လာမယ့်ရွေးကောက်ပွဲကို အရင်ကျင်းပနေကျအတိုင်း နိုဝင်ဘာလအထဲမှာ ကျင်းပနိုင်မယ်

လာမယ့်ရွေးကောက်ပွဲကို အရင်ကျင်းပနေကျအတိုင်း နိုဝင်ဘာလအထဲမှာ ကျင်းပနိုင်မယ် နေပြည်တော်၊ ဇွန် ၄-၂၀၂၀ စွမ်းရဲထွဋ် (VOM) လာမယ့်ရွေးကောက်ပွဲကို အရင်ကျင်းပနေကျအတိုင်း နိုဝင်ဘာလအထဲမှာ ကျင်းပနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းမီဒီယာတွေကို ဒီကနေ့မှာပဲ ပြောကြားလိုက်ပါတယ်။ “ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမလဲဆိုတာက အရင်လည်းဖြေပြီးပြီပေါ့။ အဲ့အတိုင်းမပြောင်းလဲဘူး။ ပထမတစ်ကြိမ်မှာ ၂လနဲ့ ၂၄ရက်။ နောက်တစ်ကြိမ်မှာ ၄လကြိုကြေငြာတယ်။ အဲ့အတိုင်းပဲ မပြောင်းလဲပါဘူး။ အရင်တုန်းကကျင်းပခဲ့တဲ့ နိုဝင်ဘာထဲမှာပဲဖြစ်မှာပါ။ နဂိုအတိုင်းပဲ မပြောင်းလဲသေးဘူး”လို့ ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ကပ်ရောဂါကြောင့် စိုးရိမ်မှုများရှိနေပြီး ကိုဗစ်ကိစ္စကို အ ကြောင်းပြုပြီးတော့ နိုင်ငံရေးပါတီတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲကျင်းပမှုဆိုင်ရာ သီးခြားအကြံပြုချက်မရှိသေးကြောင်း၊ မဲဆွယ်စည်းရုံးချိန်မှာ ကိုဗစ်နိုင်တင်းရောဂါအတွက် စိတ်ချရမှုမရှိသေးပါက ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ရှစ်ခုရဲ့ အကြံပြုချက်တွေကို ယူပြီးဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ “တစ်နေရာနဲ့ တစ်နေရာက မတူဘူးလေ။ ရန်ကုန်မှာဆိုရင်တော့ နည်းနည်းများတာပေါ့။…

Read More

တီအန်မင်ရင်ပြင်အကြမ်းဖက်မှု တရားဝင်တောင်းပန်ဖို့ တရုတ်ကို ထိုင်ဝမ်သမ္မတ တောင်းဆို

တီအန်မင်ရင်ပြင်အကြမ်းဖက်မှု တရားဝင်တောင်းပန်ဖို့ တရုတ်ကို ထိုင်ဝမ်သမ္မတ တောင်းဆို တိုင်ပေ၊ ဇွန်-၄-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို တင့်ကားတွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ၁၉၈၉ ခုနှစ်၊ ဇွန် ၄ ရက်မှာဖြစ်ပွားခဲ့တဲ့ တီအန်မင်ရင်ပြင်အရေးအခင်းနဲ့ပတ်သက်ပြီး တရားဝင် တောင်းပန်ဖို့ တရုတ်နိုင်ငံကို ထိုင်ဝမ်သမ္မတက တောင်းဆိုလိုက်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုခဲ့တဲ့ ဆန္ဒပြပွဲတွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့ နှိမ်နှင်းမှုအတွင်း လူရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လွတ်လပ်စွာဆွေးနွေး ပြောဆိုတာတွေနဲ့ အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကျင်းပတာတွေကို ပိတ်ပင်တားမြစ်ထားပါတယ်။ ကမ္ဘာမှာ တစ်နှစ်ကို(၃၆၅)ရက်ရှိပြီး တရုတ်နိုင်ငံမှာတော့ တီအန်မင်ရင်ပြင်အရေးအခင်းဖြစ်ပွားခဲ့တဲ့ နေ့ကို ရည်ရွယ်ချက်ရှိရှိမေ့လျော့နေကြောင်း ၊ တရုတ်နိုင်ငံအနေနဲ့ အဲ့ဒီအဖြစ်အပျက်ရဲ့ ကောင်းမွေဆိုးမွေကို ရင်ဆိုင်ဖို့လိုအပ်တယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထိုင်ဝမ်သမ္မတအဖြစ် ဆိုင်အင်းဝမ်အနိုင်ရရှိပြီးနောက်ပိုင်း တရုတ်နိုင်ငံနဲ့…

Read More

မြိတ်မြို့နယ်လေတပ်စခန်းမှ တပ်မိသားစုဝင် (၅)ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

မြိတ်မြို့နယ်လေတပ်စခန်းမှ တပ်မိသားစုဝင် (၅)ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး ကလေး ဇွန် ၄၊၂၀၂၀ ငြိမ်းသူမင်း(VOM) မြိတ်မြို့နယ်မှာ မိုးကြိုးပစ်ခတ်ခြင်းကြောင့် မြိတ်လေတပ်စခန်းစစ်ဌာနချုပ် အမှတ် (၇၂) လေယာဉ်အုပ်စု မှ တပ်မတော်မိသားစုဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “မနေ့ ညနေက မိုးတွေလည်းရွာနေတယ်။ အမျိုးသမီး လေးဦးသေတယ်။ ကလေး တစ်ဦးကလည်း သေတယ်။ သေတဲ့ ကလေးကို အမေကဖက်ထားတဲ့အချိန်မှာ မိုးကြိုးပစ်လိုက်တော့ နှစ်ယောက်လုံး သေသွားတယ်။ လူ ၇ ဦးကတော့ ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်”လို့ မြိတ်မြို့ဒေသခံတစ်ဦး က ပြောပါတယ်။ ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်က မြိတ်လေတပ်စခန်းဌာနချုပ် ဖြစ်တဲ့ အမှတ်(၇၂)လေယာဉ်အုပ်စုက ဌာနချုပ်ဒိုင်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ တပ်တွင်း ဖူဆယ်ဘောလုံးပြိုင်ပွဲမှာ မိုးကြိုးပစ်ခတ်မှု…

Read More

တရုတ် ခရီးသည်တင်လေယာဉ်တွေကို အမေရိကန်ကိုပျံသန်းခွင့် တားမြစ်မယ်

တရုတ် ခရီးသည်တင်လေယာဉ်တွေကို အမေရိကန်ကိုပျံသန်းခွင့် တားမြစ်မယ် ဝါရှင်တန်၊ ဇွန်-၄-၂၀၂၀ မျိုးဆက်(VOM) အမေရိကန်ဟာ တရုတ်နိုင်ငံကနေလာတဲ့ ခရီးသည်တင်လေယာဉ်တွေကို ဇွန်လ၁၆ရက်နေ့မှစတင်ကာ တားမြစ်သွားမှာဖြစ်ပြီး စီးပွါးရေးအင်အားကြီး နှစ်နိုင်ငံအကြား နောက်ဆုံးအကြိမ် တင်းမာမှုတွေဖြစ်ပေါ်လာတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါပြန့်ပွါးမှု အခြေအနေတွေတည်ငြိမ်လာချိန်မှာ အမေရိကန်လေကြောင်းလိုင်းတွေကို တရုတ်နိုင်ငံသို့ ခရီးစဉ်ပျံသန်းမှုပြန်လည်စတင်ဖို့ တရုတ်အစိုးရက ခွင့်မပြုတဲ့အတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ ယခုလိုပိတ်ပင်ရခြင်းဖြစ်တယ်လို့ အမေရိကန်ပို့ဆောင်ရေးဌာနက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေ၊ ဟောင်ကောင်ဒေသအတွင်း တရုတ်မူဝါဒရေးရာတွေနဲ့ ပတ်သက်၍ တရုတ်နဲ့ အမေရိကန်တို့အကြား မကြာသေးမီ သီတင်းပတ်တွေအတွင်း အပြန်အလှန်တိုက်ခိုက် ပြောဆိုမှုဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် လေကြောင်းခရီးသွားလာမှုကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်ညှိနှိုင်းဆွေးနွေးမှု ပြုသွားမယ်လို့ ဝန်ကြီးဌာနကပြောပါတယ်။ အမေရိကန်ပို့ဆောင်ရေးဌာနက တားမြစ်ပိတ်ပင်မယ်လို့ ထုတ်ပြန်လိုက်တဲ့အမိန့်ထဲမှာ Air China, China Eastern Airlines, China Southern Airlines နဲ့ Hainan Airlines စတဲ့ လေကြောင်းလိုင်းလေးခုဖြစ်ပါတယ်။…

Read More

မြေပုံမြို့မှာ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးတစ်ဦးကို တပ်နဲ့ရဲကဖမ်းဆီး

မြေပုံမြို့မှာ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးတစ်ဦးကို တပ်နဲ့ရဲကဖမ်းဆီး မြောက်ဦး၊ ဇွန် ၄- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို မနေ့ ဇွန်လ ၃ ရက်နေ့ ည ၉ နာရီလောက်က တပ်မတော်နဲ့ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူမှာ မြေပုံမြို့ပေါ် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း အသက် (၅၅) နှစ်အရွယ်လောက်ဖြစ်ပြီး သူ့ကို မနေ့ညနေက ဆိုင်ကယ် (၄) စီးနဲ့အတူ ရဲတပ်ဖွဲ့ဝင် (၂) ယောက်နဲ့ တပ်မတော်သား (၄) ယောက်တို့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ မြေပုံမြို့နယ်က အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ အဲ့ဒီအုပ်ချုပ်ရေးမှူးပြောပြတာက” မနေ့က ညနေ ၉ နာရီကျော်လောက်မှာ ကိုယ့်အိမ်မာကို နေတာမှာ အဖမ်းခံရတာလို့ ကြားတယ်။ ဖမ်းတာက ရဲကနှစ်ယောက်၊ တပ်က နှစ်ယောက်လို့ကြားတယ်။ သူ့ကို…

Read More

လယ်ယာမြေအခြားနည်းသုံးစွဲခွင့်မရသေးပဲ ငါးကန်တူးဖော်တဲ့သူတွေကို သတိပေး

လယ်ယာမြေအခြားနည်းသုံးစွဲခွင့်မရသေးပဲ ငါးကန်တူးဖော်တဲ့သူတွေကို သတိပေး စဉ့်ကိုင်၊ ဇွန် -၄ -၂၀၂၀ ရှိုင်းအောင် (VOM) မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ ကြက်လျှာကျေးရွာအုပ်စုမှာ မြေ ၃ ဧကနီးပါးကို လယ်ယာမြေ တခြားနည်းသုံးစွဲခွင့်မရသေးဘဲ ငါးမွေးမြူရေးကန် တူးဖော်နေမှုအပေါ်ကို သတိပေးတားမြစ်ခဲ့တယ်လို့ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က ပြောပါတယ်။ ” အခုလောလောဆယ်တော့ သတိပေးတယ်ပေါ့နော် ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပေါ့ လုပ်ငန်းတွေရပ်ခိုင်းထားတယ်၊ လုပ်မယ်ဆိုရင်လည်း လုပ်ခွင့်မရှိဘူးမဟုတ်ဘူး၊ ဒါလုပ်ခွင့်ရှိတယ်။ လယ်ယာမြေနည်းဥပဒေနဲ့အညီသာ ဆောင်ရွက် ဒါလုပ်ခွင့်ရှိတယ်။ လယ်ယာမြေ တခြားနည်းသုံးစွဲခွင့်က ပေးထားပြီးသား အဲ့အတိုင်းသွားဖို့ အရေးကြီးတယ်၊ ဒီထက်ပိုဆိုးလာရင်တော့ အသုံးပြုနေတဲ့ ဘက်ဟိုးတွေ သိမ်းဆည်းမယ် တရားစွဲတဲ့ကိစ္စတွေလုပ်မယ် ” လို့ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က ပြောပါတယ်။ လက်ရှိမှာ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စဉ့်ကိုင်မြို့နယ် ကြက်လျှာကျေးရွာအုပ်စုက…

Read More

သစ်မှောင်ခိုလုပ်ကိုင်နေတာကို ဆရာ၊ဆရာမတွေအနေနဲ့တွေ့ရှိရင် အုပ်ချုပ်ရေးပိုင်းကို တိုင်ကြားဖို့ ညွှန်ကြားချက်ကို ပြန်လည်ပယ်ဖျက်

သစ်မှောင်ခိုလုပ်ကိုင်နေတာကို ဆရာ၊ဆရာမတွေအနေနဲ့တွေ့ရှိရင် အုပ်ချုပ်ရေးပိုင်းကို တိုင်ကြားဖို့ ညွှန်ကြားချက်ကို ပြန်လည်ပယ်ဖျက် ကလေး ဇွန် ၄-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ ကိုယ်တာဝန်ကျရာဒေသမှာ သစ်၊ သတ္တု၊ မူးယစ်ဆေးဝါးနဲ့လောင်းကစားလုပ်ငန်းများ တရားမဝင်လုပ်ကိုင်ကြတာကိုတွေ့ရှိရင် အုပ်ချုပ်ရေးပိုင်းကိုတိုင်ကြားဖို့ ညွန်ကြားချက်ကို ပြန်လည်ပယ်ဖျက်လိုက်တယ်လို့ ပင်လည်ဘူးမြို့နယ်ပညာရေးမှူး ဦးမျိုးခိုင်ကပြောပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ကို မနေ့ ဇွန်လ(၃)ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး သစ်မှောင်ခိုလုပ်နေတာကို နီးစပ်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းမကြားပါက အရေးယူခံရမည်ဖြစ်တယ်လို့ ထုတ်ပြန်ထားတာဟာ နားလည်မှုလွဲကာ ထုတ်ပြန်ခဲ့တာဖြစ်တဲ့အတွက် ညွှန်ကြားချက်ကို ပြန်လည် ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ မြို့နယ်ပညာရေးမှူးဦးမျိုးခိုင်ပြောပြတာက “စီ/ခန့်က စာထွက်တာက ဌာနဆိုင်ရာတွေ နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စာထွက်ခဲ့တဲ့အခါကျတော့ ကျွန်တော့်ပညာရေးဝန်ထမ်းတွေ ကြားမညှပ်စေချင်တာနဲ့ စာထုတ်လိုက်မိတာ။ စာထုတ်မှားလိုက်တာ။ အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေ လိုက်နာဖို့ဆိုတော့ ကျွန်တော်တို့လည်း ဝန်ထမ်းတွေလေဗျာ။ ကျွန်တော်ကလည်း အဲ့လို နားလည်မှု လွဲတာပါ။ အပေါ်အပိုဒ်က…

Read More

ALP တပ်ဖွဲ့ဝင်(၃)ဦးကို အေအေက ဖမ်းဆီးသွား

ALP တပ်ဖွဲ့ဝင်(၃)ဦးကို အေအေက ဖမ်းဆီးသွား တောင်ကုတ်၊ ဇွန် ၄- ၂၀၂၀ ထက်အောင်စိုင်း (VOM) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) တပ်ဖွဲ့ဝင်(၃)ဦးကို အေအေက ဖမ်းဆီးသွားတယ်လို့ ALPပြောခွင့်ရသူ ဗိုလ်မှူးကြီး ခိုင်စိုးမြကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ်မှာနေထိုင်တဲ့ ALP တပ်ဖွဲ့ဝင် ခိုင်ဝင်းလှိုင်ကို ဖမ်းဆီးသွားပြီး မေလ ၂၃ ရက်နေ့မှာတော့ ပေါက်တောမြို့နယ် ရဗက်ချိုင်ကျေးရွာက ALP တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ခိုင်မောင်ခင်ဝင်းနဲ့ ခိုင်မောင်လုံးတို့ကို AAအဖွဲ့ဝင် ၁၅ ဦးလောက်က လာရောက်ဖမ်းဆီးသွားကြောင်း ALP ကပြောပါတယ်။ AA အဖွဲ့က ဖမ်းဆီးသွားတဲ့သူတွေကို ပြန်လည်လွှတ်မြောက်ရေးအတွက် ကြားခံလူကနေတဆင့် ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ခဲ့ပေမယ့် ယခုအချိန်ထိ အရာမထင်ခဲ့ဘူးလို့ ALP ကပြောပါတယ်။ ALP သတင်းနဲ့ပြန်ကြားရေးက…

Read More
VOM News

FREE
VIEW