အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လူမျိုးထွက်ပြေး

အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လူမျိုးထွက်ပြေး

ရန်ကုန်၊ ဇူလိုင် ၇-၂၀၂၀
သိင်္ဂီ(VOM)

ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်ထဲက ABLE GLAD Myanmar အထည်ချုပ် စက်ရုံပိုင်ရှင်တရုတ်နိုင်ငံသားဟာ အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပြေးသွားခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့် အလုပ်သမားတွေအတွက် လုပ်ခလစာကို စက်ရုံမှာကျန်ခဲ့တဲ့ Buyer တွေရဲ့ အထည်အော်ဒါတွေကို ငွေပေးချေခိုင်းပြီး ဒီကနေ့ ဇူလိုင် ၆ ရက်မှာ လစာခွဲဝေပေးနေရတယ်လို့ သိရပါတယ်။

” ဇူလိုင် ၃ ရက်နေ့ရုံးတက်တော့ ပိုင်ရှင်တရုတ်ကို မတွေ့ရဘူး ။ ညနေ့ထိ မလာဘူး။ ဒါနဲ့ သူနေတဲ့ဆီလိုက်သွားကြတော့ အိမ်မှာလည်းမရှိတော့ဘူး။ ပတ်ဝန်းကျင်ကသိရတာက ညထဲက ကား ၂ စီးနဲ့ ပစ္စည်းတွေယူပြီးသွားတယ် သိရတယ်။ ဒါနဲ့ အလုပ်သမားဌာနကို အကြောင်းကြားတယ်။ ဝန်ကြီးလည်းပါတယ်။ အလုပ်သမားတွေကလည်း လစာမရတော့ ဆူချင်ကြတဲ့သဘောပေါ့။ ဒါနဲ့ လစာအတွက် စက်ရုံကကျန်ခဲ့တဲ့ အထည်တွေကိုရောင်းပြီး ပေးဖို့စီစဉ်ခဲ့တာပါ”လို့ စက်ရုံ HR မန်နေဂျာ ဒေါ်မေဦးအောင်က ပြောပါတယ်။

ABLE GLAD အထည်ချုပ်စက်ရုံဟာ လည်သာအင်္ကျီ၊ ဂျင်းဂျာကင်တွေကို ချုပ်လုပ်တာဖြစ်ပြီး သက်တမ်းက ၅ နှစ်ရှိပြီလို့သိရပြီး လက်ရှိမှာ အလုပ်သမား ၆၆၉ ဦးရှိပါတယ်။ ဝန်ထမ်းတွေကို ဇွန်လ လစာ ပေးရမှာဖြစ်ပြီး လစာစုစုပေါင်းက သိန်း ၁၆၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

” ခုမနက် ၁၀ နာရီကျော်မှာ အလုပ်သမားတွေကို လစာတွေပေးနေတယ်။ ကျနော်တို့က အလုပ်သမားတွေကို လိုအပ်တာကူညီပေးတာပါ့။ အလုပ်သမား လခကို buyer တွေရဲ့ အော်ဒါတွေနဲ့ ပေးတာဖြစ်တယ်။ “လို့အလုပ်သမားတွေကို ကူညီပေးနေတဲ့ STUMအဖွဲ့က စည်းရုံးရေးမှူးဖြစ်သူ ကိုကျော်ဇင်ဦးကပြောပါတယ်။

ဒီကနေ့ လစာပေးတဲ့နေရာမှာ ၅ ယောက်တစ်စုစီ ပေးနေတာဖြစ်ပြီး ဇွန်လအတွက်လုပ်ခလစာကိုတော့ အပြည့်ရရှိကြောင်း၊ ဇူလိုင်အတွက် ရက်အစွန်းထွက်အတွက်သာ မရရှိဘူးလို့ အလုပ်သမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အလုပ်သမားတွေအတွက် နစ်နာကြေး ၊လုပ်ခလစာ စတဲ့ ရသင့်ရထိုက်တဲ့ အခကြေးငွေကိုတော့ စက်ရုံမှာကျန်ရှိတဲ့ စက်ပစ္စည်းတွေကို ရောင်းချပြီး ပေးသွားဖို့ အစိုးရတာဝန်ရှိသူတွေက ဆက်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ်ထဲ အလုပ်ရှင်ထွက်ပြေးမှုပြသာနာဟာ အရင်က ၂ ကြိမ်တိုင်တိုင်ရှိခဲ့ပြီး ဒါ့အပြင် လိူင်သာယာမှာလည်း အလုပ်ရှင် ထွက်ပြေးမှုတွေရှိခဲ့တာကြောင့် ရန်ကုန်တိုင်းမှာ အလုပ်ရှင်ထွက်ပြေးမှု ၄ ခုလောက် ရှိနေပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အလုပ္သမားေတြကို လုပ္ခလစာမေပးဘဲ စက္႐ုံပိုင္႐ွင္ တ႐ုတ္လူမ်ိဳးထြက္ေျပး

ရန္ကုန္၊ ဇူလိုင္ ၇-၂၀၂၀
သိဂႌ(VOM)

ရန္ကုန္ၿမိဳ႕၊ ေရႊျပည္သာစက္မႈဇုန္ထဲက ABLE GLAD Myanmar အထည္ခ်ဳပ္ စက္႐ုံပိုင္႐ွင္တရုတ္ႏိုင္ငံသားဟာ အလုပ္သမားေတြကို လုပ္ခလစာမေပးဘဲ ၿပီးခဲ့တဲ့ရက္ပိုင္းက ထြက္ေျပးသြားခဲ႔မႈျဖစ္ပြားခဲ့ပါတယ္။

ဒါေၾကာင့္ အလုပ္သမားေတြအတြက္ လုပ္ခလစာကို စက္႐ုံမွာက်န္ခဲ့တဲ့ Buyer ေတြရဲ႕ အထည္ေအာ္ဒါေတြကို ေငြေပးေခ်ခိုင္းၿပီး ဒီကေန႔ ဇူလိုင္ ၆ ရက္မွာ လစာခြဲေဝေပးေနရတယ္လို႔ သိရပါတယ္။

” ဇူလိုင္ ၃ ရက္ေန႔႐ုံးတက္ေတာ့ ပိုင္႐ွင္တ႐ုတ္ကို မေတြ႔ရဘူး ။ ညေန႔ထိ မလာဘူး။ ဒါနဲ႔ သူေနတဲ့ဆီလိုက္သြားၾကေတာ့ အိမ္မွာလည္းမ႐ွိေတာ့ဘူး။ ပတ္ဝန္းက်င္ကသိရတာက ညထဲက ကား ၂ စီးနဲ႔ ပစၥည္းေတြယူၿပီးသြားတယ္ သိရတယ္။ ဒါနဲ႔ အလုပ္သမားဌာနကို အေၾကာင္းၾကားတယ္။ ဝန္ႀကီးလည္းပါတယ္။ အလုပ္သမားေတြကလည္း လစာမရေတာ့ ဆူခ်င္ၾကတဲ့သေဘာေပါ့။ ဒါနဲ႔ လစာအတြက္ စက္႐ုံကက်န္ခဲ့တဲ့ အထည္ေတြကိုေရာင္းၿပီး ေပးဖို႔စီစဥ္ခဲ့တာပါ”လို႔ စက္ရုံ HR မန္ေနဂ်ာ ေဒၚေမဦးေအာင္က ေျပာပါတယ္။

ABLE GLAD အထည္ခ်ဳပ္စက္႐ုံဟာ လည္သာအက်ႌ၊ ဂ်င္းဂ်ာကင္ေတြကို ခ်ဳပ္လုပ္တာျဖစ္ၿပီး သက္တမ္းက ၅ ႏွစ္႐ွိၿပီလုိ႔သိရၿပီး လက္႐ွိမွာ အလုပ္သမား ၆၆၉ ဦး႐ွိပါတယ္။ ဝန္ထမ္းေတြကို ဇြန္လ လစာ ေပးရမွာျဖစ္ၿပီး လစာစုစုေပါင္းက သိန္း ၁၆၀၀ ေလာက္႐ွိတယ္လို႔ သိရပါတယ္။

” ခုမနက္ ၁၀ နာရီေက်ာ္မွာ အလုပ္သမားေတြကို လစာေတြေပးေနတယ္။ က်ေနာ္တို႔က အလုပ္သမားေတြကို လိုအပ္တာကူညီေပးတာပါ့။ အလုပ္သမား လခကို buyer ေတြရဲ႕ ေအာ္ဒါေတြနဲ႔ ေပးတာျဖစ္တယ္။ “လို႔အလုပ္သမားေတြကို ကူညီေပးေနတဲ့ STUMအဖြဲ႔က စည္း႐ုံးေရးမွဴးျဖစ္သူ ကိုေက်ာ္ဇင္ဦးကေျပာပါတယ္။

ဒီကေန႔ လစာေပးတဲ့ေနရာမွာ ၅ ေယာက္တစ္စုစီ ေပးေနတာျဖစ္ၿပီး ဇြန္လအတြက္လုပ္ခလစာကိုေတာ့ အျပည့္ရ႐ွိေၾကာင္း၊ ဇူလိုင္အတြက္ ရက္အစြန္းထြက္အတြက္သာ မရ႐ွိဘူးလို႔ အလုပ္သမားေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အလုပ္သမားေတြအတြက္ နစ္နာေၾကး ၊လုပ္ခလစာ စတဲ့ ရသင့္ရထိုက္တဲ့ အခေၾကးေငြကိုေတာ့ စက္႐ုံမွာက်န္႐ွိတဲ့ စက္ပစၥည္းေတြကို ေရာင္းခ်ၿပီး ေပးသြားဖို႔ အစိုးရတာဝန္႐ွိသူေတြက ဆက္လုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။

ေရႊျပည္သာျမိဳ႕နယ္ထဲ အလုပ္႐ွင္ထြက္ေျပးမႈျပသာနာဟာ အရင္က ၂ ႀကိမ္တုိင္တိုင္ရွိခဲ့ၿပီး ဒါ့အျပင္ လိူင္သာယာမွာလည္း အလုပ္႐ွင္ ထြက္ေျပးမႈေတြ႐ွိခဲ့တာေၾကာင့္ ရန္ကုန္တိုင္းမွာ အလုပ္႐ွင္ထြက္ေျပးမႈ ၄ ခုေလာက္ ႐ွိေနၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW