေးပြီးတော့ ကိုယ်စားလှယ် လောင်းကို ဦးစားပေး ၁၊ ဦးစားပေး ၂ ရွေးပြီးပို့ပေးပါဆိုပြီး သတ်မှတ်ပေးလိုက်တယ်။ နောက်တစ်ခုက ရွေး ကောက်ပွဲအတွက် အဆင့်သင့်ပြင်ထားဖို့ကို ပြောချင်တာပါ”လို့ ဒေါက်တာဇော်မြင့်မောင်က ရှင်းလင်းခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလမှာကျင်းပဖို့ ရည်မှန်းထား တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မကြာသေးခင်က ပြောကြားထားခဲ့ဖူးပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။

အခု ၂၀၂၀ပြည့်နှစ်မှာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၃ဝ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင် ၁၆၈ ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားလှယ် ၆၆၀ ဦး စုစုပေါင်း ၁၁၀၀ ကျော် လိုအပ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

NLDပါတီ ဒုတိယဥကၠဌ ေဒါက္တာေဇာ္ျမင့္ေမာင္က ၿမိဳ႕နယ္အဆင့္ ကုိယ္စားလွယ္ေလာင္းေတြကုိ ဇြန္လထဲမွာ အၿပီးေရြးခ်ယ္ေပးဖုိ႔ မွာၾကားထား

ေနျပည္ေတာ္၊ ဇြန္ ၁-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီရဲ့ ၿမိဳ႕နယ္အဆင့္ ကုိယ္စားလွယ္ေလာင္းေတြကုိ ဇြန္လထဲမွာ အၿပီး ေရြးခ်ယ္ေပးဖုိ႔ မွာၾကားထားတယ္လုိ႔ NLDပါတီရဲ့ဒုတိယဥကၠဌ ေဒါက္တာေဇာ္ျမင့္ေမာင္က ေမလ ၃၁ ရက္ေန႔မွာ ေျပာပါတယ္။

ေနျပည္ေတာ္စည္ပင္ဧည့္ရိပ္သာမွာ မေန႔ေမလ(၃၁)ရက္ေန႔ကျပဳလုပ္တဲ့ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႔အစည္းအေဝးအၿပီး Video Conference စနစ္နဲ႔ သတင္းမီဒီယာေတြကုိ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီအစည္းအေဝးကေနၿပီး ဇြန္လ ၂ ရက္ေန႔ စာထြက္မယ္။ ၿမိဳ႕မိ၊ၿမိဳ႕ဖေ႐ြးေပးဖို႔။ ဇြန္လ ၄ ရက္ေန႔မွာ ေတာ့ ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္ေပးဖို႔။ အဲ့ဒီေတာ့ တိုင္းနဲ႔ျပည္နယ္ေတြက ၿမိဳ႕နယ္က ေ႐ြးတာေတြကိုစီစစ္ၿပီး ဗဟိုကိုပို႔ေပးဖို႔။ ဇြန္လအၿပီး ကိုယ္စားလွယ္ေလာင္းေ႐ြးေပးဖို႔ဆိုၿပီးေတာ့ ေလာေလာဆယ္ေျပာထားတယ္”လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

၂၀၂၀ျပည့္ႏွစ္ ပါတီစံုအေထြေထြေရြးေကာက္ပြဲကုိ ဘယ္ေန႔မွာလုပ္မယ္ဆိုတဲ့ ေရြးေကာက္ပြဲေကာ္မ ရွင္ရံုးရဲ႕ တိက်တဲ့ေျပာဆုိခ်က္မရွိေသးေပမယ့္ က်င္းပျဖစ္မယ္ဆိုတာကေတာ့ ေသခ်ာတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ပါတီရဲ႕ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႔ကုိ ကုိယ္စားလွယ္ေတြေရြးဖို႔ အခ်ိန္က်လာၿပီျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲအေျခအေနအေပၚမူတည္ၿပီး ကုိယ္စားလွယ္ေလာင္းေရြးဖုိ႔ အဆင္သင့္ျပင္ထားဖုိ႔နဲ႔ ကိုယ္စားလွယ္ေလာင္းေ႐ြးဖို႔အတြက္ ပထမဆံုး ၿမိဳ႕မိ၊ ၿမိဳ႕ဖ ၅ ဦးကုိ အရင္ဆံုး ေ႐ြးရမယ္လို႔လည္း မွာၾကားထားတယ္လုိ႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ရွင္းျပပါတယ္။

“ကိုယ္စားလွယ္ေလာင္းေ႐ြးမွာကို ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕က ေ႐ြးပါလိမ့္မယ္။ ၿမိဳ႕နယ္အလုပ္ အမႈေဆာင္အဖြဲ႕ ဒါမွမဟုတ္ရင္ စည္း႐ုံးေရးအဖြဲ႕က ေ႐ြးပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ခ်ည္း ေ႐ြးလို႔မရဘူး။ ပထမဆုံး ၿမိဳ႕မိ၊ ၿမိဳ႕ဖ ၅ ဦး ေ႐ြးေပးပါ။ ဒါကလည္း NLD ပါတီကပဲ ေ႐ြးရမွာ။ အျခားသူက ေ႐ြးလို႔မရဘူး။ ၿမိဳ႕မိ၊ ၿမိဳ႕ဖ ၅ ဦးနဲ႔၊ ၿမိဳ႕နယ္ EC အဖြဲ႕ (သို႔) ၿမိဳ႕နယ္စည္း႐ုံးေရးအဖြဲ႕နဲ႔ ေ႐ြးၿပီးေတာ့ ကိုယ္စားလွယ္ ေလာင္းကို ဦးစားေပး ၁၊ ဦးစားေပး ၂ ေ႐ြးၿပီးပို႔ေပးပါဆိုၿပီး သတ္မွတ္ေပးလိုက္တယ္။ ေနာက္တစ္ခုက ေ႐ြး ေကာက္ပြဲအတြက္ အဆင့္သင့္ျပင္ထားဖို႔ကို ေျပာခ်င္တာပါ”လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ရွင္းလင္းခဲ့ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ပါတီစံုအေထြေထြေ႐ြးေကာက္ပြဲကို လာမယ့္ႏိုဝင္ဘာလမွာက်င္းပဖို႔ ရည္မွန္းထား တယ္လုိ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က မၾကာေသးခင္က ေျပာၾကားထားခဲ့ဖူးပါတယ္။

အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီ(NLD)ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္၊ ေ႐ြးေကာက္ပြဲမွာ တစ္နုိင္ငံလံုးအတုိင္းအတာနဲ႔ ၈၀ ရာခိုင္ႏႈန္းေက်ာ္ အႏိုင္ရရွိခဲ့ၿပီး အစိုးရဖြဲ႕ႏိုင္ခဲ့ပါတယ္။

အခု ၂၀၂၀ျပည့္ႏွစ္မွာလည္း တႏိုင္ငံလုံးအတုိင္းအတာနဲ႔ ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္တဲ့အတြက္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃၃ဝ ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္ ၁၆၈ ဦးနဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ကိုယ္စားလွယ္ ၆၆၀ ဦး စုစုေပါင္း ၁၁၀၀ ေက်ာ္ လိုအပ္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW