ဇွဲကပင်တောင်ပေါ်တက်သွားတဲ့ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေ

ဇွဲကပင်တောင်ပေါ်တက်သွားတဲ့ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေ

နေပြည်တော်၊ဇူလိုင် ၁၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်‌ပေါ်မှာ တက္ကသိုလ်ကျောင်းသူတစ်ဦး တောင်ပေါ်မှပြုတ်ကျသေဆုံးပြီး နှစ်ပတ်အကြာ ဒီကနေ့မနက် ၇နာရီခန့်က တက္ကသိုလ်ကျောင်းသားတစ်ဦး ထပ်မံပျောက်ဆုံးနေတဲ့အတွက် မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေကြတယ်လို့ ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးသန့်ဇင်ဝင်းကပြောပါတယ်။

“လက်တစ်လောမှာ ချန်ခဲ့တဲ့စာအရ ပျောက်နေတဲ့လူငယ်ဟာ ခုန်ချသွာသလိုဖြစ်နေတယ်။ လက်ရှိအချိန်ထိမှာ အဖွဲ့စုံနဲ့ရှာဖွေနေပါတယ်”လို့ ဦးသန့်ဇင်ဝင်းကပြောပါတယ်။

ဒီကနေ့ပျောက်ဆုံးနေတဲ့ အမျိုးသားဟာ ဘားအံမြို့၊ ကျားကလေးရွာမှာနေတဲ့ အသက် ၂၁ နှစ်အရွယ် စွန်းမင်းမော်ကွန်းလို့သိရပြီး ဇွဲကပင်တောင်အောက်မှာ ဆိုင်ကယ်ရပ်နားခဲ့ကာ စာတစ်ဆောင်ချန်ခဲ့တဲ့အပြင် အဲ့ဒီစာမှာတော့ သူ့ကိုခွင့်လွှတ်ရန်သာမက ဖုန်းပက်စ်ဝပ်ပါ ချန်ထားခဲ့တယ်လို့လည်း သိရပါတယ်။

ဇွန်လ၂၅ ရက် ညနေပိုင်းကလည်း မြဝတီမြို့မှာနေထိုင်တဲ့ ဘားအံတက္ကသိုလ် ကျောင်းသူတစ်ဦး တောင်ပေါ်တက်ပြီး ညနေပိုင်းကတည်းကပျောက်ဆုံးသွားတဲ့အတွက် ရှာဖွေခဲ့ရာ နှစ်ရက်ခန့်အကြာမှာ သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့ရပါတယ်။

Photo – မိုးမြင့်ထက်
#voiceofmyanmar #VOM #ဇွဲကပင်တောင် #ကျောင်းသားတစ်ဦးပျောက်ဆုံး

Zawgyi

ဇြဲကပင္ေတာင္ေပၚတက္သြားတဲ့ ေက်ာင္းသားတစ္ဦး ေပ်ာက္ဆုံးေန

ေနျပည္ေတာ္၊ဇူလိုင္ ၁၀-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္ရွိ ဇြဲကပင္ေတာင္‌ေပၚမွာ တကၠသိုလ္ေက်ာင္းသူတစ္ဦး ေတာင္ေပၚမွျပဳတ္က်ေသဆုံးၿပီး ႏွစ္ပတ္အၾကာ ဒီကေန႔မနက္ ၇နာရီခန႔္က တကၠသိုလ္ေက်ာင္းသားတစ္ဦး ထပ္မံေပ်ာက္ဆုံးေနတဲ့အတြက္ မီးသတ္တပ္ဖြဲ႕နဲ႔ ကယ္ဆယ္ေရးအဖြဲ႕မ်ားက ရွာေဖြေနၾကတယ္လို႔ ဘားအံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွ ဦးစီးအရာရွိ ဦးသန႔္ဇင္ဝင္းကေျပာပါတယ္။

“လက္တစ္ေလာမွာ ခ်န္ခဲ့တဲ့စာအရ ေပ်ာက္ေနတဲ့လူငယ္ဟာ ခုန္ခ်သြာသလိုျဖစ္ေနတယ္။ လက္ရွိအခ်ိန္ထိမွာ အဖြဲ႕စုံနဲ႔ရွာေဖြေနပါတယ္”လုိ႔ ဦးသန္႔ဇင္ဝင္းကေျပာပါတယ္။

ဒီကေန႔ေပ်ာက္ဆုံးေနတဲ့ အမ်ိဳးသားဟာ ဘားအံၿမိဳ႕၊ က်ားကေလး႐ြာမွာေနတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ စြန္းမင္းေမာ္ကြန္းလုိ႔သိရၿပီး ဇြဲကပင္ေတာင္ေအာက္မွာ ဆိုင္ကယ္ရပ္နားခဲ့ကာ စာတစ္ေဆာင္ခ်န္ခဲ့တဲ့အျပင္ အဲ့ဒီစာမွာေတာ့ သူ႔ကိုခြင့္လႊတ္ရန္သာမက ဖုန္းပက္စ္ဝပ္ပါ ခ်န္ထားခဲ့တယ္လို႔လည္း သိရပါတယ္။

ဇြန္လ၂၅ ရက္ ညေနပိုင္းကလည္း ျမဝတီၿမိဳ႕မွာေနထုိင္တဲ့ ဘားအံတကၠသိုလ္ ေက်ာင္းသူတစ္ဦး ေတာင္ေပၚတက္ၿပီး ညေနပိုင္းကတည္းကေပ်ာက္ဆုံးသြားတဲ့အတြက္ ရွာေဖြခဲ့ရာ ႏွစ္ရက္ခန႔္အၾကာမွာ ေသဆုံးလွ်က္ျပန္လည္ေတြ႕ရွိခဲ့ရပါတယ္။

Photo – မုိးျမင့္ထက္
#voiceofmyanmar #VOM #ဇြဲကပင္ေတာင္ #ေက်ာင္းသားတစ္ဦးေပ်ာက္ဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW