တရုတ် ခရီးသည်တင်လေယာဉ်တွေကို အမေရိကန်ကိုပျံသန်းခွင့် တားမြစ်မယ်

တရုတ် ခရီးသည်တင်လေယာဉ်တွေကို အမေရိကန်ကိုပျံသန်းခွင့် တားမြစ်မယ်

ဝါရှင်တန်၊ ဇွန်-၄-၂၀၂၀
မျိုးဆက်(VOM)

အမေရိကန်ဟာ တရုတ်နိုင်ငံကနေလာတဲ့ ခရီးသည်တင်လေယာဉ်တွေကို ဇွန်လ၁၆ရက်နေ့မှစတင်ကာ တားမြစ်သွားမှာဖြစ်ပြီး စီးပွါးရေးအင်အားကြီး နှစ်နိုင်ငံအကြား နောက်ဆုံးအကြိမ် တင်းမာမှုတွေဖြစ်ပေါ်လာတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါပြန့်ပွါးမှု အခြေအနေတွေတည်ငြိမ်လာချိန်မှာ အမေရိကန်လေကြောင်းလိုင်းတွေကို တရုတ်နိုင်ငံသို့ ခရီးစဉ်ပျံသန်းမှုပြန်လည်စတင်ဖို့ တရုတ်အစိုးရက ခွင့်မပြုတဲ့အတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ ယခုလိုပိတ်ပင်ရခြင်းဖြစ်တယ်လို့ အမေရိကန်ပို့ဆောင်ရေးဌာနက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေ၊ ဟောင်ကောင်ဒေသအတွင်း တရုတ်မူဝါဒရေးရာတွေနဲ့ ပတ်သက်၍ တရုတ်နဲ့ အမေရိကန်တို့အကြား မကြာသေးမီ သီတင်းပတ်တွေအတွင်း အပြန်အလှန်တိုက်ခိုက် ပြောဆိုမှုဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် လေကြောင်းခရီးသွားလာမှုကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်ညှိနှိုင်းဆွေးနွေးမှု ပြုသွားမယ်လို့ ဝန်ကြီးဌာနကပြောပါတယ်။

အမေရိကန်ပို့ဆောင်ရေးဌာနက တားမြစ်ပိတ်ပင်မယ်လို့ ထုတ်ပြန်လိုက်တဲ့အမိန့်ထဲမှာ Air China, China Eastern Airlines, China Southern Airlines နဲ့ Hainan Airlines စတဲ့ လေကြောင်းလိုင်းလေးခုဖြစ်ပါတယ်။

အဲဒီလေကြောင်းလိုင်းတွေဟာ ကမ္ဘာ့ကပ်ရောဂါများဖြစ်ပွါးနေတဲ့ ကာလအတွင်း အခေါက်ရေလျော့ချမှုရှိပေမယ့် နှစ်နိုင်ငံအကြား ဆက်လက်ပျံသန်းခွင့်ရပြုထားတဲ့ လေကြောင်းလိုင်းတွေဖြစ်ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #အမေရိကန် #တရုတ်လေယာဉ်ပျံသန်းမှု #တားမြစ်မယ်

Zawgyi

တ႐ုတ္ ခရီးသည္တင္ေလယာဥ္ေတြကို အေမရိကန္ကိုပ်ံသန္းခြင့္ တားျမစ္မယ္

ဝါရွင္တန္၊ ဇြန္-၄-၂၀၂၀
မ်ိဳးဆက္(VOM)

အေမရိကန္ဟာ တ႐ုတ္ႏိုင္ငံကေနလာတဲ့ ခရီးသည္တင္ေလယာဥ္ေတြကို ဇြန္လ၁၆ရက္ေန႔မွစတင္ကာ တားျမစ္သြားမွာျဖစ္ၿပီး စီးပြါးေရးအင္အားႀကီး ႏွစ္ႏိုင္ငံအၾကား ေနာက္ဆုံးအႀကိမ္ တင္းမာမႈေတြျဖစ္ေပၚလာတဲ့ လကၡဏာတစ္ရပ္ျဖစ္ပါတယ္။

ကမာၻ႔ကပ္ေရာဂါျပန္႔ပြါးမႈ အေျခအေနေတြတည္ၿငိမ္လာခ်ိန္မွာ အေမရိကန္ေလေၾကာင္းလိုင္းေတြကို တ႐ုတ္ႏိုင္ငံသို႔ ခရီးစဥ္ပ်ံသန္းမႈျပန္လည္စတင္ဖို႔ တ႐ုတ္အစိုးရက ခြင့္မျပဳတဲ့အတြက္ လက္တုံ႔ျပန္တဲ့ အေနနဲ႔ ယခုလိုပိတ္ပင္ရျခင္းျဖစ္တယ္လို႔ အေမရိကန္ပို႔ေဆာင္ေရးဌာနက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈေတြ၊ ေဟာင္ေကာင္ေဒသအတြင္း တ႐ုတ္မူဝါဒေရးရာေတြနဲ႔ ပတ္သက္၍ တ႐ုတ္နဲ႔ အေမရိကန္တို႔အၾကား မၾကာေသးမီ သီတင္းပတ္ေတြအတြင္း အျပန္အလွန္တိုက္ခိုက္ ေျပာဆိုမႈျဖစ္ေပၚခဲ့ပါတယ္။

ဒါေပမယ့္ ေလေၾကာင္းခရီးသြားလာမႈကိစၥနဲ႔ပတ္သက္ၿပီး ဆက္လက္ညႇိႏႈိင္းေဆြးေႏြးမႈ ျပဳသြားမယ္လို႔ ၀န္ႀကီးဌာနကေျပာပါတယ္။

အေမရိကန္ပို႔ေဆာင္ေရးဌာနက တားျမစ္ပိတ္ပင္မယ္လို႔ ထုတ္ျပန္လိုက္တဲ့အမိန္႔ထဲမွာ Air China, China Eastern Airlines, China Southern Airlines နဲ႔ Hainan Airlines စတဲ့ ေလေၾကာင္းလိုင္းေလးခုျဖစ္ပါတယ္။

အဲဒီေလေၾကာင္းလိုင္းေတြဟာ ကမာၻ႔ကပ္ေရာဂါမ်ားျဖစ္ပြါးေနတဲ့ ကာလအတြင္း အေခါက္ေရေလ်ာ့ခ်မႈရွိေပမယ့္ ႏွစ္ႏိုင္ငံအၾကား ဆက္လက္ပ်ံသန္းခြင့္ရျပဳထားတဲ့ ေလေၾကာင္းလိုင္းေတြျဖစ္ပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #အေမရိကန္ #တရုတ္ေလယာဥ္ပ်ံသန္းမႈ #တားျမစ္မယ္

 

Related posts

Leave a Comment

VOM News

FREE
VIEW