တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံနဲ့အပြိုင် အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံနဲ့အပြိုင် အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်

ဝါရှင်တန်၊ ဇူလိုင်-၅-၂၀၂၀
မျိုးဆက်(VOM)

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်နေချိန်မှာပဲ အမေရိကန်ကလည်း လေယာဉ်တင်သင်္ဘောနှစ်စင်းနဲ့ အဲ့ဒီဒေသမှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ပါတယ်။

နျူကလီးယားစွမ်းအင်သုံး ယူအက်စ်အက်စ် ရော်နယ်ရေဂင်နဲ့ ယူအက်စ်အက်စ်နီမစ်ဇ်တို့ဟာ မနေ့ ဇူလိုင် ၄ ရက်မှာ တောင်တရုတ်ပင်လယ်ပြင်အတွင်း စစ်ရေးလေ့ကျင့်မှု စတင်ခဲ့တယ်လို့ အမေရိကန်ရေတပ် တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတကာဥပဒေတွေက ခွင့်ပြုထားတဲ့ ဘယ်နေရာမှာမဆို နိုင်ငံအားလုံးရဲ့လွတ်လပ်စွာ ပျံသန်းခွင့်၊ ခုတ်မောင်းခွင့်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ရပ်တည်ချက်ကို မီးမောင်းထိုးပြတာဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ပြင်အတွင်းရှိ ပရာစဲကျွန်းစုအနီးမှာ ဇူလိုင် ၁ ရက်ကစတင်ကာ စစ်ရေးလေ့ကျင့်နေပြီး ဇူလိုင် ၅ ရက်မှာပြီးဆုံးမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ တောင်တရုတ်ပင်လယ်ပြင် အခြေအနေနဲ့ပတ်သက်ပြီး နောက်ထပ် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန်က တရုတ်နိုင်ငံအပေါ် ပြစ်တင်ရှုတ်ချထားပါတယ်။

Ref : NHK
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

ေတာင္တရုတ္ပင္လယ္ျပင္မွာ တရုတ္နိုင္ငံနဲ႔အျပိဳင္ အေမရိကန္ေရတပ္ စစ္ေရးေလ႔က်င္႔

၀ါရွင္တန္၊ ဇူလိုင္-၅-၂၀၂၀
မ်ိဳးဆက္(VOM)

ေတာင္တရုတ္ပင္လယ္ျပင္မွာ တရုတ္နုိင္ငံက စစ္ေရးေလ႔က်င္႔ေနခ်ိန္မွာပဲ အေမရိကန္ကလည္း ေလယာဥ္တင္သေဘၤာနွစ္စင္းနဲ႔ အ့ဲဒီေဒသမွာ စစ္ေရးေလ႔က်င္႔မႈျပဳလုပ္ေနတယ္လို႔ အေမရိကန္ေရတပ္က ထုတ္ျပန္ပါတယ္။

န်ဴကလီးယားစြမ္းအင္သံုး ယူအက္စ္အက္စ္ ေရာ္နယ္ေရဂင္နဲ႔ ယူအက္စ္အက္စ္နီမစ္ဇ္တို႔ဟာ မေန႔ ဇူလိုင္ ၄ ရက္မွာ ေတာင္တရုတ္ပင္လယ္ျပင္အတြင္း စစ္ေရးေလ႔က်င္႔မႈ စတင္ခဲ႔တယ္လိ္ု႔ အေမရိကန္ေရတပ္ တာ၀န္ရိွသူေတြက ေျပာပါတယ္။

စစ္ေရးေလ႔က်င္႔မႈဟာ နိုင္ငံတကာဥပေဒေတြက ခြင္႔ျပဳထားတဲ႔ ဘယ္ေနရာမွာမဆို နိုင္ငံအားလံုးရဲ႕လြတ္လပ္စြာ ပ်ံသန္းခြင္႔၊ ခုတ္ေမာင္းခြင္႔နဲ႔ပတ္သက္ျပီး အေမရိကန္ရဲ႕ရပ္တည္ခ်က္ကို မီးေမာင္းထိုးျပတာျဖစ္တယ္လို႔ အေမရိကန္တာ၀န္ရိွသူတစ္ဦးကေျပာပါတယ္။

တရုတ္နုိင္ငံဟာ ေတာင္တရုတ္ပင္လယ္ျပင္အတြင္းရိွ ပရာစဲကြ်န္းစုအနီးမွာ ဇူလိုင္ ၁ ရက္ကစတင္ကာ စစ္ေရးေလ႔က်င္႔ေနျပီး ဇူလိုင္ ၅ ရက္မွာျပီးဆံုးမွာျဖစ္ပါတယ္။

တရုတ္နိုင္ငံရဲ႕လုပ္ရပ္ဟာ ေတာင္တရုတ္ပင္လယ္ျပင္ အေျခအေနနဲ႔ပတ္သက္ျပီး ေနာက္ထပ္ မတည္ျငိမ္မႈေတြ ျဖစ္ေပၚလာနုိင္တယ္လို႔ အေမရိကန္က တရုတ္နုိင္ငံအေပၚ ျပစ္တင္ရႈတ္ခ်ထားပါတယ္။

Ref : NHK
Photo:AFP
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW