ရန်ကုန်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်းစွပ်စွဲချက် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြမှု လက်ခံထား

ရန်ကုန်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်းစွပ်စွဲချက် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြမှု လက်ခံထား

ရန်ကုန်။ ဇွန် ၆၊ ၂၀၂၀။
သူရိန် (VOM)

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဆီကို ဇွန်လ ၅ ရက်နေ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုး၊ တင်ပြခဲ့တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီက ဦးကျော်ဇေယျက ပြောပါတယ်။

“ကျွန်တော်က အဆိုတင်လိုက်တယ်။ တင်ခွင့်ရမရဆိုတာက လွှတ်တော်ဥက္ကဌရဲ့ဆုံးဖြတ်ချက်ပေါ့ဗျာ။ လွှတ်တော်ဥက္ကဌက သဘောမတူရင် ဘာမှလုပ်လို့မရဘူး။ ဆိုတော့ ဥက္ကဋ္ဌလက်ခံနိုင်အောင် ကိုယ်စားလှယ်လေးပုံတပုံ လက်မှတ်ထိုးပြီး တင်လိုက်တယ်။ ဥပဒေအရသူလက်မခံလို့မရတော့ဘူး။ ဦးတီခွန်မြတ်ကိစ္စတုန်းကလို မဲခွဲဆုံးဖြတ်ရတော့မယ်။ နိုင်ရင်တော့ ဆက်ရှိနေမှာပေါ့။ ရှုံးရင်တော့သူထွက်ရမှာပေါ့လို့” ့ဦးကျော်ဇေယျက VOM ကိုပြောပါတယ်။

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံက လက်မှတ်ထိုးပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့ အဲ့ဒီအဆိုကို လက်မှတ်ရေးထိုးတင်ပြခဲ့တာကို တိုင်းဒေသကြီးလွှတ်တော်က လက်ခံထားခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီစွဲချက်အဆိုကို တင်ဖို့ ပြင်ဆင်နေတာတွေ အငြင်းပွားနေတာတွေကြောင့် ဇွန် ၅ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး စတုတ္ထနေ့ (နောက်ဆုံးနေ့)မှာ လွှတ်တော်ကို နံနက် ၁၀နာရီမှာ ကျင်းပမှာဖြစ်ပေမယ့်၊ ကျင်းပ
ချိန်ထက် မိနစ် ၄၀ကျော်နီးပါး နောက်ကျခဲ့ရတယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးတင်ပြမှုကို လွှတ်တော်ဥက္ကဌက လက်ခံပြီးဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ရက်တွေမှာ ကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွေမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

“ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်း လက်မှတ်ရေးထိုးတင်ပြတဲ့ အကြောင်းအရာကတော့ဟုတ်ပါတယ်။ စွပ်စွဲပြစ်တင်တာ (Impeach) ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃ အရ ဝန်ကြီးချုပ်ဘက်က လွှတ်တော်ကနေ ပေးအပ်တဲ့ တာဝန်ကိုပျက်ကွက်တယ်။ လိုက်နာဆောင်ရွက်ခြင်း မရှိဘူး ဆိုတာကိုတင်တာ။ လွှတ်တော်ဥက္ကဌက လက်ခံထားတယ်” လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ကလည်း ထပ်မံအတည်ပြု ပြောပါတယ်။

လွှတ်တော် အစည်းအဝေး စတင်တဲ့နေ့တုန်းက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ကဝန်ကြီးချုပ်အပါ အဝင် အစိုးရအဖွဲ့ဝင်တွေကို အရေးယူဆောင်ရွက်ပေးဖို့ အရေးကြီးအဆို တင်ခဲ့ပေမယ့် တင်သွင်းခွင့် မရခဲ့ပါဘူး။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇွန် ၂ရက်က‌နေ၅ရက်အထိပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုဥပဒေကြမ်းကို အတည်ပြုတာ၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်း
(လျာထားချက်)အား အတည်ပြုတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

#VoiceOfMyanmar #VOM #YagonRegionalParliament #YangonChiefMinister #ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း #ဦးဖြိုးမင်းသိန်း

……………..

ရန္ကုန္၀န္ႀကီးခ်ဳပ္ကို အယုံအၾကည္မရွိေၾကာင္းစြပ္စြဲခ်က္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တင္ျပမႈ လက္ခံထား

ရန္ကုန္။ ဇြန္ ၆၊ ၂၀၂၀။
သူရိန္ (VOM)

ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို အယုံအၾကည္မရွိေၾကာင္းအဆိုကို တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠဌဆီကို ဇြန္လ ၅ ရက္ေန႔ တိုင္းေဒသၾကီးလႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက လက္မွတ္ေရးထိုး၊ တင္ျပခဲ့တယ္လို႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီက ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

“ကြၽန္ေတာ္က အဆိုတင္လိုက္တယ္။ တင္ခြင့္ရမရဆိုတာက လႊတ္ေတာ္ဥကၠဌရဲ႕ဆုံးျဖတ္ခ်က္ေပါ့ဗ်ာ။ လႊတ္ေတာ္ဥကၠဌက သေဘာမတူရင္ ဘာမွလုပ္လို႔မရဘူး။ ဆိုေတာ့ ဥကၠ႒လက္ခံႏိုင္ေအာင္ ကိုယ္စားလွယ္ေလးပုံတပုံ လက္မွတ္ထိုးၿပီး တင္လိုက္တယ္။ ဥပေဒအရသူလက္မခံလို႔မရေတာ့ဘူး။ ဦးတီခြန္ျမတ္ကိစၥတုန္းကလို မဲခြဲဆုံးျဖတ္ရေတာ့မယ္။ ႏိုင္ရင္ေတာ့ ဆက္ရွိေနမွာေပါ့။ ရႈံးရင္ေတာ့သူထြက္ရမွာေပါ့လို႔” ႔ဦးေက်ာ္ေဇယ်က VOM ကိုေျပာပါတယ္။

ရန္ကုန္တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပံုတပံုက လက္မွတ္ထိုးျပီး ရန္ကုန္တိုင္းဝန္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းကို အယံုအၾကည္မရွိေၾကာင္း စြပ္စြဲျပစ္တင္တဲ့ အဲ့ဒီအဆိုကို လက္မွတ္ေရးထိုးတင္ျပခဲ့တာကို တိုင္းေဒသၾကီးလႊတ္ေတာ္က လက္ခံထားခဲ့တယ္လို႔ သူက ဆိုပါတယ္။

ဒီစြဲခ်က္အဆိုကို တင္ဖို႔ ျပင္ဆင္ေနတာေတြ အျငင္းပြားေနတာေတြေၾကာင့္ ဇြန္ ၅ရက္က ျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး စတုတၳေန႔ (ေနာက္ဆုံးေန႔)မွာ လႊတ္ေတာ္ကို နံနက္ ၁၀နာရီမွာ က်င္းပမွာျဖစ္ေပမယ့္၊ က်င္းပ
ခ်ိန္ထက္ မိနစ္ ၄၀ေက်ာ္နီးပါး ေနာက္က်ခဲ့ရတယ္လို႔လည္း သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို အယုံအၾကည္မရွိေၾကာင္း တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံၿဖိဳးေရးပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ လက္မွတ္ေရးထိုးတင္ျပမႈကို လႊတ္ေတာ္ဥကၠဌက လက္ခံၿပီးျဖစ္တဲ့အတြက္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေနာက္ရက္ေတြမွာ က်င္းပမယ့္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝးေတြမွာ ေဆြးေႏြးမွာ ျဖစ္ပါတယ္။

“ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ကို အယုံအၾကည္မရွိေၾကာင္း လက္မွတ္ေရးထိုးတင္ျပတဲ့ အေၾကာင္းအရာကေတာ့ဟုတ္ပါတယ္။ စြပ္စြဲျပစ္တင္တာ (Impeach) ေပါ့။ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၆၃ အရ ၀န္ႀကီးခ်ဳပ္ဘက္က လႊတ္ေတာ္ကေန ေပးအပ္တဲ့ တာ၀န္ကိုပ်က္ကြက္တယ္။ လိုက္နာေဆာင္႐ြက္ျခင္း မရွိဘူး ဆိုတာကိုတင္တာ။ လႊတ္ေတာ္ဥကၠဌက လက္ခံထားတယ္” လို႔ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစံေက်ာ္ကလည္း ထပ္မံအတည္ျပဳ ေျပာပါတယ္။

လႊတ္ေတာ္ အစည္းအေဝး စတင္တဲ့ေန႔တုန္းက တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ရန္ကုန္တိုင္းေဒသႀကီးအစိုးအဖြဲ႕က၀န္ႀကီးခ်ဳပ္အပါ အ၀င္ အစိုးရအဖြဲ႕၀င္ေတြကို အေရးယူေဆာင္႐ြက္ေပးဖို႔ အေရးႀကီးအဆို တင္ခဲ့ေပမယ့္ တင္သြင္းခြင့္ မရခဲ့ပါဘူး။

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ အေရးေပၚအစည္းအေဝးကို ဇြန္ ၂ရက္က‌ေန၅ရက္အထိျပဳလုပ္ခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီးရဲ႕ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသုံးစြဲမႈဥပေဒၾကမ္းကို အတည္ျပဳတာ၊ ရန္ကုန္တိုင္းေဒသႀကီးရဲ႕ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္အတြက္ ရသုံးခန႔္မွန္းေျခေငြစာရင္း
(လ်ာထားခ်က္)အား အတည္ျပဳတာေတြ ေဆာင္႐ြက္ခဲ့ပါတယ္။

#VoiceOfMyanmar #VOM #YagonRegionalParliament #YangonChiefMinister #ဝန္ၾကီးခ်ဳပ္ဦးျဖိဳးမင္းသိန္း #ဦးျဖိဳးမင္းသိန္း

Related posts

Leave a Comment

VOM News

FREE
VIEW