မုံရွာမြို့က ချင်းတွင်းWater Parkမှာ လူတစ်ဦး အမောဖေါက်သေဆုံး

မုံရွာမြို့က ချင်းတွင်းWater Parkမှာ လူတစ်ဦး အမောဖေါက်သေဆုံး

မုံရွာ၊ ဇူလိုင် ၅-၂၀၂၀
ရန်နိုင်စိုး(VOM)

မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ရေကစားဥယာဉ် ချင်းတွင်း Water Parkမှာ မနေ့ဇူလိုင် ၄ရက်နေ့ နေ့လယ်ပိုင်းက အသက် (၃၀)ခန့် အမျိုးသား(၁)ဦး ရေကစားရင်းအမောဖောက်လာတဲ့အတွက် ဆေးရုံကိုပို့ဆောင်ခဲ့ရပြီး ဆေးရုံမှာပဲသေဆုံးခဲ့တယ်လို့ မုံရွာနယ်မြေစခန်းက အတည်ပြုပြောပါတယ်။

“အသက် သုံးဆယ့်တစ်နှစ် အမျိုးသား အရက်မူးတာ ၊ အသောက်များပြီး အမူးလွန်နေတယ် ၊ ကစားရင်း အမောဖောက်လာလို့ ဝိုင်းကူနှိပ်ပေးရင်း အန်တယ်၊ ဆီးတွေသွားတယ်၊ ဆေးရုံပို့တော့ သေသွားတယ်၊ ရင်ခွဲစစ်ဆေးရာမှာလည်း ရိုးရိုး သေဆုံးတယ်လို့အဖြေထွက်ပါတယ်။ ဘေးက ဝိုင်းတော့ လုပ်ပေးကြသေးတယ် ။ ဒါပေမယ့် မရခဲ့ဘူး ။ အသောက်နဲနဲများတော့ အမောဖောက်တာပေါ့ ။ ပြင်ပ ဒဏ်ရာမရှိဘူး။ ဆေးရုံရောက်မှသေတာ ” လို့ မုံရွာနယ်မြေရဲစခန်းမှာ စခန်းမှူး ရဲအုပ်ခင်သန်းကပြောပါတယ်။

သေဆုံးသူအမျိုးသားဟာ ရန်ကင်းရပ်ကွက်က ကိုအောင်မြင့်ဆိုသူဖြစ်ပြီး မုံရွာနယ်မြေ ရဲစခန်းမှာ သေမှုသေခင်း ၁၁/၂၀၂၀ ဖြင့်ဖွင့်လှစ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအစိုးရရဲ့ ကိုဗစ်ကာလအတွင်း ဒေသန္တရအမိန့်ထုတ်ပြန်ထားရာ ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားနေချိန် အပန်းဖြေ နေရာများ ဖွင့်ခွင့်ပြုထားတာမရှိသေးဘူးလို့ စစ်ကိုင်းတိုင်းစည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

မုံ႐ြာၿမိဳ႕က ခ်င္းတြင္းWater Parkမွာ လူတစ္ဦး အေမာေဖါက္ေသဆုံး

မံုရြာ၊ ဇူလိုင္ ၅-၂၀၂၀
ရန္ႏုိင္စိုး(VOM)

မုံ႐ြာၿမိဳ႕၊ ခ်မ္းျမဝတီရပ္ကြက္ရွိ ေရကစားဥယာဥ္ ခ်င္းတြင္း Water Parkမွာ မေန႔ဇူလိုင္ ၄ရက္ေန႔ ေန႔လယ္ပုိင္းက အသက္ (၃၀)ခန႔္ အမ်ိဳးသား(၁)ဦး ေရကစားရင္းအေမာေဖာက္လာတဲ့အတြက္ ေဆး႐ုံကိုပို႔ေဆာင္ခဲ့ရၿပီး ေဆး႐ုံမွာပဲေသဆုံးခဲ့တယ္လို႔ မုံ႐ြာနယ္ေျမစခန္းက အတည္ျပဳေျပာပါတယ္။

“အသက္ သုံးဆယ့္တစ္ႏွစ္ အမ်ိဳးသား အရက္မူးတာ ၊ အေသာက္မ်ားၿပီး အမူးလြန္ေနတယ္ ၊ ကစားရင္း အေမာေဖာက္လာလို႔ ဝိုင္းကူႏွိပ္ေပးရင္း အန္တယ္၊ ဆီးေတြသြားတယ္၊ ေဆး႐ုံပို႔ေတာ့ ေသသြားတယ္၊ ရင္ခြဲစစ္ေဆးရာမွာလည္း ႐ိုး႐ိုး ေသဆုံးတယ္လို႔အေျဖထြက္ပါတယ္။ ေဘးက ဝိုင္းေတာ့ လုပ္ေပးၾကေသးတယ္ ။ ဒါေပမယ့္ မရခဲ့ဘူး ။ အေသာက္နဲနဲမ်ားေတာ့ အေမာေဖာက္တာေပါ့ ။ ျပင္ပ ဒဏ္ရာမရွိဘူး။ ေဆး႐ုံေရာက္မွေသတာ ” လို႔ မံုရြာနယ္ေျမရဲစခန္းမွာ စခန္းမႉး ရဲအုပ္ခင္သန္းကေျပာပါတယ္။

ေသဆံုးသူအမ်ိဳးသားဟာ ရန္ကင္းရပ္ကြက္က ကိုေအာင္ျမင့္ဆိုသူျဖစ္ၿပီး မုံ႐ြာနယ္ေျမ ရဲစခန္းမွာ ေသမႈေသခင္း ၁၁/၂၀၂၀ ျဖင့္ဖြင့္လွစ္စစ္ေဆးခဲ့တာျဖစ္ပါတယ္။

စစ္ကိုင္းတိုင္းအစိုးရရဲ႕ ကိုဗစ္ကာလအတြင္း ေဒသႏၲရအမိန႔္ထုတ္ျပန္ထားရာ ကမာၻ႔ ကပ္ေရာဂါျဖစ္ပြားေနခ်ိန္ အပန္းေျဖ ေနရာမ်ား ဖြင့္ခြင့္ျပဳထားတာမရွိေသးဘူးလုိ႔ စစ္ကိုင္းတိုင္းစည္ပင္သာယာေရးအဖြဲ႕ကေန သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW