သက်တန်းရင့် ပျဉ်းကတိုးပင်ကြီး(၂၀)ခန့် ခိုးလှဲခံရ
သက်တန်းရင့် ပျဉ်းကတိုးပင်ကြီး(၂၀)ခန့် ခိုးလှဲခံရ မုံရွာ၊ ဇူလိုင် ၅-၂၀၂၀ ခင်မေစန်း(VOM) အမျိုးသားဥယာဉ်နဲ့ ထိစပ်နေတဲ့ ပုလဲမြို့နယ်အစပ် အလောင်းတော်ကဿပအမျိုးသား ဥယာဉ်ပိုင်နက်အတွင်း သက်တန်းရင့်ပျဉ်းကတိုးပင်ကြီး ၁၆ပင်အပါအဝင် အပင် ၂၀ ခိုးခုတ်လှဲခြင်းခံရတယ်လို့ အမျိုးသားဥယာဉ် အုပ်ချုပ်ရေးရုံးကပြောပါတယ်။ “ဇွန်လ ၃၀ ရက်နေ့က အလောင်းတော်ကဿပအမျိုးသားဥယာဉ် ထိန်းသိမ်းရေးအဖွဲ့ က ဥယာဉ်ဧရိယာအတွင်း ကင်းလှည့်ရာမှာ ပုလဲမြို့နယ်အစပ်က သက်တမ်း ငါးဆယ်ကျော်ပျဉ်းကတိုးပင် ၁၆ ပင်နဲ့ သစ်ယာပင်ကြီး ၄ ပင်ကို ခိုးယူခုတ်လှဲထားတာကို တွေ့ရှိခဲ့ရတယ်။ ပုလဲနယ်ဘက်ကတက်လာပြီး သစ်ပင်တွေ ခိုးယူဖို့ မေလပိုင်းထဲက ခုတ်လှဲထားခဲ့တယ်၊ အစောင့်တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကင်းချိန်းချိန် အလစ်ဝင်လုပ်သွားတယ်၊ လှဲထားတာကို ဇွန်လဆန်းလောက်ထဲက သိထားပြီး တရားခံတွေမိဖို့ကို ဆက်စုံစမ်းနေပါတယ်”လို့ အုပ်ချုပ်ရေးရုံး ဦးစီးအရာရှိဦးအောင်မောင်းကပြောပါတယ်။ ခုတ်လှဲခံရတဲ့ အပင်ငုတ်များအရေအတွက်အရ အပင်(၂၀)ရှိတယ်လို့သိရပြီး အပိုင်းဖြတ်ထားပြီး သား ပျဉ်းကတိုး (၃၀) လုံး၊…
Read More
ကျောက်ထုမြို့တွင် နေ့လယ်ခင်းအချိန် နေအိမ်အတွင်း ဝင်ရောက်ပြီး ဆွဲကြိုးလုယူမှုဖြစ်ပွား
ကျောက်ထုမြို့တွင် နေ့လယ်ခင်းအချိန် နေအိမ်အတွင်း ဝင်ရောက်ပြီး ဆွဲကြိုးလုယူမှုဖြစ်ပွား ကလေး ဇူလိုင် ၅-၂၀၂၀ ငြိမ်းသူမင်း(VOM) မကွေးတိုင်း၊ ကျောက်ထုမြို့၊ မန္တလေး-ကျောက်ထု ကားလမ်းမကြီးဘေးမှာ ရာသီပေါ်သီးနှံရောင်းချနေတဲ့ နေအိမ်အတွင်း အမျိုးသားနှစ်ဦးက ဝင်ရောက်လာပြီး အိမ်ရှင်ဆီကနေ ဆွဲကြိုးလုယူထွက်ပြေးတဲ့ဖြစ်စဉ် မနေ့ ဇူလိုင်(၄)ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ အခင်းဖြစ်ပွားခဲ့တဲ့ ဂုံဘိုရပ်ကွက် အုပ်ချုပ်ရေးမှူးဦးခင်မောင်ယောကပြောပါတယ်။ ဂုံဘိုရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်မိခိုင်ဆိုသူဟာ ရာသီပေါ်သီးနှံရောင်းချနေသူဖြစ်ပြီး သူ့ရဲ့ အိမ်ဈေးဆိုင်ရှေ့ လက်ဖက်ရည်ဆိုင်ထဲကနေ နှာခေါင်းစည်းတပ်ဆင်ထားတဲ့ အမျိုးသားနှစ်ဦးဟာ လက်ဖက်ရည်ဆိုင်ထဲကနေ ထွက်လာပြီး ဒေါ်မိခိုင်ဆီကနေ ဈေးဝယ်နေရင်း အခုလိုဖြစ်သွားတာလို့ သိရပါတယ်။ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ယောပြောပြတာက “လက်ဖက်ရည်ဆိုင်ထဲက ထွက်လာပြီး ခရမ်းချည်သီး နဲ့ ခါကြက်ဥဝယ်တယ်။ အဲ့ဒါကို ကြက်သွန်နီကို အိမ်ထဲကနေ ယူချင်တယ်ပြောပြီး တစ်ယောက်က အိမ်ထဲဝင်သွားတယ်။ သူကလည်း အိမ်ထဲလိုက်ဝင်ပြီး ကြက်သွန်နီကရေစိုတယ်ပြောချိန်မှာ သူ့ရဲ့ လည်ပင်းကိုညှစ်ပြီး အိမ်ထဲကိုဆွဲခေါ်တယ်။ အဲ့ဒါပြီးမှ…
Read More
ဟိုက်ဒြောက်စီကရိုလိုကွင်းဆေးနဲ့ ကိုဗစ်-၁၉ ရောဂါကုသမှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရပ်ဆိုင်း
ဟိုက်ဒြောက်စီကရိုလိုကွင်းဆေးနဲ့ ကိုဗစ်-၁၉ ရောဂါကုသမှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရပ်ဆိုင်း ဂျီနီဗာ၊ ဇူလိုင်-၅-၂၀၂၀ မျိုးဆက် (VOM) ဆေးရုံတက်နေရတဲ့ ကိုဗစ်-၁၉ လူနာတွေရဲ့ သေဆုံးမှုကိုလျှော့ချနိုင်ခြင်းမရှိတာကြောင့် ငှက်ဖျားပျောက်ဆေး ဟိုက်ဒြောက်စီကရိုလိုကွင်းနဲ့ အိပ်ချ်အိုင်ဗီဆေးဝါးနှစ်မျိုးပေါင်းစပ်ပြီး လူနာတွေအပေါ် စမ်းသပ်ကုသနေတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရပ်ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်နေ့တည်း နှစ်သိန်းကျော်ကူးစက်မှုတွေရှိနေချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဟိုက်ဒြောက်စီကရိုလိုကွင်းဆေးနဲ့ စမ်းသပ်ကုသမှုကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ဇူလိုင် ၃ ရက်မှာ ကမ္ဘာတစ်ဝန်း ကူးစက်မှုသစ် နှစ်သိန်းကျော်အနက် ငါးသောင်းကျော်ဟာ အမေရိကန်မှာ ဖြစ်ပါတယ်။ စမ်းသပ်မှုရလဒ်တွေအရ ဟိုက်ဒြောက်စီကရိုလိုကွင်း နဲ့ အိပ်ချ်အိုင်ဗီဆေးနှစ်မျိုးပေါင်းစပ် ကုသခြင်းဟာ ပုံမှန်ကုသမှုတွေနဲ့နှိုင်းယှဉ်ရင် ဆေးရုံတက်နေရတဲ့ ကိုဗစ်-၁၉ လူနာတွေရဲ့ သေဆုံးမှုကို အနည်းငယ် ဒါမှမဟုတ် လုံးဝလျှော့ချနိုင်ခြင်းမရဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ စမ်းသပ်ကုသမှုဆိုင်ရာ နိုင်ငံတကာစောင့်ကြည့်ရေးကော်မတီရဲ့ ထောက်ခံချက်နဲ့ ချမှတ်လိုက်တဲ့ အဆိုပါဆုံးဖြတ်ချက်ကြောင့် ဆေးရုံမတက်ရတဲ့လူနာတွေ…
Read More
မုံရွာမြို့က ချင်းတွင်းWater Parkမှာ လူတစ်ဦး အမောဖေါက်သေဆုံး
မုံရွာမြို့က ချင်းတွင်းWater Parkမှာ လူတစ်ဦး အမောဖေါက်သေဆုံး မုံရွာ၊ ဇူလိုင် ၅-၂၀၂၀ ရန်နိုင်စိုး(VOM) မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ရေကစားဥယာဉ် ချင်းတွင်း Water Parkမှာ မနေ့ဇူလိုင် ၄ရက်နေ့ နေ့လယ်ပိုင်းက အသက် (၃၀)ခန့် အမျိုးသား(၁)ဦး ရေကစားရင်းအမောဖောက်လာတဲ့အတွက် ဆေးရုံကိုပို့ဆောင်ခဲ့ရပြီး ဆေးရုံမှာပဲသေဆုံးခဲ့တယ်လို့ မုံရွာနယ်မြေစခန်းက အတည်ပြုပြောပါတယ်။ “အသက် သုံးဆယ့်တစ်နှစ် အမျိုးသား အရက်မူးတာ ၊ အသောက်များပြီး အမူးလွန်နေတယ် ၊ ကစားရင်း အမောဖောက်လာလို့ ဝိုင်းကူနှိပ်ပေးရင်း အန်တယ်၊ ဆီးတွေသွားတယ်၊ ဆေးရုံပို့တော့ သေသွားတယ်၊ ရင်ခွဲစစ်ဆေးရာမှာလည်း ရိုးရိုး သေဆုံးတယ်လို့အဖြေထွက်ပါတယ်။ ဘေးက ဝိုင်းတော့ လုပ်ပေးကြသေးတယ် ။ ဒါပေမယ့် မရခဲ့ဘူး ။ အသောက်နဲနဲများတော့ အမောဖောက်တာပေါ့ ။ ပြင်ပ ဒဏ်ရာမရှိဘူး။ ဆေးရုံရောက်မှသေတာ ” လို့ မုံရွာနယ်မြေရဲစခန်းမှာ…
Read More
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံနဲ့အပြိုင် အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံနဲ့အပြိုင် အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့် ဝါရှင်တန်၊ ဇူလိုင်-၅-၂၀၂၀ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်နေချိန်မှာပဲ အမေရိကန်ကလည်း လေယာဉ်တင်သင်္ဘောနှစ်စင်းနဲ့ အဲ့ဒီဒေသမှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ပါတယ်။ နျူကလီးယားစွမ်းအင်သုံး ယူအက်စ်အက်စ် ရော်နယ်ရေဂင်နဲ့ ယူအက်စ်အက်စ်နီမစ်ဇ်တို့ဟာ မနေ့ ဇူလိုင် ၄ ရက်မှာ တောင်တရုတ်ပင်လယ်ပြင်အတွင်း စစ်ရေးလေ့ကျင့်မှု စတင်ခဲ့တယ်လို့ အမေရိကန်ရေတပ် တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတကာဥပဒေတွေက ခွင့်ပြုထားတဲ့ ဘယ်နေရာမှာမဆို နိုင်ငံအားလုံးရဲ့လွတ်လပ်စွာ ပျံသန်းခွင့်၊ ခုတ်မောင်းခွင့်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ရပ်တည်ချက်ကို မီးမောင်းထိုးပြတာဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်းရှိ ပရာစဲကျွန်းစုအနီးမှာ ဇူလိုင် ၁ ရက်ကစတင်ကာ စစ်ရေးလေ့ကျင့်နေပြီး ဇူလိုင် ၅ ရက်မှာပြီးဆုံးမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ တောင်တရုတ်ပင်လယ်ပြင် အခြေအနေနဲ့ပတ်သက်ပြီး နောက်ထပ် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန်က တရုတ်နိုင်ငံအပေါ် ပြစ်တင်ရှုတ်ချထားပါတယ်။ Ref…
Read More
ရခိုင်ပြည်နယ်မှာ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၂ သောင်းကျော်ထပ်တိုး
ရခိုင်ပြည်နယ်မှာ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၂ သောင်းကျော်ထပ်တိုး စစ်တွေ၊ ဇူလိုင် ၅- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး ညွှန်ကြားချက်ကြောင့် ယခုတစ်ပတ်အတွင်း စစ်ဘေးရှောင် (၂) သောင်းကျော်ထပ်တိုးလာတယ်လို့ သိရပါတယ်။ ရခိုင်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ရွှေလောင်းတင်ကျေးရွာက ထွက်ပြေးလာသူ ဒေါ်မတင်ဦးပြောပြတာကတော့” ကျမတို့ ဒီကိုထွက်ပြေးလာတာက တနင်္လာနေ့က ရောက်တာပါ။ စစ်သားတွေပစ်ပြီးတော့ တက်လာပါတယ်။ စစ်သားတွေကိုမြင်တော့မှ ကျမတို့က ထွက်ပြေးလာတာပါ။ မြစ်ကလည်း ပစ်ပါတယ်။ စစ်သားတွေက ကုန်းပေါ်တွေကလည်းပစ်ပါတယ်။ အဲဒါမှာ ကျမတို့ထွက်ပြေးလာကြတာ။ သားသမီးတွေကိုလည်း စစ်ဖို့မရဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒီအတိုင်းပြေးလာရတာ။” လို့ VOM ကို သူတို့ ထွက်ပြေးလာရတဲ့အကြောင်း အရာတွေကို ပြောပြထားပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီကတော့ တပ်မတော်စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေကို ပစ်ခတ်တာမျိုးမရှိဘူးလို့…
Read More
လယ်သမားတွေဆီကနေ ငွေ ၁၈ သိန်းကျော်တောင်းခံတဲ့ ပုသိမ်မြို့နယ် လယ်/စီဦးစီးမှူးကို အဂတိလိုက်စားမှုနဲ့ ရဲတပ်ဖွဲ့ဖမ်ဆီးထား
လယ်သမားတွေဆီကနေ ငွေ ၁၈ သိန်းကျော်တောင်းခံတဲ့ ပုသိမ်မြို့နယ် လယ်/စီဦးစီးမှူးကို အဂတိလိုက်စားမှုနဲ့ ရဲတပ်ဖွဲ့ဖမ်ဆီးထား ပုသိမ်၊ ဇူလိူင် ၅-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနမြို့နယ်ဦးစီးမှုး ဦးကိုကိုနိုင်ဆိုသူကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ – ၅၆နဲ့ ပုသိမ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူဟာ ပုသိမ်မြို့ကိုမပြောင်းရွှေ့ခင် ရေကြည်မြို့နယ်မှာ ဦးစီးမှုးအဖြစ် တာဝန်ထမ်းဆောင်စဉ် လယ်ယာမြေပုံစံ(၇)ထုတ်ပေးရာမှာ တောင်သူတွေဆီက ငွေကြေး၁၈သိန်းကျော် တောင်းခံခဲ့တဲ့အတွက် လယ်သမားတွေက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာလို့ သိရပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးချက်အရ ဦးကိုကိုနိင်ဟာ တောင်သူတွေဆီကငွေကြေးတောင်းခံခဲ့တာကို ပေါ်ပေါက်ခဲ့တာကြောင့် ရေကြည်မြို့မစခန်းမှာ ဇူလိူင်၃ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပြီး ရေကြည်မြို့နယ်တရားသူကြီးရဲ့နူတ်မိန့်နဲ့ ပုသိမ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။ “အဂတိလိုက်စားမူတိုက်ဖျက်ရေးအဖွဲ့ကပဲ တရားစွဲတာပေါ့၊ သူကရေကြည်မြို့မှာကျူးလွန်ခဲ့တဲ့အတွက် ရေကြည်တရားရုံးမှာ ချုပ်ရက်ရမာန်ယူတော့ ပုသိမ်မြို့မစခန်းမှာ ထိန်းသိမ်းထားဖို့ တရားသူကြီးက နူတ်မိန့်ပေးတဲ့အတွက် ပုသိမ်ကိုပဲပြန်ခေါ်ထားတာပါ”လို့ ပုသိမ်မြို့မရဲစခန်းမှ စခန်းမှုး…
Read More
နေပြည်တော်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိရဲ့လား
Read More
VOM News
FREE
VIEW