သက်တန်းရင့် ပျဉ်းကတိုးပင်ကြီး(၂၀)ခန့် ခိုးလှဲခံရ

သက်တန်းရင့် ပျဉ်းကတိုးပင်ကြီး(၂၀)ခန့် ခိုးလှဲခံရ

မုံရွာ၊ ဇူလိုင် ၅-၂၀၂၀
ခင်မေစန်း(VOM)

အမျိုးသားဥယာဉ်နဲ့ ထိစပ်နေတဲ့ ပုလဲမြို့နယ်အစပ် အလောင်းတော်ကဿပအမျိုးသား ဥယာဉ်ပိုင်နက်အတွင်း သက်တန်းရင့်ပျဉ်းကတိုးပင်ကြီး ၁၆ပင်အပါအဝင် အပင် ၂၀ ခိုးခုတ်လှဲခြင်းခံရတယ်လို့ အမျိုးသားဥယာဉ် အုပ်ချုပ်ရေးရုံးကပြောပါတယ်။

“ဇွန်လ ၃၀ ရက်နေ့က အလောင်းတော်ကဿပအမျိုးသားဥယာဉ် ထိန်းသိမ်းရေးအဖွဲ့ က ဥယာဉ်ဧရိယာအတွင်း ကင်းလှည့်ရာမှာ ပုလဲမြို့နယ်အစပ်က သက်တမ်း ငါးဆယ်ကျော်ပျဉ်းကတိုးပင် ၁၆ ပင်နဲ့ သစ်ယာပင်ကြီး ၄ ပင်ကို ခိုးယူခုတ်လှဲထားတာကို တွေ့ရှိခဲ့ရတယ်။ ပုလဲနယ်ဘက်ကတက်လာပြီး သစ်ပင်တွေ ခိုးယူဖို့ မေလပိုင်းထဲက ခုတ်လှဲထားခဲ့တယ်၊ အစောင့်တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကင်းချိန်းချိန် အလစ်ဝင်လုပ်သွားတယ်၊ လှဲထားတာကို ဇွန်လဆန်းလောက်ထဲက သိထားပြီး တရားခံတွေမိဖို့ကို ဆက်စုံစမ်းနေပါတယ်”လို့ အုပ်ချုပ်ရေးရုံး ဦးစီးအရာရှိဦးအောင်မောင်းကပြောပါတယ်။

ခုတ်လှဲခံရတဲ့ အပင်ငုတ်များအရေအတွက်အရ အပင်(၂၀)ရှိတယ်လို့သိရပြီး အပိုင်းဖြတ်ထားပြီး သား ပျဉ်းကတိုး (၃၀) လုံး၊ သစ်ယာ (၆)လုံးနဲ့ တန်ချိန်ပေါင်း တန် (၂၀) တွေ့ရှိထားကာ အမျိုးသားဥယာဉ်ပိုင်စခန်းကို ပြန်သယ်ရမယ်လို့ ဦးစီးအရာရှိက ဆက်ပြောပါတယ်။

အလောင်းတော်ကဿပအမျိုးသားဥယာဉ်မှာ စတုရန်းဧက (၃)သိန်းကျော်ကျယ်ဝန်းပြီး ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အတွင်းတည်ရှိကာ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဂန့်ဂေါမြို့နယ်တို့နဲ့ ထိစပ်နေတာဖြစ်ပါတယ်။

ဥယာဉ်အတွင်းမှာ ၁၅မိုင်ကျော်ရှည်တဲ့ ဂုံညှင်းပင် သပိတ်ဆေး အလောင်းတော် ဘုရားဖူးလမ်း၊ ၁၀မိုင်ကျော် အရှည် ယာကြီး -လာဘို့ ဗျူဟာလမ်းနှစ်ခုကို ဖြတ်သန်းထားတာလည်း ဖြစ်ပါတယ်။

Photo – သစ်တောဌာန
#voiceofmyanmar #VOM #မုံရွာ

Zawgyi

သက္တန္းရင့္ ပ်ဥ္းကတိုးပင္ႀကီး(၂၀)ခန႔္ ခိုးလွဲခံရ

မုံ႐ြာ၊ ဇူလိုင္ ၅-၂၀၂၀
ခင္ေမစန္း(VOM)

အမ်ိဳးသားဥယာဥ္နဲ႔ ထိစပ္ေနတဲ့ ပုလဲၿမိဳ႕နယ္အစပ္ အေလာင္းေတာ္ကႆပအမ်ိဳးသား ဥယာဥ္ပိုင္နက္အတြင္း သက္တန္းရင့္ပ်ဥ္းကတိုးပင္ႀကီး ၁၆ပင္အပါအ၀င္ အပင္ ၂၀ ခိုးခုတ္လွဲျခင္းခံရတယ္လို႔ အမ်ိဳးသားဥယာဥ္ အုပ္ခ်ဳပ္ေရး႐ုံးကေျပာပါတယ္။

“ဇြန္လ ၃၀ ရက္ေန႔က အေလာင္းေတာ္ကႆပအမ်ိဳးသားဥယာဥ္ ထိန္းသိမ္းေရးအဖြဲ႕ က ဥယာဥ္ဧရိယာအတြင္း ကင္းလွည့္ရာမွာ ပုလဲၿမိဳ႕နယ္အစပ္က သက္တမ္း ငါးဆယ္ေက်ာ္ပ်ဥ္းကတိုးပင္ ၁၆ ပင္နဲ႔ သစ္ယာပင္ႀကီး ၄ ပင္ကို ခိုးယူခုတ္လွဲထားတာကို ေတြ႕ရွိခဲ့ရတယ္။ ပုလဲနယ္ဘက္ကတက္လာၿပီး သစ္ပင္ေတြ ခိုးယူဖို႔ ေမလပိုင္းထဲက ခုတ္လွဲထားခဲ့တယ္၊ အေစာင့္တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ကင္းခ်ိန္းခ်ိန္ အလစ္ဝင္လုပ္သြားတယ္၊ လွဲထားတာကို ဇြန္လဆန္းေလာက္ထဲက သိထားၿပီး တရားခံေတြမိဖို႔ကို ဆက္စုံစမ္းေနပါတယ္”လို႔ အုပ္ခ်ဳပ္ေရး႐ုံး ဦးစီးအရာရွိဦးေအာင္ေမာင္းကေျပာပါတယ္။

ခုတ္လွဲခံရတဲ့ အပင္ငုတ္မ်ားအေရအတြက္အရ အပင္(၂၀)ရွိတယ္လို႔သိရၿပီး အပိုင္းျဖတ္ထားၿပီး သား ပ်ဥ္းကတိုး (၃၀) လုံး၊ သစ္ယာ (၆)လုံးနဲ႔ တန္ခ်ိန္ေပါင္း တန္ (၂၀) ေတြ႕ရွိထားကာ အမ်ိဳးသားဥယာဥ္ပိုင္စခန္းကို ျပန္သယ္ရမယ္လို႔ ဦးစီးအရာရွိက ဆက္ေျပာပါတယ္။

အေလာင္းေတာ္ကႆပအမ်ိဳးသားဥယာဥ္မွာ စတုရန္းဧက (၃)သိန္းေက်ာ္က်ယ္ဝန္းၿပီး ကနီၿမိဳ႕နယ္နဲ႔ မင္းကင္းၿမိဳ႕နယ္အတြင္းတည္ရွိကာ ပုလဲၿမိဳ႕နယ္၊ ယင္းမာပင္ၿမိဳ႕နယ္၊ ဂန႔္ေဂါၿမိဳ႕နယ္တို႔နဲ႔ ထိစပ္ေနတာျဖစ္ပါတယ္။

ဥယာဥ္အတြင္းမွာ ၁၅မိုင္ေက်ာ္ရွည္တဲ့ ဂုံညႇင္းပင္ သပိတ္ေဆး အေလာင္းေတာ္ ဘုရားဖူးလမ္း၊ ၁၀မိုင္ေက်ာ္ အရွည္ ယာႀကီး -လာဘို႔ ဗ်ဴဟာလမ္းႏွစ္ခုကို ျဖတ္သန္းထားတာလည္း ျဖစ္ပါတယ္။

Photo – သစ္ေတာဌာန
#voiceofmyanmar #VOM #မုံ႐ြာ

Related posts

Leave a Comment

VOM News

FREE
VIEW