ဟိုက်ဒြောက်စီကရိုလိုကွင်းဆေးနဲ့ ကိုဗစ်-၁၉ ရောဂါကုသမှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရပ်ဆိုင်း

ဟိုက်ဒြောက်စီကရိုလိုကွင်းဆေးနဲ့ ကိုဗစ်-၁၉ ရောဂါကုသမှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရပ်ဆိုင်း

ဂျီနီဗာ၊ ဇူလိုင်-၅-၂၀၂၀
မျိုးဆက် (VOM)

ဆေးရုံတက်နေရတဲ့ ကိုဗစ်-၁၉ လူနာတွေရဲ့ သေဆုံးမှုကိုလျှော့ချနိုင်ခြင်းမရှိတာကြောင့် ငှက်ဖျားပျောက်ဆေး ဟိုက်ဒြောက်စီကရိုလိုကွင်းနဲ့ အိပ်ချ်အိုင်ဗီဆေးဝါးနှစ်မျိုးပေါင်းစပ်ပြီး လူနာတွေအပေါ် စမ်းသပ်ကုသနေတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရပ်ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်နေ့တည်း နှစ်သိန်းကျော်ကူးစက်မှုတွေရှိနေချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဟိုက်ဒြောက်စီကရိုလိုကွင်းဆေးနဲ့ စမ်းသပ်ကုသမှုကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ဇူလိုင် ၃ ရက်မှာ ကမ္ဘာတစ်ဝန်း ကူးစက်မှုသစ် နှစ်သိန်းကျော်အနက် ငါးသောင်းကျော်ဟာ အမေရိကန်မှာ ဖြစ်ပါတယ်။

စမ်းသပ်မှုရလဒ်တွေအရ ဟိုက်ဒြောက်စီကရိုလိုကွင်း နဲ့ အိပ်ချ်အိုင်ဗီဆေးနှစ်မျိုးပေါင်းစပ် ကုသခြင်းဟာ ပုံမှန်ကုသမှုတွေနဲ့နှိုင်းယှဉ်ရင် ဆေးရုံတက်နေရတဲ့ ကိုဗစ်-၁၉ လူနာတွေရဲ့ သေဆုံးမှုကို အနည်းငယ် ဒါမှမဟုတ် လုံးဝလျှော့ချနိုင်ခြင်းမရဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

စမ်းသပ်ကုသမှုဆိုင်ရာ နိုင်ငံတကာစောင့်ကြည့်ရေးကော်မတီရဲ့ ထောက်ခံချက်နဲ့ ချမှတ်လိုက်တဲ့ အဆိုပါဆုံးဖြတ်ချက်ကြောင့် ဆေးရုံမတက်ရတဲ့လူနာတွေ ဒါမှမဟုတ် ကာကွယ်မှုအဖြစ် ဆေးဝါးတွေကို အသုံးပြုတဲ့ အခြားသော လေ့လာမှုတွေအပေါ် သက်ရောက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်တဲ့ အခြားအဖွဲ့တစ်ဖွဲ့ကတော့ ကိုဗစ်-၁၉ လူနာတွေကို Remdesivir ဆေးရဲ့ အလားအလာရှိတဲ့ အကျိုးသက်ရောက်မှုအပေါ် လေ့လာမှုတွေပြုလုပ်နေပါတယ်။

အဲဒီဆေးဟာ ဆေးရုံတက်နေရတဲ့ လူနာတွေ ပြန်လည်သက်သာချိန်ကို တိုတောင်းစေတဲ့အတွက် Remdesivir ဆေးကိုအသုံးပြုဖို့ ခြွင်းချက်အနေနဲ့ ဥရောပကော်မရှင်က ဇူလိုင် ၃ ရက်မှာ ခွင့်ပြုခဲ့ပါတယ်။

Ref : CNA
Photo:Reuters
#voiceofmyanmar #VOM #ဂျီနီဗာ

Zawgyi

ဟိုက္ေျဒာက္စီကရိုလိုကြင္းေဆးနဲ႔ ကိုဗစ္-၁၉ ေရာဂါကုသမႈ ကမၻာ႔က်န္းမာေရးအဖြဲ႔ ရပ္ဆိုင္း

ဂ်ီနီဗာ၊ ဇူလိုင္-၅-၂၀၂၀
မ်ိဳးဆက္ (VOM)

ေဆးရံုတက္ေနရတဲ႔ ကိုဗစ္-၁၉ လူနာေတြရဲ႕ ေသဆံုးမႈကိုေလွ်ာ႔ခ်နိုင္ျခင္းမရိွတာေၾကာင္႔ ငွက္ဖ်ားေပ်ာက္ေဆး ဟိုက္ေျဒာက္စီကရိုလိုကြင္းနဲ႔ အိပ္ခ်္အိုင္ဗီေဆး၀ါးနွစ္မ်ိဳးေပါင္းစပ္ျပီး လူနာေတြအေပၚ စမ္းသပ္ကုသေနတာကို ကမၻာ႔က်န္းမာေရးအဖြဲ႔က ရပ္ဆိုင္းလိုက္တယ္လို႔ ေျပာပါတယ္။
ကမၻာတစ္၀န္း ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူ တစ္ေန႔တည္း နွစ္သိန္းေက်ာ္ကူးစက္မႈေတြရိွေနခ်ိန္မွာ ကမၻာ႔က်န္းမာေရးအဖြဲ႔က ဟိုက္ေျဒာက္စီကရိုလိုကြင္းေဆးနဲ႔ စမ္းသပ္ကုသမႈကို ရပ္ဆိုင္းလိုက္တာျဖစ္ပါတယ္။ ဇူလိုင္ ၃ ရက္မွာ ကမၻာတစ္၀န္း ကူးစက္မႈသစ္ နွစ္သိန္းေက်ာ္အနက္ ငါးေသာင္းေက်ာ္ဟာ အေမရိကန္မွာ ျဖစ္ပါတယ္။

စမ္းသပ္မႈရလဒ္ေတြအရ ဟိုက္ေျဒာက္စီကရိုလိုကြင္း နဲ႔ အိပ္ခ်္အိုင္ဗီေဆးနွစ္မ်ိဳးေပါင္းစပ္ ကုသျခင္းဟာ ပံုမွန္ကုသမႈေတြနဲ႔နိႈင္းယွဥ္ရင္ ေဆးရံုတက္ေနရတဲ႔ ကိုဗစ္-၁၉ လူနာေတြရဲ႕ ေသဆံုးမႈကို အနည္းငယ္ ဒါမွမဟုတ္ လံုး၀ေလွ်ာ႔ခ်နိုင္ျခင္းမရဘူးလို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔က ေျပာပါတယ္။

စမ္းသပ္ကုသမႈဆိုင္ရာ နုိင္ငံတကာေစာင္႔ၾကည္႔ေရးေကာ္မတီရဲ႕ ေထာက္ခံခ်က္နဲ႔ ခ်မွတ္လိုက္တဲ႔ အဆိုပါဆံုးျဖတ္ခ်က္ေၾကာင္႔ ေဆးရံုမတက္ရတဲ႔လူနာေတြ ဒါမွမဟုတ္ ကာကြယ္မႈအျဖစ္ ေဆး၀ါးေတြကို အသံုးျပဳတဲ႔ အျခားေသာ ေလ႔လာမႈေတြအေပၚ သက္ေရာက္မွာမဟုတ္ဘူးလို႔ ေျပာပါတယ္။

ကမၻာ႔က်န္းမာေရးအဖြဲ႔ဦးေဆာင္တဲ႔ အျခားအဖြဲ႔တစ္ဖြဲ႔ကေတာ႔ ကိုဗစ္-၁၉ လူနာေတြကို Remdesivir ေဆးရဲ႕ အလားအလာရိွတဲ႔ အက်ိဳးသက္ေရာက္မႈအေပၚ ေလ႔လာမႈေတြျပဳလုပ္ေနပါတယ္။

အဲဒီေဆးဟာ ေဆးရံုတက္ေနရတဲ႔ လူနာေတြ ျပန္လည္သက္သာခ်ိန္ကို တိုေတာင္းေစတ႔ဲအတြက္ Remdesivir ေဆးကိုအသံုးျပဳဖို႔ ျခြင္းခ်က္အေနနဲ႔ ဥေရာပေကာ္မရွင္က ဇူလိုင္ ၃ ရက္မွာ ခြင္႔ျပဳခဲ႔ပါတယ္။

Ref : CNA
Photo:Reuters
#voiceofmyanmar #VOM #ဂ်ီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW