စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဖိနှိပ်မှုရှိနေတယ်လို့ဆိုကာ သမဂ္ဂအဖွဲ့ဝင်တွေက ရှင်းလင်းမှုပြုလုပ်

စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဖိနှိပ်မှုရှိနေတယ်လို့ဆိုကာ သမဂ္ဂအဖွဲ့ဝင်တွေက
ရှင်းလင်းမှုပြုလုပ်

မန္တလေး၊ ဇွန် ၂-၂၀၂၀
ဟိန်းကို(VOM)

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းက စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ကျောင်းသားတွေကို ဖိနှိပ်မှုတွေရှိတယ်လို့ဆိုကာ ဒီကနေ့မနက်ပိုင်းက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကနေ ရှင်းလင်းမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ဆရာ၊ဆရာမတွေဟာ ကျောင်းသားတွေ အသုံးပြုရမယ့် ကျောင်းပိုင်ပစ္စည်းများကို အသုံးပြုခိုင်းခြင်းမရှိဘဲ ကျောင်းသား၊ကျောင်းသူတွေကို ပေါက်ပြားဖြင့်မြေလှန်ခြင်းများ မကြာခဏပြုလုပ်ခိုင်းတာနဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့
အခက်အခဲတင်ပြတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို တစ်ဖက်သက်အပြစ်ရှာ အရေးယူမှုများရှိနေတယ်လို့ စိုက်ပျိုးရေးသိပ္ပံကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။

“ကျောင်းက ဘဏ္ဏာရေးအရှုပ်အရှင်း‌တွေဆို ရှင်းတမ်းမရှိဘူး ဒါမဖြစ်သင့်ဘူး ၊ ကျနော်တို့ကျောင်းအတွက်အများကြီးနစ်နာတယ်။ ကျောင်းနှစ်စမှာ အားကစားကြေး(၃၀၀၀)ကောက်တယ်၊ ကျောင်းသား ၆၀၀နီးပါး ပေးရတယ်၊ အဲ့ဒီလိုပေးထားတာကို ကျောင်းအားကစားပွဲကျင်းပရင် အားကစားပစ္စည်းစုံလင်အောင် ထောက်ပံ့မှုမရှိဘူး၊ ကျောင်းရဲ့ အားကစားအသုံးစရိတ်ကိုလည်း ရှင်းလင်းထုတ်ပြောတာမရှိဘူး”လို့ စိုက်ပျိုးရေးသိပ္ပံကျောင်းသားများသမဂ္ဂဥက္ကဌ ကိုထက်ဝေဟင်ကပြောပါတယ်။

ဒါ့အပြင် ကျောင်းဝတ်စုံအတွက် ပုဆိုး၊ ထမိန်ကြေးဟုဆိုကာ ငွေကျပ်(၁၃၀၀)ကောက်ခံကာ ကျောင်းဖွင့်အပြီး ၃လအကြာမှ ကျောင်းဝတ်စုံရတဲ့အပြင် ဝတ်စုံရဲ့ အရည်အသွေးကောင်းမွန်ခြင်းမရှိဘဲ အဆင်မပြေမှုတွေဖြစ်ခဲ့ရတယ်လို့ ရှင်းလင်းပွဲပြုလုပ်တဲ့ သမဂ္ဂအဖွဲ့ဝင်တွေကပြောပါတယ်။

အဲ့ဒီလိုဖိနှိပ်ခံနေရတဲ့ကိစ္စတွေကို နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနကိုပါ တိုင်စာပို့ထားတယ်လို့ ကိုထက်ဝေဟင်ကပြောပြပါတယ်။

#voiceofmyanmar #VOM #မန္တလေး #စိုက်ပျိုးရေးသိပ္ပံကျောင်းသားသမဂ္ဂ

Zawgyi

စိုက္ပ်ိဳးေရးသိပၸံေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕က ဖိႏွိပ္မႈရွိေနတယ္လို႔ဆိုကာ သမဂၢအဖြဲ႕၀င္ေတြက
ရွင္းလင္းမႈျပဳလုပ္

မႏၲေလး၊ ဇြန္ ၂-၂၀၂၀
ဟိန္းကို(VOM)

မႏၲေလးၿမိဳ႕၊ ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းက စိုက္ပ်ိဳးေရးသိပၸံေက်ာင္းရွိ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕၀င္ေတြဟာ ေက်ာင္းသားေတြကို ဖိႏွိပ္မႈေတြရွိတယ္လို႔ဆိုကာ ဒီကေန႔မနက္ပိုင္းက ေက်ာင္းသားသမဂၢအဖြဲ႕၀င္ေတြကေန ရွင္းလင္းမႈတစ္ရပ္ ျပဳလုပ္ခဲ့ပါတယ္။

ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕၀င္ေတြျဖစ္တဲ့ ဆရာ၊ဆရာမေတြဟာ ေက်ာင္းသားေတြ အသုံးျပဳရမယ့္ ေက်ာင္းပိုင္ပစၥည္းမ်ားကို အသုံးျပဳခိုင္းျခင္းမရွိဘဲ ေက်ာင္းသား၊ေက်ာင္းသူေတြကို ေပါက္ျပားျဖင့္ေျမလွန္ျခင္းမ်ား မၾကာခဏျပဳလုပ္ခိုင္းတာနဲ႔ ေက်ာင္းသား၊ေက်ာင္းသူေတြရဲ႕
အခက္အခဲတင္ျပတဲ့ သမဂၢအဖြဲ႕၀င္ေတြကို တစ္ဖက္သက္အျပစ္ရွာ အေရးယူမႈမ်ားရွိေနတယ္လို႔ စိုက္ပ်ိဳးေရးသိပၸံေက်ာင္းသားမ်ားသမဂၢအဖြဲ႕၀င္ေတြက ေျပာပါတယ္။

“ေက်ာင္းက ဘဏၰာေရးအရႈပ္အရွင္း‌ေတြဆို ရွင္းတမ္းမရွိဘူး ဒါမျဖစ္သင့္ဘူး ၊ က်ေနာ္တို႔ေက်ာင္းအတြက္အမ်ားႀကီးနစ္နာတယ္။ ေက်ာင္းႏွစ္စမွာ အားကစားေၾကး(၃၀၀၀)ေကာက္တယ္၊ ေက်ာင္းသား ၆၀၀နီးပါး ေပးရတယ္၊ အဲ့ဒီလိုေပးထားတာကို ေက်ာင္းအားကစားပြဲက်င္းပရင္ အားကစားပစၥည္းစုံလင္ေအာင္ ေထာက္ပံ့မႈမရွိဘူး၊ ေက်ာင္းရဲ႕ အားကစားအသုံးစရိတ္ကိုလည္း ရွင္းလင္းထုတ္ေျပာတာမရွိဘူး”လို႔ စိုက္ပ်ိဳးေရးသိပၸံေက်ာင္းသားမ်ားသမဂၢဥကၠဌ ကိုထက္ေဝဟင္ကေျပာပါတယ္။

ဒါ့အျပင္ ေက်ာင္း၀တ္စုံအတြက္ ပုဆိုး၊ ထမိန္ေၾကးဟုဆိုကာ ေငြက်ပ္(၁၃၀၀)ေကာက္ခံကာ ေက်ာင္းဖြင့္အၿပီး ၃လအၾကာမွ ေက်ာင္း၀တ္စုံရတဲ့အျပင္ ၀တ္စုံရဲ႕ အရည္အေသြးေကာင္းမြန္ျခင္းမရွိဘဲ အဆင္မေျပမႈေတြျဖစ္ခဲ့ရတယ္လို႔ ရွင္းလင္းပြဲျပဳလုပ္တဲ့ သမဂၢအဖြဲ႕၀င္ေတြကေျပာပါတယ္။

အဲ့ဒီလိုဖိႏွိပ္ခံေနရတဲ့ကိစၥေတြကို ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးနဲ႔ စိုက္ပ်ိဳးေရး၀န္ႀကီးဌာနကိုပါ တိုင္စာပို႔ထားတယ္လို႔ ကိုထက္ေဝဟင္ကေျပာျပပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #စိုက္ပ်ိဳးေရးသိပၸံေက်ာင္းသားသမဂၢ

Related posts

Leave a Comment

VOM News

FREE
VIEW