ပလက်ဝမြို့နယ်အတွင်း ကျေးရွာတွေမှာနေထိုင်တဲ့ ကလေးတွေကို နယ်မြေမတည်ငြိမ်မှုကြောင့် ကာကွယ်ဆေးတိုက်ကျွေးနိုင်ခြင်းမရှိ

ပလက်ဝမြို့နယ်အတွင်း ကျေးရွာတွေမှာနေထိုင်တဲ့ ကလေးတွေကို နယ်မြေမတည်ငြိမ်မှုကြောင့် ကာကွယ်ဆေးတိုက်ကျွေးနိုင်ခြင်းမရှိ ကလေး ဇွန် ၃-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတွေမှာနေထိုင်တဲ့ ကလေးတွေအတွက် လစဉ် ပုံမှန်ထိုးပေးနေကျ ကာကွယ်ဆေးထိုးခြင်း နဲ့ ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိဘူးလို့ ပလက်ဝမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုးသက်ဝင်း က ပြောပါတယ်။ “ပလက်ဝမြို့ပေါ်ရယ် ပြီးတော့ ရွာတွေကနေ မြို့ပေါ်ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေ ရှိတယ်။ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အချိန်ရောက်လို့ ဆေးထိုးရမယ့် ကလေးတွေကိုတော့ ထိုးပေးနိုင်တယ်။ ရွာဖက်တွေကျတော့ ဆေးပို့လို့အဆင်မပြေဘူး။ သူတို့ကနေ မြို့ပေါ်ကိုဆေးလာထုတ်ဖို့ အဆင်မပြေတာ။ ကျွန်တော်တို့ဆီက စာရင်းအရတော့ ပလက်ဝမြို့နယ်မှာ ရွာပေါင်း၃၀၀ ကျော် လောက်ရှိတယ်။ အဲ့ထဲကမှ ခုထိုးနိုင်တာသည် မြို့ပေါ်ရပ်ကွက်နဲ့ ဒီအနီးအနားရွာ အဲ့ရွာတွေ ထိုးနိုင်တယ်။ ကျန်တဲ့ရွာတွေကတော့ သူ့သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက မထိုးနိုင်တာ။ ဆေးလဲထုတ်ပေးလို့ အဆင်မပြေဘူး”လို့ ဒေါက်တာစိုးသက်ဝင်း…

Read More

လူမူကွန်ယက်မှာ သံဃာတော်တွေကို ဝေဖန်ရေးသားခဲ့သူကို ထောင်ဒဏ်(၁)နှစ်နဲ့ (၉)လချ

လူမူကွန်ယက်မှာ သံဃာတော်တွေကို ဝေဖန်ရေးသားခဲ့သူကို ထောင်ဒဏ်(၁)နှစ်နဲ့ (၉)လချ မန္တလေး ဇွန် ၂-၂၀၂၀ ဖြူဖြူ (VOM) လူမှုကွန်ယက်စာမျက်နှာမှာ သံဃာတော်တွေကို ဝေဖန်ရေးသားခဲ့သူကို ဒီကနေ့ ညနေပိုင်းမှာ ထောင်ဒဏ် တစ်နှစ်နဲ့ ကိုးလချမှတ်လိုက်တယ်လို့ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိကပြောပါတယ်။ “ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ခဲ့တယ်။ စွဲချက်တင်တဲ့အခါမှာ တရားခံက နောင်တရရှိပြီးဝန်ခံထွက်ဆိုခဲ့တာတွေ့ရှိရတယ်။ ဒါကြောင့် နေ့ချင်းပြီးပဲ အမိန့်ချမှတ်ခဲ့ပါတယ်။ စုစုပေါင်း ပြစ်ဒဏ်ကတော့ တစ်နှစ်နဲ့ကိုးလဖြစ်ပါတယ်။ ”လို့ ချမ်းအေးသာစံမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောပါတယ်။ Kyaw Win Thant အကောင့်ပိုင်ရှင်ဟာ ပြီးခဲ့တဲ့ မေ ၁၇ ရက်က လူမှုကွန်ယက်စာမျက်နှာမှာ Sex Education ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ရေးသားတဲ့အခါမှာ သံဃာတော်တွေကို ဆဲဆိုတဲ့အသုံးအနှုန်းနဲ့ ဘာသာရေးစိတ်နာကျည်းစေရန်အသုံးအနှုန်းတွေ သုံးခဲ့တယ်ဆိုပြီး အရေးယူပေးဖို့ မန္တလေးခရိုင်သာသနာရေးမှူးက အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။ ဒါကြောင့် ကိုကျော်ဝင်းသန့်ကို အမှုဖွင့်အရေးယူခဲ့ပြီး…

Read More

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့လူနာတစ်ဦး ပထမဦးဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့လူနာတစ်ဦး ပထမဦးဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား ဒါကာ၊ ဇွန်-၃-၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရ်ှနိုင်ငံရှိ လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ အသက် ၇၁ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးက ဇွန် ၂ ရက်မှာ ပြောပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်းမှာ ဘင်္ဂါလီဒုက္ခသည်တစ်သန်းနီးပါးနေထိုင်ကြတဲ့ ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူတွေက ကာလရှည်ကြာ သတိပေးခဲ့ကြပါတယ်။ အဲ့ဒီအမျိုးသားဟာ မေ ၃၁ ရက်မှာ သေဆုံးခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတယ်ဆိုတာကို ယမန်နေ့ညမှာ အတည်ပြုနိုင်ခဲ့တယ်လို့ ကော့ဘဇားခရိုင် ထိပ်တန်းကျန်းမာရေးတာဝန်ရှိသူ တိုဟာဘူရီယံက ပြောပါတယ်။ ရောဂါကြောင့်သေဆုံးမှုဟာ ဒုက္ခသည် ခြောက်သိန်းနေထိုင်တဲ့ အကြီးဆုံးဒုက္ခသည်စခန်း ကူတူပါလောင်မှာ ဖြစ်ပွားခဲ့ပါ။ သေဆုံးသူဟာ ဒုက္ခသည်စခန်းအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတဲ့ သီးခြားစင်တာတစ်ခုမှာ…

Read More

ရေဦးမြို့နယ်မှာ မိုးကြိုးပစ်လေပြင်းတိုက်ခြင်းကြောင့် ကလေး ၁ ဦး သေဆုံး

ရေဦးမြို့နယ်မှာ မိုးကြိုးပစ်လေပြင်းတိုက်ခြင်းကြောင့် ကလေး ၁ ဦး သေဆုံး ကလေး ဇွန် ၃-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းဖြစ်ပေါ်ရာမှ ကလေးတစ်ဦး မိုးကြိုးထိမှန်သေဆုံးပြီး လူနေအိမ်တွေ နဲ့ ဘုရားစေတီတွေ ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။ “မိုးကြိုးပစ်ပြီး တစ်ဦးသေတယ်။ လေပြင်းတိုက်လို့ သစ်ပင်ပိပြီး နေအိမ်တွေပြိုကျတာ အမိုးလန်တာနဲ့ အိမ်ထံရံတွေ ကွာကျတာတွေဖြစ်ခဲ့တယ်”လို့ ဦးစဝီလီဖရန့် က ပြောပါတယ်။ ရေဦးမြို့နယ်မှာ ဇွန်လ ၂ ရက်နေ့ ညနေ လေးနာရီကျော် အချိန်ကနေစတင်ပြီးတော့ လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်တာတွေဖြစ်ပေါ်ခဲ့တာကြောင့် ရေဦးမြို့နယ်၊ အင်းကြီးကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် ၄တန်းဖြေဆိုထားတဲ့ မောင်သူရိန်ဟိန်းဆိုသူမှာ မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ “ကလေးက ယာတောထဲမှာနေတာ။အခင်းဖြစ်တော့ သူက…

Read More
VOM News

FREE
VIEW