သစ်မှောင်ခိုလုပ်ကိုင်နေတာကို ဆရာ၊ဆရာမတွေအနေနဲ့တွေ့ရှိရင် အုပ်ချုပ်ရေးပိုင်းကို တိုင်ကြားဖို့ ညွှန်ကြားချက်ကို ပြန်လည်ပယ်ဖျက်

သစ်မှောင်ခိုလုပ်ကိုင်နေတာကို ဆရာ၊ဆရာမတွေအနေနဲ့တွေ့ရှိရင် အုပ်ချုပ်ရေးပိုင်းကို တိုင်ကြားဖို့ ညွှန်ကြားချက်ကို ပြန်လည်ပယ်ဖျက်

ကလေး ဇွန် ၄-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ ကိုယ်တာဝန်ကျရာဒေသမှာ သစ်၊ သတ္တု၊ မူးယစ်ဆေးဝါးနဲ့လောင်းကစားလုပ်ငန်းများ တရားမဝင်လုပ်ကိုင်ကြတာကိုတွေ့ရှိရင် အုပ်ချုပ်ရေးပိုင်းကိုတိုင်ကြားဖို့ ညွန်ကြားချက်ကို ပြန်လည်ပယ်ဖျက်လိုက်တယ်လို့ ပင်လည်ဘူးမြို့နယ်ပညာရေးမှူး ဦးမျိုးခိုင်ကပြောပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ကို မနေ့ ဇွန်လ(၃)ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး သစ်မှောင်ခိုလုပ်နေတာကို နီးစပ်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းမကြားပါက အရေးယူခံရမည်ဖြစ်တယ်လို့ ထုတ်ပြန်ထားတာဟာ နားလည်မှုလွဲကာ ထုတ်ပြန်ခဲ့တာဖြစ်တဲ့အတွက် ညွှန်ကြားချက်ကို ပြန်လည် ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မြို့နယ်ပညာရေးမှူးဦးမျိုးခိုင်ပြောပြတာက “စီ/ခန့်က စာထွက်တာက ဌာနဆိုင်ရာတွေ နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စာထွက်ခဲ့တဲ့အခါကျတော့ ကျွန်တော့်ပညာရေးဝန်ထမ်းတွေ ကြားမညှပ်စေချင်တာနဲ့ စာထုတ်လိုက်မိတာ။ စာထုတ်မှားလိုက်တာ။ အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေ လိုက်နာဖို့ဆိုတော့ ကျွန်တော်တို့လည်း ဝန်ထမ်းတွေလေဗျာ။ ကျွန်တော်ကလည်း အဲ့လို နားလည်မှု လွဲတာပါ။ အပေါ်အပိုဒ်က စီ/ခန့်ကထုတ်တဲ့ စာသားအတိုင်းပဲ။ အဲ့ဒီမှာ ဝန်ထမ်းတွေဆိုတာပါတဲ့ အခါကျတော့ ကျွန်တော့်ဝန်ထမ်းတွေကို မထိခိုက်စေချင်လို့ အထွက်မှားလိုက်တာ။ ဝန်ထမ်းတွေ ဆိုတဲ့စကာလုံးကြောင့် ရှုပ်သွားတာ”လို့ ပြောပါတယ်။

ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်တဲ့စာထဲမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ မိမိဒေသတွင်း တရားမဝင် သစ်ထုတ်လုပ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ မူးယစ်ဆေးဝါး နဲ့ လောင်းကစားပြုလုပ်တဲ့ သတင်းနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး တွေနဲ့ ဝန်ထမ်းတွေက အမြဲမပြတ်သိရှိပြီး အထက်အဆင့်ဆင့်ကို သတင်းပေးပို့တင်ပြရန် နှင့် တင်ပြချက် ပျက်ကွက်မယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရန်ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့ အပေါ်ပင်လည်ဘူးမြို့နယ် အတွင်းမှာရှိတဲ့ ပညာရေးဝန်ထမ်းတွေ အားလုံး က အဲ့ဒီဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အကြောင်းကြားပါသည်ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပင်လည်ဘူးမြို့နယ်ပညာရေးမှူး ဦးမျိုးခိုင်က ပြင်ဆင်ချက် ပြန်ထုတ်ထားပြီး အဲ့ဒီစာက ရပ်ကျေးကိုသာ ထုတ်ပြန်တာဖြစ်တဲ့အတွက် ပညာရေးဌာန နဲ့ မသက်ဆိုင်ကြောင်း အရင်ထုတ်ပြီးသားစာကို လွှမ်းမိုးပယ်ဖျက်ကြောင်း ဆိုပြီး ဒီကနေ့ပဲ ထုတ်ပြန်လိုက်ပါပြီလို့ ပြောပါတယ်။

#voiceofmyanmar #VOM #ပင်လည်ဘူး

Zawgyi

သစ္ေမွာင္ခုိလုပ္ကိုင္ေနတာကို ဆရာ၊ဆရာမေတြအေနနဲ႔ေတြ႔ရိွရင္ အုပ္ခ်ဳပ္ေရးပိုင္းကို တိုင္ၾကားဖို႔ ၫႊန္ၾကားခ်က္ကို ျပန္လည္ပယ္ဖ်က္

ကေလး ဇြန္ ၄-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ ပင္လည္ဘူးၿမိဳ႕နယ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာ၊ဆရာမေတြအေနနဲ႔ ကိုယ္တာဝန္က်ရာေဒသမွာ သစ္၊ သတၱဳ၊ မူးယစ္ေဆးဝါးနဲ႔ေလာင္းကစားလုပ္ငန္းမ်ား တရားမဝင္လုပ္ကိုင္ၾကတာကိုေတြ႕ရွိရင္ အုပ္ခ်ဳပ္ေရးပိုင္းကုိတိုင္ၾကားဖုိ႔ ညြန္ၾကားခ်က္ကို ျပန္လည္ပယ္ဖ်က္လိုက္တယ္လို႔ ပင္လည္ဘူးၿမိဳ႕နယ္ပညာေရးမွဴး ဦးမ်ိဳးခုိင္ကေျပာပါတယ္။

အဲ့ဒီထုတ္ျပန္ခ်က္ကို မေန႔ ဇြန္လ(၃)ရက္ေန႔က ထုတ္ျပန္ခဲ့တာျဖစ္ၿပီး သစ္ေမွာင္ခုိလုပ္ေနတာကို နီးစပ္ရာရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ကို အေၾကာင္းမၾကားပါက အေရးယူခံရမည္ျဖစ္တယ္လုိ႔ ထုတ္ျပန္ထားတာဟာ နားလည္မႈလြဲကာ ထုတ္ျပန္ခဲ့တာျဖစ္တဲ့အတြက္ ၫႊန္ၾကားခ်က္ကို ျပန္လည္ ပယ္ဖ်က္လိုက္တာျဖစ္တယ္လုိ႔ သိရပါတယ္။

ၿမိဳ႕နယ္ပညာေရးမႉးဦးမ်ိဳးခုိင္ေျပာျပတာက “စီ/ခန႔္က စာထြက္တာက ဌာနဆိုင္ရာေတြ နဲ႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြကို စာထြက္ခဲ့တဲ့အခါက်ေတာ့ ကြၽန္ေတာ့္ပညာေရးဝန္ထမ္းေတြ ၾကားမညႇပ္ေစခ်င္တာနဲ႔ စာထုတ္လိုက္မိတာ။ စာထုတ္မွားလိုက္တာ။ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ဝန္ထမ္းေတြ လိုက္နာဖို႔ဆိုေတာ့ ကြၽန္ေတာ္တို႔လည္း ဝန္ထမ္းေတြေလဗ်ာ။ ကြၽန္ေတာ္ကလည္း အဲ့လို နားလည္မႈ လြဲတာပါ။ အေပၚအပိုဒ္က စီ/ခန႔္ကထုတ္တဲ့ စာသားအတိုင္းပဲ။ အဲ့ဒီမွာ ဝန္ထမ္းေတြဆိုတာပါတဲ့ အခါက်ေတာ့ ကြၽန္ေတာ့္ဝန္ထမ္းေတြကို မထိခိုက္ေစခ်င္လို႔ အထြက္မွားလိုက္တာ။ ဝန္ထမ္းေတြ ဆိုတဲ့စကာလုံးေၾကာင့္ ရႈပ္သြားတာ”လို႔ ေျပာပါတယ္။

ဇြန္လ ၃ ရက္ေန႔က ထုတ္ျပန္တဲ့စာထဲမွာ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ ညႇိႏႈိင္းအစည္းအေဝး ဆုံးျဖတ္ခ်က္အရ မိမိေဒသတြင္း တရားမဝင္ သစ္ထုတ္လုပ္ျခင္း၊ သတၱဳတူးေဖာ္ျခင္း၊ မူးယစ္ေဆးဝါး နဲ႔ ေလာင္းကစားျပဳလုပ္တဲ့ သတင္းနဲ႔ပတ္သက္ၿပီးေတာ့ သက္ဆိုင္ရာရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ေတြနဲ႔ ဝန္ထမ္းေတြက အၿမဲမျပတ္သိရွိၿပီး အထက္အဆင့္ဆင့္ကို သတင္းေပးပို႔တင္ျပရန္ ႏွင့္ တင္ျပခ်က္ ပ်က္ကြက္မယ္ဆိုရင္ ဥပေဒနဲ႔အညီ အေရးယူႏိုင္ေရး ေဆာင္႐ြက္ရန္ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တဲ့ အေပၚပင္လည္ဘူးၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ ပညာေရးဝန္ထမ္းေတြ အားလုံး က အဲ့ဒီဆုံးျဖတ္ခ်က္အတိုင္း လိုက္နာေဆာင္႐ြက္ရန္ အေၾကာင္းၾကားပါသည္ဆိုၿပီး ထုတ္ျပန္ခဲ့တာပါ။

အဲ့ဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး ပင္လည္ဘူးၿမိဳ႕နယ္ပညာေရးမွဴး ဦးမ်ိဳးခိုင္က ျပင္ဆင္ခ်က္ ျပန္ထုတ္ထားၿပီး အဲ့ဒီစာက ရပ္ေက်းကိုသာ ထုတ္ျပန္တာျဖစ္တဲ့အတြက္ ပညာေရးဌာန နဲ႔ မသက္ဆိုင္ေၾကာင္း အရင္ထုတ္ၿပီးသားစာကို လႊမ္းမိုးပယ္ဖ်က္ေၾကာင္း ဆိုၿပီး ဒီကေန႔ပဲ ထုတ္ျပန္လိုက္ပါၿပီလို႔ ေျပာပါတယ္။

#voiceofmyanmar #VOM #ပင္လည္ဘူး

Related posts

Leave a Comment

VOM News

FREE
VIEW