လာမယ့်ရွေးကောက်ပွဲကို အရင်ကျင်းပနေကျအတိုင်း နိုဝင်ဘာလအထဲမှာ ကျင်းပနိုင်မယ်

လာမယ့်ရွေးကောက်ပွဲကို အရင်ကျင်းပနေကျအတိုင်း နိုဝင်ဘာလအထဲမှာ ကျင်းပနိုင်မယ်

နေပြည်တော်၊ ဇွန် ၄-၂၀၂၀
စွမ်းရဲထွဋ် (VOM)

လာမယ့်ရွေးကောက်ပွဲကို အရင်ကျင်းပနေကျအတိုင်း နိုဝင်ဘာလအထဲမှာ ကျင်းပနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းမီဒီယာတွေကို ဒီကနေ့မှာပဲ ပြောကြားလိုက်ပါတယ်။

“ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမလဲဆိုတာက အရင်လည်းဖြေပြီးပြီပေါ့။ အဲ့အတိုင်းမပြောင်းလဲဘူး။ ပထမတစ်ကြိမ်မှာ ၂လနဲ့ ၂၄ရက်။ နောက်တစ်ကြိမ်မှာ ၄လကြိုကြေငြာတယ်။ အဲ့အတိုင်းပဲ မပြောင်းလဲပါဘူး။ အရင်တုန်းကကျင်းပခဲ့တဲ့ နိုဝင်ဘာထဲမှာပဲဖြစ်မှာပါ။ နဂိုအတိုင်းပဲ မပြောင်းလဲသေးဘူး”လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ကပ်ရောဂါကြောင့် စိုးရိမ်မှုများရှိနေပြီး ကိုဗစ်ကိစ္စကို အ ကြောင်းပြုပြီးတော့ နိုင်ငံရေးပါတီတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲကျင်းပမှုဆိုင်ရာ သီးခြားအကြံပြုချက်မရှိသေးကြောင်း၊ မဲဆွယ်စည်းရုံးချိန်မှာ ကိုဗစ်နိုင်တင်းရောဂါအတွက် စိတ်ချရမှုမရှိသေးပါက ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ရှစ်ခုရဲ့ အကြံပြုချက်တွေကို ယူပြီးဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

“တစ်နေရာနဲ့ တစ်နေရာက မတူဘူးလေ။ ရန်ကုန်မှာဆိုရင်တော့ နည်းနည်းများတာပေါ့။ တချို့ဆိုရင် နည်းတယ်။ တချို့ မရှိတဲ့နေရာတွေလည်းရှိတာပေါ့။ သို့သော်လည်း အဲ့ဒါတွေကို ဘယ်နေရာတွေကို ဘယ်လိုလုပ်မလဲဆိုတာ ကျန်းမာရေးဝန်ကြီးဌာန။ သီးခြားအဖွဲ့လေးဖွဲ့ပြီး လုပ်မှာပေါ့။ နောက်ပြီး ဒါနဲ့ ပက်သက်တဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဦးမယ်။ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဦးမယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဘယ်လိုအခြေအနေနဲ့ လုပ်မလဲ။ နိုင်ငံရေးပါတီတွေက ဘယ်လို အခြေအနေနဲ့ လုပ်မလဲ။ သူတို့ အကြံပြုရဦးမှာပေါ့”လို့ ကိုဗစ်၁၉ရောဂါအခြေအနေနဲ့ ပက်သက်ပြီး ဦးမြင့်နိုင်ကပြောပါတယ်။

ဒါ့အပြင် အခုနှစ်ကျင်းပမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနနယ်မြေ အပြောင်းအလဲမရှိပေမယ့်လည်း အမျိုးသားလွှတ်တော်မှာ မဲဆန္ဒနယ်မြေ အနည်းအကျဉ်းလောက် ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။

“နယ်မြေ အကျဉ်းအကျယ်နည်းနည်းပဲ။ မဲဆန္ဒနယ် ၁၂ နေရာက ၁၂ နေရာပဲ။ ဒီဖက်ကျေးရွာအုပ်စုက ဟိုဖက်ပါရင်ပါသွားနိုင်တယ်။ ဒီဖက်ရပ်ကွက်က ဟိုဖက်ရောက်သွားမယ်။ ဒီလိုလေးရှိသွားနိုင်တယ်။ လူဦးရေ ပြန်ချိန်ရတာကို”လို့ ဦးမြင့်နိုင်က ပြောပါတယ်။

အရင်ရွေးကောက်ပွဲတွေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများစုအနိုင်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ရွေးကောက်ပွဲ #ပုံမှန်အတိုင်းကျင်းပမယ်

Zawgyi

လာမယ့္ေရြးေကာက္ပြဲကို အရင္က်င္းပေနက်အတိုင္း နုိဝင္ဘာလအထဲမွာ က်င္းပနုိင္မယ္

ေနၿပည္ေတာ္၊ ဇြန္ ၄-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

လာမယ့္ေရြးေကာက္ပြဲကို အရင္က်င္းပေနက်အတိုင္း နုိဝင္ဘာလအထဲမွာ က်င္းပနုိင္မွာၿဖစ္တယ္လို႔ ၿပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ဝင္ ဦးၿမင့္နုိင္က သတင္းမီဒီယာေတြကုိ ဒီကေန႔မွာပဲ ေၿပာၾကားလိုက္ပါတယ္။

“ေရြးေကာက္ပြဲ ဘယ္ေတာ့က်င္းပမလဲဆိုတာက အရင္လည္းေျဖၿပီးၿပီေပါ့။ အဲ့အတိုင္းမေျပာင္းလဲဘူး။ ပထမတစ္ႀကိမ္မွာ ၂လနဲ႔ ၂၄ရက္။ ေနာက္တစ္ႀကိမ္မွာ ၄လႀကိဳေၾကျငာတယ္။ အဲ့အတိုင္းပဲ မေျပာင္းလဲပါဘူး။ အရင္တုန္းကက်င္းပခဲ့တဲ့ ႏို၀င္ဘာထဲမွာပဲျဖစ္မွာပါ။ နဂိုအတိုင္းပဲ မေျပာင္းလဲေသးဘူး”လုိ႔ ေျပာပါတယ္။

လက္ရွိ ၿမန္မာနုိ္င္ငံမွာ ကုိဗစ္၁၉ကပ္ေရာဂါေၾကာင့္ စုိးရိမ္မႈမ်ားရွိေနၿပီး ကိုဗစ္ကိစၥကို အ ေၾကာင္းၿပဳၿပီးေတာ့ နုိင္ငံေရးပါတီေတြက ၿပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို ေရြးေကာက္ပြဲက်င္းပမႈဆုိင္ရာ သီးၿခားအၾကံၿပဳခ်က္မရွိေသးေၾကာင္း၊ မဲဆြယ္စည္းရံုးခ်ိန္မွာ ကုိဗစ္နုိင္တင္းေရာဂါအတြက္ စိတ္ခ်ရမႈမရွိေသးပါက က်န္းမာေရးဝန္ၾကီးဌာနအပါအဝင္ ဝန္ၾကီးဌာန ရွစ္ခုရဲ့ အၾကံၿပဳခ်က္ေတြကုိ ယူၿပီးေဆာင္ရြက္ရမွာၿဖစ္တယ္လုိ႔ ေၿပာပါတယ္။

“တစ္ေနရာနဲ႔ တစ္ေနရာက မတူဘူးေလ။ ရန္ကုန္မွာဆုိရင္ေတာ့ နည္းနည္းမ်ားတာေပါ့။ တခ်ိဳ႕ဆုိရင္ နည္းတယ္။ တခ်ိဳ႕ မရွိတဲ့ေနရာေတြလည္းရွိတာေပါ့။ သုိ႔ေသာ္လည္း အဲ့ဒါေတြကို ဘယ္ေနရာေတြကုိ ဘယ္လိုလုပ္မလဲဆိုတာ က်န္းမာေရးဝန္ၾကီးဌာန။ သီးၿခားအဖြဲ႔ေလးဖြဲ႔ၿပီး လုပ္မွာေပါ့။ ေနာက္ၿပီး ဒါနဲ႔ ပက္သက္တဲ့ နုိင္ငံေရးပါတီေတြနဲ႔ ေတြ႔ဦးမယ္။ အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔လည္း ေတြ႔ဦးမယ္။ အရပ္ဖက္အဖြဲ႔အစည္းေတြကလည္း ဘယ္လိုအေၿခအေနနဲ႔ လုပ္မလဲ။ နုိင္ငံေရးပါတီေတြက ဘယ္လုိ အေၿခအေနနဲ႔ လုပ္မလဲ။ သူတုိ႔ အၾကံၿပဳရဦးမွာေပါ့”လုိ႔ ကိုဗစ္၁၉ေရာဂါအေၿခအေနနဲ႔ ပက္သက္ၿပီး ဦးၿမင့္နုိင္ကေၿပာပါတယ္။

ဒါ့အၿပင္ အခုႏွစ္က်င္းပမယ့္ေရြးေကာက္ပြဲမွာ ၿပည္သူ႔လႊတ္ေတာ္အတြက္ မဲဆႏၵနနယ္ေၿမ အေၿပာင္းအလဲမရွိေပမယ့္လည္း အမ်ိဳးသားလႊတ္ေတာ္မွာ မဲဆႏၵနယ္ေၿမ အနည္းအက်ဥ္းေလာက္ ေၿပာင္းလဲနုိင္တယ္လို႔ သိရပါတယ္။

“နယ္ေၿမ အက်ဥ္းအက်ယ္နည္းနည္းပဲ။ မဲဆႏၵနယ္ ၁၂ ေနရာက ၁၂ ေနရာပဲ။ ဒီဖက္ေက်းရြာအုပ္စုက ဟိုဖက္ပါရင္ပါသြားနုိင္တယ္။ ဒီဖက္ရပ္ကြက္က ဟုိဖက္ေရာက္သြားမယ္။ ဒီလုိေလးရွိသြားနုိင္တယ္။ လူဦးေရ ၿပန္ခ်ိန္ရတာကို”လို႔ ဦးၿမင့္နုိင္က ေၿပာပါတယ္။

အရင္ေရြးေကာက္ပြဲေတြကုိ ၂၀၁၀ ၿပည့္ႏွစ္၊ နုိဝင္ဘာလ ၇ ရက္ေန႔မွာ က်င္းပခဲ့ၿပီး ၿပည္ေထာင္စု ၾကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီက အမ်ားစုအနုိင္ရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲကုိေတာ့ နုိဝင္ဘာလ ၈ ရက္ေန႔မွာက်င္းပခဲ့ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီက အနုိင္ရရွိခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္ #ေရြးေကာက္ပြဲ #ပံုမွန္အတိုင္းက်င္းပမယ္

Related posts

Leave a Comment

VOM News

FREE
VIEW