အလုပ်သမားပေါင်း တစ်သောင်းကျော်ကို ကျပ်ဘီလီယံ သန်း ၁၀၀၀ ကျော် EU မြန်ကူအဖွဲ့က ထောက်ပံ့ထား

အလုပ်သမားပေါင်း တစ်သောင်းကျော်ကို ကျပ်ဘီလီယံ သန်း ၁၀၀၀ ကျော် EU မြန်ကူအဖွဲ့က ထောက်ပံ့ထား

ရန်ကုန် ၊ ဇွန် ၂-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတစ်သောင်းကျော်ကို EU-ဥရောပသမဂ္ဂအရေးပေါ်ရန်ပုံငွေထောက်ပံ့ရေးအဖွဲ့၊မြန်ကူ(Myan Ku)က ကျပ်ဘီလီယံ သန်း ၁၀၀၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလှူဒါန်းမှုပြုလုပ်တဲ့အထဲမှာ အထည်ချုပ်စက်ရုံတွေက အမျိုးသမီးစက်ရုံအလုပ်သမား ၁၁၀၀၀ ကျော်ပါဝင်ခဲ့ပြီး ထောက်ပံ့မှုကို မေလပထမအပတ်ကစတင်ခဲ့ကာ ယခုပေးအပ်ပြီးတဲ့စာရင်းဟာဆိုရင် ဇွန်လ ၁ ရက်နေ့အထိ စာရင်းဖြစ်တယ်လို့ သိရပါတယ်။

“အလုပ်ပြုတ်သွားတဲ့ အထည်ချုပ်အလုပ်သမားတွေကို ထောက်ပံ့မှုပေးတာဖြစ်ပါတယ်။ EUကနေ အလုပ်သမားတွေဆီ တိုက်ရိုက် wave money ကနေ လွှဲပေးတာပါ။ တကယ်အလုပ်ပြုတ်သူ လူမှုဖူလုံရေးစသဖြင့် လိုအပ်တဲ့အချက်အလက်တွေ ဖြည့်ရတယ်။”လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်ကပြောပါတယ်။

ရန်ကုန်တိုင်းက စက်ရုံအလုပ်သမားတွေအပြင် ပုသိမ်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်း၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ မြန်မာနိုင်ငံဒေသအသီးသီးက ကိုဗစ်-၁၉ကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့တဲ့ အထည်ချုပ်အလုပ်သမားတွေကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

“အခုလို အကြပ်အတည်းကာလမှာ ဝင်ငွေရနိုင်မယ့် အခြားအခြေအနေတွေမရှိချိန် မြန်ကူ ထောက်ပံ့မှုက ကျွန်မမိသားစုအတွက် အခြေခံလိုအပ်ချက်တွေ ကာမိအောင်တော့ ကူညီပေးပါတယ်။ အထူးသဖြင့် အစားအသောက်ဝယ်ယူနိုင်အောင်ပေါ့”လို့ ထောက်ပံ့ငွေရရှိခဲ့တဲ့ မမိုးသန္တာဝင်း က ပြောပါတယ်။
အဲ့ဒီအစီအစဉ်ဟာ အလုပ်အကိုင်ဆုံးရှုံးခဲ့ရတဲ့ မြန်မာနိုင်ငံတဝှမ်းက အမျိုးသမီး အထည်ချုပ်လုပ်သားတွေကို အဓိကထား ကူညီဆောင်ရွက်နေတာဖြစ်ပြီး အလုပ်သမားပေါင်း ၉၀၀၀၀ လောက်ကို ထောက်ပံ့မှုတွေပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

“အလုပ်သမားတစ်ယောက်ကို အများဆုံးက ၁၂၅၀၀၀ အထိပေးတာဖြစ်ပြီး ဇူလိုင်အထိကို အနည်းဆုံး အလုပ်သမား ၃၀၀၀၀ ကျော်လောက်အထိ ပေးသွားဖို့ရှိတယ်”လို့ Eu မြန်ကူရဲ့ ပရောဂျက်မန်နေဂျာ မစုမွန်သဲကကပြောပါတယ်

မြန်ကူ ရဲ့ စတင်လုပ်ဆောင်မှုတွေကို အီးယူရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု NEXUS Response Myanmar ရဲ့ ငွေကြေးထောက်ပံ့မှုအား UNOPS မှ စီမံခန့်ခွဲပြီး Sequa ရဲ့ SMART အထည်အလိပ် နှင့် အထည်ချုပ်စီမံကိန်းအဖွဲ့ဝန်ထမ်းတွေက လုပ်ဆောင်နေတာဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကာလ ရန်ကုန်တိုင်းမှာ ဇန်နဝါရီလကနေ မေလ တတိယပတ်အထိကို လုပ်သားလျှော့ချခြင်း၊ ပိတ်သိမ်းခြင်း ၊ယာယီရပ်နားခြင်းရှိခဲ့တဲ့ စက်ရုံ အလုပ်ရုံပေါင်း ၁၃၁ ရုံ အထိရှိပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အလုပ်သမားပေါင်း ၆၀၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းမှာတော့ စက်ရုံ၊အလုပ်ရုံပေါင်း(၆၆၃၂)ရုံရှိပြီး အလုပ်သမား (၆သိန်း)ကျော် ရှိနေပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အလုပ္သမားေပါင္း တစ္ေသာင္းေက်ာ္ကို က်ပ္ဘီလီယံ သန္း ၁၀၀၀ ေက်ာ္ EU ျမန္ကူအဖြဲ႕က ေထာက္ပံ့ထား

ရန္ကုန္ ၊ ဇြန္ ၂-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္ကာလမွာ အလုပ္လက္မဲ့ျဖစ္ေနတဲ့ အလုပ္သမားတစ္ေသာင္းေက်ာ္ကို EU-ဥေရာပသမဂၢအေရးေပၚရန္ပံုေငြေထာက္ပံ့ေရးအဖြဲ႔၊ျမန္ကူ(Myan Ku)က က်ပ္ဘီလီယံ သန္း ၁၀၀၀ ေက်ာ္ ေထာက္ပ့့ံေပးခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီလွဴဒါန္းမႈျပဳလုပ္တဲ့အထဲမွာ အထည္ခ်ဳပ္စက္႐ုံေတြက အမ်ိဳးသမီးစက္႐ုံအလုပ္သမား ၁၁၀၀၀ ေက်ာ္ပါဝင္ခဲ့ၿပီး ေထာက္ပံ့မႈကို ေမလပထမအပတ္ကစတင္ခဲ့ကာ ယခုေပးအပ္ၿပီးတဲ့စာရင္းဟာဆိုရင္ ဇြန္လ ၁ ရက္ေန႔အထိ စာရင္းျဖစ္တယ္လို႔ သိရပါတယ္။

“အလုပ္ျပဳတ္သြားတဲ့ အထည္ခ်ဳပ္အလုပ္သမားေတြကို ေထာက္ပ့ံမႈေပးတာျဖစ္ပါတယ္။ EUကေန အလုပ္သမားေတြဆီ တိုက္႐ိုက္ wave money ကေန လႊဲေပးတာပါ။ တကယ္အလုပ္ျပဳတ္သူ လူမႈဖူလုံေရးစသျဖင့္ လိုအပ္တဲ့အခ်က္အလက္ေတြ ျဖည့္ရတယ္။”လို႔ ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ရဲ႕ အေထြေထြအတြင္းေရးမႉး ဦးသက္ႏွင္းေအာင္ကေျပာပါတယ္။

ရန္ကုန္တိုင္းက စက္ရုံအလုပ္သမားေတြအျပင္ ပုသိမ္၊ မႏၲေလး၊ ပဲခူး၊ မေကြးတိုင္း၊ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ နဲ႔ ျမန္မာနိုင္ငံေဒသအသီးသီးက ကိုဗစ္-၁၉ေၾကာင့္ အလုပ္လက္မဲ့ ျဖစ္ခဲ့တဲ့ အထည္ခ်ဳပ္အလုပ္သမားေတြကို ေထာက္ပံ့ေပးခဲ့တာျဖစ္ပါတယ္။

“အခုလို အၾကပ္အတည္းကာလမွာ ဝင္ေငြရနိုင္မယ့္ အျခားအေျခအေနေတြမရွိခ်ိန္ ျမန္ကူ ေထာက္ပံ့မႈက ကြၽန္မမိသားစုအတြက္ အေျခခံလိုအပ္ခ်က္ေတြ ကာမိေအာင္ေတာ့ ကူညီေပးပါတယ္။ အထူးသျဖင့္ အစားအေသာက္ဝယ္ယူနိုင္ေအာင္ေပါ့”လို႔ ေထာက္ပံ့ေငြရရွိခဲ့တဲ့ မမိုးသႏၲာဝင္း က ေျပာပါတယ္။
အဲ့ဒီအစီအစဥ္ဟာ အလုပ္အကိုင္ဆုံးရႈံးခဲ့ရတဲ့ ျမန္မာနိုင္ငံတဝွမ္းက အမ်ိဳးသမီး အထည္ခ်ဳပ္လုပ္သားေတြကို အဓိကထား ကူညီေဆာင္ရြက္ေနတာျဖစ္ၿပီး အလုပ္သမားေပါင္း ၉၀၀၀၀ ေလာက္ကို ေထာက္ပ့ံမႈေတြေပးသြားဖို႔႐ွိတယ္လို႔ သိရပါတယ္။

“အလုပ္သမားတစ္ေယာက္ကို အမ်ားဆုံးက ၁၂၅၀၀၀ အထိေပးတာျဖစ္ၿပီး ဇူလိုင္အထိကို အနည္းဆုံး အလုပ္သမား ၃၀၀၀၀ ေက်ာ္ေလာက္အထိ ေပးသြားဖို႔႐ွိတယ္”လို႔ Eu ျမန္ကူရဲ႕ ပေရာဂ်က္မန္ေနဂ်ာ မစုမြန္သဲကကေျပာပါတယ္

ျမန္ကူ ရဲ႕ စတင္လုပ္ေဆာင္မႈေတြကို အီးယူရဲ႕ လူသားခ်င္းစာနာမႈဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈ NEXUS Response Myanmar ရဲ႕ ေငြေၾကးေထာက္ပံ့မႈအား UNOPS မွ စီမံခန႔္ခြဲၿပီး Sequa ရဲ႕ SMART အထည္အလိပ္ ႏွင့္ အထည္ခ်ဳပ္စီမံကိန္းအဖြဲ႕ဝန္ထမ္းေတြက လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ကိုဗစ္ ၁၉ ကာလ ရန္ကုန္တိုင္းမွာ ဇန္နဝါရီလကေန ေမလ တတိယပတ္အထိကို လုပ္သားေလွ်ာ့ခ်ျခင္း၊ ပိတ္သိမ္းျခင္း ၊ယာယီရပ္နားျခင္း႐ွိခဲ့တဲ့ စက္႐ုံ အလုပ္႐ုံေပါင္း ၁၃၁ ႐ုံ အထိ႐ွိပါတယ္။ ေနာက္ဆက္တြဲဆိုးက်ိဳးအျဖစ္ အလုပ္သမားေပါင္း ၆၀၀၀၀ ေက်ာ္ အလုပ္လက္မဲ့ျဖစ္ခဲ့ပါတယ္။

ရန္ကုန္တိုင္းမွာေတာ့ စက္႐ုံ၊အလုပ္႐ုံေပါင္း(၆၆၃၂)႐ုံ႐ွိၿပီး အလုပ္သမား (၆သိန္း)ေက်ာ္ ႐ွိေနပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW