အိန္ဒိယနိုင်ငံမှာ မြန်မာကျောင်းသား ၁၇၀ ကျော် ပိတ်မိနေ

အိန္ဒိယနိုင်ငံမှာ မြန်မာကျောင်းသား ၁၇၀ ကျော် ပိတ်မိနေ

ကလေး၊ ဇွန် ၂-၂၀၂၀
ငြိမ်းသူမင်း(VOM)

ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံမှာ ကျမ်းစာကျောင်း သွားတက်နေတဲ့ ကျောင်းသားကျောင်းသူ ဦးရေ ၁၇၀ ကျော်ဟာ မြန်မာနိုင်ငံကို ပြန်လာလို့မရဘဲ အိန္ဒိယမှာ ပိတ်မိနေတယ်လို့ ရိခေါ်ဒါရ်မြို့အခြေစိုက် ဟွာလ်ငိုဒေသဖွံဖြိုးရေးအဖွဲ့ဒါရိုက်တာ ဒေါ်နူနီး က ပြောပါတယ်။

ဒေါ်နူနီးရဲ့ ပြောပြချက်အရ အဲ့ဒီကျောင်းသားတွေဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကယ်ရာလာ ၊ မဒရပ်နဲ့ချနိုင်း စတဲ့မြို့နယ်တွေက ကျမ်းစာကျောင်းတွေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေဖြစ်ပါတယ်။

သူတို့ဟာ နွေရာသီကျောင်းပိတ်ချိန်ကာလ မြန်မာနိုင်ငံကိုပြန်မလာဘဲ နောက်နှစ် ကျောင်းဆက်တက်နိုင်ဖို့ အိန္ဒိယနိုင်ငံမှာ ရရာအလုပ်လုပ် နေကြတာဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် အိန္ဒိယနိုင်ငံအတွင်း လော့ဒေါင်း သတ်မှတ်ခဲ့တာကြောင့် သူတို့အလုပ်လုပ်နေတဲ့ အလုပ်တွေပိတ်ပြီး အလုပ်ပိတ်တဲ့ ရက်ရှည်လာတာနဲ့အမျှ စားဖို့ခက်ခဲတဲ့အပြင် အိမ်ရှင်တွေကလည်း ငွေမပေးနိုင်လို့ နှင်ထုတ်တဲ့အဖြစ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကို ပြန်လာချင်ပေမယ့် နယ်စပ်ဖြစ်တဲ့ ရိခေါ်ဒါရ်-ဇိုခွါထာရ်ကို ပြန်လာဖို့ကျတော့ လမ်းမှာရှိတဲ့ ပြည်နယ်အဆင့်ဆင့်မှာ လော့ဒေါင်းချထားတာကြောင့် အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

ဒေါ်နူနီး ပြောပြတာကတော့ “မြန်မာသံရုံးမှာ သွားတင်ဖို့ကျပြန်တော့လည်း ကိုယ်က ဘာအထောက်အထားမှ မပါဘူး။ သူတို့နေတဲ့နေရာနဲ့ သံရုံးရှိတဲ့နေရာကလည်း ၃ရက်၃ည ဆက်တိုက် ရထားစီးရမယ်။ ပြီးတော့လည်း ချင်းတိုင်းရင်းသားတွေဆိုတော့ မြန်မာစကားလည်း လည်လည်ဝယ်ဝယ်နည်းတယ်။ အဲ့တော့ ပိတ်မိနေတာပေါ့။ ဒါနဲ့ နယ်စပ်ကနေ ပြန်လာနိုင်ဖို့ မီဇိုရမ်အစိုးရကို ဒီဖက်က ဆက်သွယ်လိုက်တဲ့အခါကျတော့ မီဇိုရမ်အစိုးရက ဘာပြောလဲဆိုတော့ ချင်းအစိုးရအဖွဲ့က မီဇိုရမ်အစိုးရကို ကျွန်တော်တို့ ကျောင်းသားဦးရေ ဘယ်လောက်၊ဘယ်လောက် က ပြန်လာဖို့ရှိနေတယ်။ အဲ့ဒါ မီဇိုရမ်ကို ဖြတ်သန်းသွားလာခွင့်ပေးဖို့ရယ်၊ လမ်းမှာ အခက်အခဲရှိရင်လည်း ဒါက မီဇိုရမ်ကကျောင်းသားတွေပါလို့ ထောက်ခံပေးဖို့ဆိုပြီး စာရေးအကြောင်းကြားရင် မီဇိုရမ်အစိုးရက နယ်စပ်အထိ ကားကစလို့ နယ်စပ်ထိ အရောက် စီစဉ်ပေးမယ် ဆိုပြီးပြောတယ်”လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိတဲ့ ချင်းပြည်နယ် စည်ပင် လျှပ်စစ် နဲ့ စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးထက် က “အဲ့ဒါနဲ့ ပတ်သက်လို့ မနေ့က အစည်းအဝေးလုပ်ပြီးပြီ။ ပြည်ထောင်စုအစိုးရအဖွဲ့နေပြီးမှ အိန္ဒိယအစိုးရကို အကြောင်းကြားပြီးမှ အပြန်အလှန်ပို့ဖို့ စီစဉ်တယ်။ ရှေ့ပိုင်းက နယ်စပ်ကနေဝင်လာမဲ့ ၃၃ ဦးကတော့ ၁၆ ဦးလာပြီ။ ကျန်တဲ့ ၁၇ ဦးကို ရှေ့ကအတိုင်းလက်ခံမယ်။ ဒီရက်ပိုင်းထဲ လက်ခံဖို့လုပ်နေတယ်။ ကျန်တဲ့ ရာနဲ့ချီတဲ့ ဟာကတော့ ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်နဲ့လုပ်ဖို့ စီစဉ်နေတယ်”လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ပိတ်မိနေတဲ့ ကျောင်းသားကျောင်းသူ ၃၃ ဦးထဲက ကျောင်းသားကျောင်းသူ ၂၂ ဦးကို မေလ နောက်ဆုံးပတ်ထဲမှာ ရိခေါ်ဒါရ်မြို့ မှာ ကြိုဆိုခဲ့ပြီးဖြစ်ပါတယ်။

အဲ့ဒီကျောင်းသားတွေ အပါအဝင် မီဇိုရမ်ပြည်နယ်မှာ ပိတ်မိနေပြီး နယ်စပ်ကနေ ပြန်ဝင်လာတဲ့ မေလ ၂၂ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိစာရင်းအရ မြန်မာနိုင်ငံက လူ ၃၉ ကိုလည်း ထန်တလန်၊ တီးတိန်နဲ့ ရိခေါ်ဒါရ်မြို့တွေမှာ ခြေချုပ်စောင့်ကြည့် ၂၁ ရက်အဖြစ် ထားထားပါတယ်။

မြန်မာနိုင်ငံအစိုးရက COVID-19 ကာလမှာ ပြည်ပနိုင်ငံတွေရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ခဲ့ရာ မေလ ၃၁ ရက်နေ့အထိ စာရင်းအရ လူဦးရေ ၂၆၀၀ နီးပါး ပြန်ခေါ်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသားတွေကို လေယာဉ် နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာဟာ လူဦးရေ ၂၉၀ နီးပါး ပြန်ခေါ်ခဲ့ပြီးဖြစ်ပေမယ့် အိန္ဒိယနိုင်ငံထဲမှာ ပိတ်မိနေသူတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကလေး #မြန်မာကျောင်းသား #အိန္ဒိယမှာပိတ်မိ

Zawgyi

အိႏၵိယႏိုင္ငံမွာ ျမန္မာေက်ာင္းသား ၁၇၀ ေက်ာ္ ပိတ္မိေန

ကေလး၊ ဇြန္ ၂-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ခ်င္းျပည္နယ္ကေန အိႏၵိယႏိုင္ငံမွာ က်မ္းစာေက်ာင္း သြားတက္ေနတဲ့ ေက်ာင္းသားေက်ာင္းသူ ဦးေရ ၁၇၀ ေက်ာ္ဟာ ျမန္မာႏိုင္ငံကို ျပန္လာလို႔မရဘဲ အိႏၵိယမွာ ပိတ္မိေနတယ္လို႔ ရိေခၚဒါရ္ၿမိဳ႕အေျခစိုက္ ဟြာလ္ငိုေဒသဖြံၿဖိဳးေရးအဖြဲ႕ဒါ႐ိုက္တာ ေဒၚႏူနီး က ေျပာပါတယ္။

ေဒၚႏူနီးရဲ႕ ေျပာျပခ်က္အရ အဲ့ဒီေက်ာင္းသားေတြဟာ အိႏၵိယႏိုင္ငံေတာင္ပိုင္း၊ ကယ္ရာလာ ၊ မဒရပ္နဲ႔ခ်ႏိုင္း စတဲ့ၿမိဳ႕နယ္ေတြက က်မ္းစာေက်ာင္းေတြမွာ ေက်ာင္းတက္ေနၾကတဲ့ ေက်ာင္းသားေတြျဖစ္ပါတယ္။

သူတို႔ဟာ ေႏြရာသီေက်ာင္းပိတ္ခ်ိန္ကာလ ျမန္မာႏိုင္ငံကိုျပန္မလာဘဲ ေနာက္ႏွစ္ ေက်ာင္းဆက္တက္ႏိုင္ဖို႔ အိႏၵိယႏိုင္ငံမွာ ရရာအလုပ္လုပ္ ေနၾကတာျဖစ္ပါတယ္။

အဲ့ဒီအခ်ိန္မွာ ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ေၾကာင့္ အိႏၵိယႏိုင္ငံအတြင္း ေလာ့ေဒါင္း သတ္မွတ္ခဲ့တာေၾကာင့္ သူတို႔အလုပ္လုပ္ေနတဲ့ အလုပ္ေတြပိတ္ၿပီး အလုပ္ပိတ္တဲ့ ရက္ရွည္လာတာနဲ႔အမွ် စားဖို႔ခက္ခဲတဲ့အျပင္ အိမ္ရွင္ေတြကလည္း ေငြမေပးႏိုင္လို႔ ႏွင္ထုတ္တဲ့အျဖစ္ေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံကို ျပန္လာခ်င္ေပမယ့္ နယ္စပ္ျဖစ္တဲ့ ရိေခၚဒါရ္-ဇိုခြါထာရ္ကို ျပန္လာဖို႔က်ေတာ့ လမ္းမွာရွိတဲ့ ျပည္နယ္အဆင့္ဆင့္မွာ ေလာ့ေဒါင္းခ်ထားတာေၾကာင့္ အခက္ေတြ႕ေနၾကတယ္လို႔ သိရပါတယ္။

ေဒၚႏူနီး ေျပာျပတာကေတာ့ “ျမန္မာသံ႐ုံးမွာ သြားတင္ဖို႔က်ျပန္ေတာ့လည္း ကိုယ္က ဘာအေထာက္အထားမွ မပါဘူး။ သူတို႔ေနတဲ့ေနရာနဲ႔ သံ႐ုံးရွိတဲ့ေနရာကလည္း ၃ရက္၃ည ဆက္တိုက္ ရထားစီးရမယ္။ ၿပီးေတာ့လည္း ခ်င္းတိုင္းရင္းသားေတြဆိုေတာ့ ျမန္မာစကားလည္း လည္လည္ဝယ္ဝယ္နည္းတယ္။ အဲ့ေတာ့ ပိတ္မိေနတာေပါ့။ ဒါနဲ႔ နယ္စပ္ကေန ျပန္လာႏိုင္ဖို႔ မီဇိုရမ္အစိုးရကို ဒီဖက္က ဆက္သြယ္လိုက္တဲ့အခါက်ေတာ့ မီဇိုရမ္အစိုးရက ဘာေျပာလဲဆိုေတာ့ ခ်င္းအစိုးရအဖြဲ႕က မီဇိုရမ္အစိုးရကို ကြၽန္ေတာ္တို႔ ေက်ာင္းသားဦးေရ ဘယ္ေလာက္၊ဘယ္ေလာက္ က ျပန္လာဖို႔ရွိေနတယ္။ အဲ့ဒါ မီဇိုရမ္ကို ျဖတ္သန္းသြားလာခြင့္ေပးဖို႔ရယ္၊ လမ္းမွာ အခက္အခဲရွိရင္လည္း ဒါက မီဇိုရမ္ကေက်ာင္းသားေတြပါလို႔ ေထာက္ခံေပးဖို႔ဆိုၿပီး စာေရးအေၾကာင္းၾကားရင္ မီဇိုရမ္အစိုးရက နယ္စပ္အထိ ကားကစလို႔ နယ္စပ္ထိ အေရာက္ စီစဥ္ေပးမယ္ ဆိုၿပီးေျပာတယ္”လို႔ ေျပာပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႕ကိုယ္စား ေျပာေရးဆိုခြင့္ရွိတဲ့ ခ်င္းျပည္နယ္ စည္ပင္ လွ်ပ္စစ္ နဲ႔ စက္မႈလက္မႈဝန္ႀကီးဌာန ဝန္ႀကီး ဦးစိုးထက္ က “အဲ့ဒါနဲ႔ ပတ္သက္လို႔ မေန႔က အစည္းအေဝးလုပ္ၿပီးၿပီ။ ျပည္ေထာင္စုအစိုးရအဖြဲ႕ေနၿပီးမွ အိႏၵိယအစိုးရကို အေၾကာင္းၾကားၿပီးမွ အျပန္အလွန္ပို႔ဖို႔ စီစဥ္တယ္။ ေရွ႕ပိုင္းက နယ္စပ္ကေနဝင္လာမဲ့ ၃၃ ဦးကေတာ့ ၁၆ ဦးလာၿပီ။ က်န္တဲ့ ၁၇ ဦးကို ေရွ႕ကအတိုင္းလက္ခံမယ္။ ဒီရက္ပိုင္းထဲ လက္ခံဖို႔လုပ္ေနတယ္။ က်န္တဲ့ ရာနဲ႔ခ်ီတဲ့ ဟာကေတာ့ ျပည္ေထာင္စုအစိုးရ ခြင့္ျပဳခ်က္နဲ႔လုပ္ဖို႔ စီစဥ္ေနတယ္”လို႔ ေျပာပါတယ္။

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ထဲမွာ ပိတ္မိေနတဲ့ ေက်ာင္းသားေက်ာင္းသူ ၃၃ ဦးထဲက ေက်ာင္းသားေက်ာင္းသူ ၂၂ ဦးကို ေမလ ေနာက္ဆုံးပတ္ထဲမွာ ရိေခၚဒါရ္ၿမိဳ႕ မွာ ႀကိဳဆိုခဲ့ၿပီးျဖစ္ပါတယ္။

အဲ့ဒီေက်ာင္းသားေတြ အပါအဝင္ မီဇိုရမ္ျပည္နယ္မွာ ပိတ္မိေနၿပီး နယ္စပ္ကေန ျပန္ဝင္လာတဲ့ ေမလ ၂၂ ရက္ေန႔ကေန ေမလ ၃၁ ရက္ေန႔အထိစာရင္းအရ ျမန္မာႏိုင္ငံက လူ ၃၉ ကိုလည္း ထန္တလန္၊ တီးတိန္နဲ႔ ရိေခၚဒါရ္ၿမိဳ႕ေတြမွာ ေျခခ်ဳပ္ေစာင့္ၾကည့္ ၂၁ ရက္အျဖစ္ ထားထားပါတယ္။

ျမန္မာႏိုင္ငံအစိုးရက COVID-19 ကာလမွာ ျပည္ပႏိုင္ငံေတြေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြကို ျပန္ေခၚခဲ့ရာ ေမလ ၃၁ ရက္ေန႔အထိ စာရင္းအရ လူဦးေရ ၂၆၀၀ နီးပါး ျပန္ေခၚခဲ့ၿပီျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေန ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ အိႏၵိယႏိုင္ငံက ျမန္မာႏိုင္ငံသားေတြကို ေလယာဥ္ နဲ႔ ျပန္လည္ေခၚေဆာင္ခဲ့တာဟာ လူဦးေရ ၂၉၀ နီးပါး ျပန္ေခၚခဲ့ၿပီးျဖစ္ေပမယ့္ အိႏၵိယႏိုင္ငံထဲမွာ ပိတ္မိေနသူေတြ က်န္ရွိေနေသးတာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကေလး #ျမန္မာေက်ာင္းသား #အိႏၵိယမွာပိတ္မိ

Related posts

Leave a Comment

VOM News

FREE
VIEW