ရခိုင်ပြည်နယ်မှာ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၂ သောင်းကျော်ထပ်တိုး

ရခိုင်ပြည်နယ်မှာ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၂ သောင်းကျော်ထပ်တိုး

စစ်တွေ၊ ဇူလိုင် ၅- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး ညွှန်ကြားချက်ကြောင့် ယခုတစ်ပတ်အတွင်း စစ်ဘေးရှောင် (၂) သောင်းကျော်ထပ်တိုးလာတယ်လို့ သိရပါတယ်။

ရခိုင်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ရွှေလောင်းတင်ကျေးရွာက ထွက်ပြေးလာသူ ဒေါ်မတင်ဦးပြောပြတာကတော့” ကျမတို့ ဒီကိုထွက်ပြေးလာတာက တနင်္လာနေ့က ရောက်တာပါ။ စစ်သားတွေပစ်ပြီးတော့ တက်လာပါတယ်။ စစ်သားတွေကိုမြင်တော့မှ ကျမတို့က ထွက်ပြေးလာတာပါ။ မြစ်ကလည်း ပစ်ပါတယ်။ စစ်သားတွေက ကုန်းပေါ်တွေကလည်းပစ်ပါတယ်။ အဲဒါမှာ ကျမတို့ထွက်ပြေးလာကြတာ။ သားသမီးတွေကိုလည်း စစ်ဖို့မရဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒီအတိုင်းပြေးလာရတာ။” လို့ VOM ကို သူတို့ ထွက်ပြေးလာရတဲ့အကြောင်း အရာတွေကို ပြောပြထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီကတော့ တပ်မတော်စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေကို ပစ်ခတ်တာမျိုးမရှိဘူးလို့ VOM ကို ပြောထားပါတယ်။

ပြည်နယ်မြောက်ပိုင်း ရသေတောင်မြို့နယ်၊ မူစဲကျွန်းက ဒေသခံတွေဟာ ဇွန်လ ၃၀ ရက်နေ့က စပြီး စစ်တွေမြို့ပေါ်ကို ထွက်ပြေးလာကြတာဖြစ်ပြီး လူဦးရေ (၃) သောင်းကျော်လောက်ရှိတဲ့အထဲက ထွက်ပြေးလာသူ(၂) သောင်းကျော်လောက်ဟာ အိုးအိမ်စွန့် ခွာထွက်ပြေးကြတာဖြစ်တယ်လို့ ထွက်ပြေးလာသူတွေက ပြောဆိုထားပါတယ်။

ရသေ့တောင်မြို့နယ်၊ မူစဲကျွန်းမှာ ကျေးရွာပေါင်း (၂၄) ရွာရှိတဲ့အနက် မူဆလင်တွေနေထိုင်တဲ့ ကျေးရွာ (၂) ရွာကလွဲပြီး ရွာတိုင်းက ထွက်ပြေးကြတာလို့ သိရပါတယ်။

အဲ့ဒီအထဲက အိမ်ခြေ တစ်ထောင်လောက်ရှိတဲ့ ကူတောင်ကျေးရွာက ဒေသခံ (၃) ပုံ (၂) ပုံလောက်ဟာ ထွက်ပြေးကြရကြောင်းနဲ့ ပြန်လာတဲ့သူတွေလည်းရှိတယ်လို့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

” ကူတောင်ကလည်း (၃) ပုံ (၂) ပုံလောက် ပြေးကြတယ်။ ဒါပေမယ့် အဲ့ဒါက တစ်ရက်လောက်ပါပဲ။ စစ်ကြောင်းက ရွာနားကပ်လာတယ်ဆိုရင် ပြေးကြတယ်။ အဓိကတော့ စစ်ကြောင်းသွားတဲ့ လမ်းကြောင်းအပေါ်မှာ မူတည်နေတယ်။ အခုဆိုရင် အဲဒီ တစ်ကျွန်းလုံးမှာ ပြေးသွားတာ ၉၀ ရာခိုင်နှုန်း အထက်ရှိနိုင်တယ်။” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

မနေ့ ဇူလိုင်လ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အလယ်ပိုင်း၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်း အုပ်စုက ဒေသခံ (၁) ထောင်ကျော်လောက် အမ်းမြို့ပေါ်ကို ထွက်ပြေးရောက်ရှိလာတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦး ပြောပြတာက” ထွက်ပြေးလာတာကတော့ ဒါးလက်ချောင်းအုပ်စုကပါပဲ။ လူဦးရေက အသစ်ရောက်တာက (၁၀၀၀) ကျော်ရှိတယ်လို့ သိရတယ်။ သူတို့ထွက်ပြေးလာကြတာကတော့ စားနက်ရိက္ခာတွေ ပြတ်လပ်လာတာကြောင့် သူတို့တွေက ထွက်ပြေးလာကြတာ။ ကုန်ခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့တုန်းက နတ်မော်ရွာနာမှာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ အဲ့ဒီမှာလည်း လက်နက်ကြီး တွေကျတော့ ထွက်ပြေးလာကြတာ။” လို့ ပြောပါတယ်။

အမ်းမြို့နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင်စခန်း(၂)ခုရှိပြီး မြို့မအားကစားရုံမှာ တစ်ခုနဲ့ ပဲပဒုံတံတားအနီမှာ တစ်ခုရှိကြောင်းသရှိရပြီး ယခုထွက်ပြေးလာသူတွေဟာ အမ်းမြို့မ အားကစားရုံမှာ ရောက်ရှိနေကြတာလို့သိရပြီး နေထိုင်ဖို့ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးကာလ ၂ နှစ်ကျော်အတွင်း နေရပ်စွန့်ခွာရတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၁၆၀၀၀၀ ကျော်ရှိပြီ ဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရခိုင္ျပည္နယ္မွာ တစ္ပတ္အတြင္း စစ္ေဘးေရွာင္ ၂ ေသာင္းေက်ာ္ထပ္တိုး

စစ္ေတြ၊ ဇူလိုင္ ၅- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းမွာ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး ၫႊန္ၾကားခ်က္ေၾကာင့္ ယခုတစ္ပတ္အတြင္း စစ္ေဘးေရွာင္ (၂) ေသာင္းေက်ာ္ထပ္တိုးလာတယ္လုိ႔ သိရပါတယ္။

ရခိုင္ေျမာက္ပိုင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ မူစဲကြၽန္း၊ ေ႐ႊေလာင္းတင္ေက်း႐ြာက ထြက္ေျပးလာသူ ေဒၚမတင္ဦးေျပာျပတာကေတာ့” က်မတို႔ ဒီကိုထြက္ေျပးလာတာက တနလၤာေန႔က ေရာက္တာပါ။ စစ္သားေတြပစ္ၿပီးေတာ့ တက္လာပါတယ္။ စစ္သားေတြကိုျမင္ေတာ့မွ က်မတို႔က ထြက္ေျပးလာတာပါ။ ျမစ္ကလည္း ပစ္ပါတယ္။ စစ္သားေတြက ကုန္းေပၚေတြကလည္းပစ္ပါတယ္။ အဲဒါမွာ က်မတို႔ထြက္ေျပးလာၾကတာ။ သားသမီးေတြကိုလည္း စစ္ဖို႔မရဘူး။ အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႔ ဒီအတိုင္းေျပးလာရတာ။” လို႔ VOM ကို သူတို႔ ထြက္ေျပးလာရတဲ့အေၾကာင္း အရာေတြကို ေျပာျပထားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒုတိယဥကၠဌ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီကေတာ့ တပ္မေတာ္စစ္ေၾကာင္းေတြအေနနဲ႔ ေက်း႐ြာေတြကို ပစ္ခတ္တာမ်ိဳးမရွိဘူးလို႔ VOM ကို ေျပာထားပါတယ္။

ျပည္နယ္ေျမာက္ပိုင္း ရေသေတာင္ၿမိဳ႕နယ္၊ မူစဲကြၽန္းက ေဒသခံေတြဟာ ဇြန္လ ၃၀ ရက္ေန႔က စၿပီး စစ္ေတြၿမိဳ႕ေပၚကို ထြက္ေျပးလာၾကတာျဖစ္ၿပီး လူဦးေရ (၃) ေသာင္းေက်ာ္ေလာက္ရွိတဲ့အထဲက ထြက္ေျပးလာသူ(၂) ေသာင္းေက်ာ္ေလာက္ဟာ အိုးအိမ္စြန္႔ ခြာထြက္ေျပးၾကတာျဖစ္တယ္လို႔ ထြက္ေျပးလာသူေတြက ေျပာဆိုထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္၊ မူစဲကြၽန္းမွာ ေက်း႐ြာေပါင္း (၂၄) ႐ြာရွိတဲ့အနက္ မူဆလင္ေတြေနထိုင္တဲ့ ေက်း႐ြာ (၂) ႐ြာကလြဲၿပီး ႐ြာတိုင္းက ထြက္ေျပးၾကတာလို႔ သိရပါတယ္။

အဲ့ဒီအထဲက အိမ္ေျခ တစ္ေထာင္ေလာက္ရွိတဲ့ ကူေတာင္ေက်း႐ြာက ေဒသခံ (၃) ပုံ (၂) ပုံေလာက္ဟာ ထြက္ေျပးၾကရေၾကာင္းနဲ႔ ျပန္လာတဲ့သူေတြလည္းရွိတယ္လို႔ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

” ကူေတာင္ကလည္း (၃) ပုံ (၂) ပုံေလာက္ ေျပးၾကတယ္။ ဒါေပမယ့္ အဲ့ဒါက တစ္ရက္ေလာက္ပါပဲ။ စစ္ေၾကာင္းက ႐ြာနားကပ္လာတယ္ဆိုရင္ ေျပးၾကတယ္။ အဓိကေတာ့ စစ္ေၾကာင္းသြားတဲ့ လမ္းေၾကာင္းအေပၚမွာ မူတည္ေနတယ္။ အခုဆိုရင္ အဲဒီ တစ္ကြၽန္းလုံးမွာ ေျပးသြားတာ ၉၀ ရာခိုင္ႏႈန္း အထက္ရွိႏိုင္တယ္။” လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

မေန႔ ဇူလိုင္လ ၄ ရက္ေန႔ကလည္း ရခိုင္ျပည္နယ္အလယ္ပိုင္း၊ အမ္းၿမိဳ႕နယ္၊ ဒါးလက္ေခ်ာင္း အုပ္စုက ေဒသခံ (၁) ေထာင္ေက်ာ္ေလာက္ အမ္းၿမိဳ႕ေပၚကို ထြက္ေျပးေရာက္ရွိလာတယ္လုိ႔ သိရပါတယ္။

အမ္းၿမိဳ႕နယ္က စစ္ေဘးေရွာင္ေတြကို ကူညီေပးေနသူတစ္ဦး ေျပာျပတာက” ထြက္ေျပးလာတာကေတာ့ ဒါးလက္ေခ်ာင္းအုပ္စုကပါပဲ။ လူဦးေရက အသစ္ေရာက္တာက (၁၀၀၀) ေက်ာ္ရွိတယ္လို႔ သိရတယ္။ သူတို႔ထြက္ေျပးလာၾကတာကေတာ့ စားနက္ရိကၡာေတြ ျပတ္လပ္လာတာေၾကာင့္ သူတို႔ေတြက ထြက္ေျပးလာၾကတာ။ ကုန္ခဲ့တဲ့ ဇြန္လ ၂၆ ရက္ေန႔တုန္းက နတ္ေမာ္႐ြာနာမွာ တိုက္ပြဲျဖစ္တယ္လို႔ၾကားတယ္။ အ့ဲဒီမွာလည္း လက္နက္ႀကီး ေတြက်ေတာ့ ထြက္ေျပးလာၾကတာ။” လို႔ ေျပာပါတယ္။

အမ္းၿမိဳ႕နယ္တစ္ခုလုံးမွာ စစ္ေဘးေရွာင္စခန္း(၂)ခုရွိၿပီး ၿမိဳ႕မအားကစား႐ုံမွာ တစ္ခုနဲ႔ ပဲပဒုံတံတားအနီမွာ တစ္ခုရွိေၾကာင္းသရွိရၿပီး ယခုထြက္ေျပးလာသူေတြဟာ အမ္းၿမိဳ႕မ အားကစား႐ုံမွာ ေရာက္ရွိေနၾကတာလို႔သိရၿပီး ေနထိုင္ဖို႔ အခက္အခဲေတြႀကဳံေတြ႕ေနရတယ္လုိ႔ သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းကို ဆက္သြယ္ခဲ့ရာ ဖုန္းကိုင္ေျဖၾကားတာမရွိပါဘူး။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးကာလ ၂ ႏွစ္ေက်ာ္အတြင္း ေနရပ္စြန္႔ခြာရတဲ့ စစ္ေဘးေရွာင္ ဒုကၡသည္ ၁၆၀၀၀၀ ေက်ာ္ရွိၿပီ ျဖစ္တယ္လုိ႔ အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW