ရန်ကုန်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်းစွပ်စွဲချက် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြမှု လက်ခံထား

ရန်ကုန်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်းစွပ်စွဲချက် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြမှု လက်ခံထား ရန်ကုန်။ ဇွန် ၆၊ ၂၀၂၀။ သူရိန် (VOM) ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဆီကို ဇွန်လ ၅ ရက်နေ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုး၊ တင်ပြခဲ့တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီက ဦးကျော်ဇေယျက ပြောပါတယ်။ “ကျွန်တော်က အဆိုတင်လိုက်တယ်။ တင်ခွင့်ရမရဆိုတာက လွှတ်တော်ဥက္ကဌရဲ့ဆုံးဖြတ်ချက်ပေါ့ဗျာ။ လွှတ်တော်ဥက္ကဌက သဘောမတူရင် ဘာမှလုပ်လို့မရဘူး။ ဆိုတော့ ဥက္ကဋ္ဌလက်ခံနိုင်အောင် ကိုယ်စားလှယ်လေးပုံတပုံ လက်မှတ်ထိုးပြီး တင်လိုက်တယ်။ ဥပဒေအရသူလက်မခံလို့မရတော့ဘူး။ ဦးတီခွန်မြတ်ကိစ္စတုန်းကလို မဲခွဲဆုံးဖြတ်ရတော့မယ်။ နိုင်ရင်တော့ ဆက်ရှိနေမှာပေါ့။ ရှုံးရင်တော့သူထွက်ရမှာပေါ့လို့” ့ဦးကျော်ဇေယျက VOM ကိုပြောပါတယ်။ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံက လက်မှတ်ထိုးပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့ အဲ့ဒီအဆိုကို လက်မှတ်ရေးထိုးတင်ပြခဲ့တာကို တိုင်းဒေသကြီးလွှတ်တော်က လက်ခံထားခဲ့တယ်လို့ သူက ဆိုပါတယ်။…

Read More
VOM News

FREE
VIEW