မြိတ်မြို့နယ်လေတပ်စခန်းမှ တပ်မိသားစုဝင် (၅)ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

မြိတ်မြို့နယ်လေတပ်စခန်းမှ တပ်မိသားစုဝင် (၅)ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

ကလေး ဇွန် ၄၊၂၀၂၀
ငြိမ်းသူမင်း(VOM)

မြိတ်မြို့နယ်မှာ မိုးကြိုးပစ်ခတ်ခြင်းကြောင့် မြိတ်လေတပ်စခန်းစစ်ဌာနချုပ် အမှတ် (၇၂) လေယာဉ်အုပ်စု မှ တပ်မတော်မိသားစုဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနေ့ ညနေက မိုးတွေလည်းရွာနေတယ်။ အမျိုးသမီး လေးဦးသေတယ်။ ကလေး တစ်ဦးကလည်း သေတယ်။ သေတဲ့ ကလေးကို အမေကဖက်ထားတဲ့အချိန်မှာ မိုးကြိုးပစ်လိုက်တော့ နှစ်ယောက်လုံး သေသွားတယ်။ လူ ၇ ဦးကတော့ ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်”လို့ မြိတ်မြို့ဒေသခံတစ်ဦး က ပြောပါတယ်။

ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်က မြိတ်လေတပ်စခန်းဌာနချုပ် ဖြစ်တဲ့ အမှတ်(၇၂)လေယာဉ်အုပ်စုက ဌာနချုပ်ဒိုင်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ တပ်တွင်း ဖူဆယ်ဘောလုံးပြိုင်ပွဲမှာ မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီမိုးကြိုးပစ်ခတ်တာကြောင့် တပ်မတော်မိသားစုဝင်တွေရဲ့ ဇနီးဖြစ်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၃၄)နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၃၀)အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၃၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး နဲ့ အသက်(၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကြားတော့ ကြားတယ်။ အဲ့ဒီသတင်းကတော့ ကျွန်တော်တို့ဆီတက်လာတာတော့ မရှိဘူး။ ဖြစ်စဉ်ကတော့ ကြားတယ်”လို့ မြိတ်မြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် တပ်မတော်မိသားစုဝင်တွေဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက်(၁၂)အရွယ် မိန်းကလေးတစ်ဦး၊ အသက်(၁၃)နှစ် အရွယ် မိန်းကလေးတစ်ဦး၊ အမျိုးသမီး ၂ ဦး၊ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၅၀)အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၇ ဦးမှာလည်း ဒဏ်ရာတွေနဲ့ မူးမေ့လဲကျခဲ့တာကြောင့် အမှတ်(၅)တပ်မတော် ကုတင်(၁၀၀)ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Photo.Iprd Myeik
#voiceofmyanmar #VOM #မြိတ်မြို့ #မိုးကြိုးပစ် #တပ်မိသားစုဝင်တွေသေဆုံး

Zawgyi

ၿမိတ္ၿမိဳ႕နယ္ေလတပ္စခန္းမွ တပ္မိသားစုဝင္ (၅)ဦး မုိးႀကိဳးပစ္ခံရၿပီးေသဆုံး

ကေလး ဇြန္ ၄၊၂၀၂၀
ၿငိမ္းသူမင္း(VOM)

ၿမိတ္ၿမိဳ႕နယ္မွာ မိုးႀကိဳးပစ္ခတ္ျခင္းေၾကာင့္ ၿမိတ္ေလတပ္စခန္းစစ္ဌာနခ်ဳပ္ အမွတ္ (၇၂) ေလယာဥ္အုပ္စု မွ တပ္မေတာ္မိသားစုဝင္ ၅ ဦး ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

“မေန႔ ညေနက မိုးေတြလည္း႐ြာေနတယ္။ အမ်ိဳးသမီး ေလးဦးေသတယ္။ ကေလး တစ္ဦးကလည္း ေသတယ္။ ေသတဲ့ ကေလးကို အေမကဖက္ထားတဲ့အခ်ိန္မွာ မိုးႀကိဳးပစ္လိုက္ေတာ့ ႏွစ္ေယာက္လုံး ေသသြားတယ္။ လူ ၇ ဦးကေတာ့ ဒဏ္ရာရတယ္။ ဒဏ္ရာရတဲ့သူေတြကေတာ့ စစ္ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနတယ္”လို႔ ၿမိတ္ၿမိဳ႕ေဒသခံတစ္ဦး က ေျပာပါတယ္။

ဇြန္လ ၃ ရက္ေန႔ ညေန ၅ နာရီဝန္းက်င္ေလာက္က ၿမိတ္ေလတပ္စခန္းဌာနခ်ဳပ္ ျဖစ္တဲ့ အမွတ္(၇၂)ေလယာဥ္အုပ္စုက ဌာနခ်ဳပ္ဒိုင္း ဖူဆယ္ေဘာလုံးၿပိဳင္ပြဲ က်င္းပေနတဲ့ တပ္တြင္း ဖူဆယ္ေဘာလုံးၿပိဳင္ပြဲမွာ မိုးႀကိဳးပစ္ခတ္မႈ ျဖစ္ပြားခဲ့ပါတယ္။

အဲ့ဒီမိုးႀကိဳးပစ္ခတ္တာေၾကာင့္ တပ္မေတာ္မိသားစုဝင္ေတြရဲ႕ ဇနီးျဖစ္သူ အသက္ ၃၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ အသက္ (၃၄)ႏွစ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ အသက္ (၃၀)အ႐ြယ္ အမိ်ဳးသမီးတစ္ဦး၊ အသက္(၃၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး နဲ႔ အသက္(၅)ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး စုစုေပါင္း ၅ ဦး ေသဆုံးခဲ့တယ္လုိ႔ သိရပါတယ္။

“ၾကားေတာ့ ၾကားတယ္။ အဲ့ဒီသတင္းကေတာ့ ကြၽန္ေတာ္တို႔ဆီတက္လာတာေတာ့ မရွိဘူး။ ျဖစ္စဥ္ကေတာ့ ၾကားတယ္”လို႔ ၿမိတ္ၿမိဳ႕မရဲစခန္း မွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ဒါ့အျပင္ တပ္မေတာ္မိသားစုဝင္ေတြျဖစ္တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ၊ အသက္(၁၂)အ႐ြယ္ မိန္းကေလးတစ္ဦး၊ အသက္(၁၃)ႏွစ္ အ႐ြယ္ မိန္းကေလးတစ္ဦး၊ အမ်ိဳးသမီး ၂ ဦး၊ အသက္(၁၈)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္ (၅၀)အ႐ြယ္ အမ်ိဳးသမီးတစ္ဦး စုစုေပါင္း ၇ ဦးမွာလည္း ဒဏ္ရာေတြနဲ႔ မူးေမ့လဲက်ခဲ့တာေၾကာင့္ အမွတ္(၅)တပ္မေတာ္ ကုတင္(၁၀၀)ေဆး႐ုံမွာ တက္ေရာက္ေဆးကုသမႈ ခံယူေနတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

Photo.Iprd Myeik
#voiceofmyanmar #VOM #ၿမိတ္ၿမိဳ႕ #မိုးႀကိဳးပစ္ #တပ္မိသားစုဝင္ေတြေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW