ဇွဲကပင်တောင်ပေါ်ကို တစ်ဦးတည်းအတက်မခံဖို့ လုပ်ဆောင်မယ်

ဇွဲကပင်တောင်ပေါ်ကို တစ်ဦးတည်းအတက်မခံဖို့ လုပ်ဆောင်မယ်

နေပြည်တော်၊ဇူလိုင် ၁၂-၂၀၂၀
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အနီးဒေသခံသာမက ခရီးသွားဧည့်သည်တွေပါ အဝင်အထွက် များလာတဲ့အပြင် ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချသတ်သေမှုအချို့ ဖြစ်ပေါ်လာခဲ့ပြီးနောက်ပိုင်း တောင်ပေါ်ကို အချိန်အခါမဟုတ်ပဲ တစ်ဦးတည်းတက်ခွင့်ကို ပိတ်ပင်တားမြစ်သွားမယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်ကပြောပါတယ်။

“တက္ကသိုလ်ကောလိပ်တွေမှာ အသိပညာပေးတာမျိုးလုပ်သွားဖို့ရှိနေပြီး တောင်ပေါ်ကို တစ်ဦးတည်းအတက်မခံတာမျိုးလုပ်ဖို့ ပြင်ထားပါတယ်”လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်ကပြောပါတယ်။

ဇွဲကပင်တောင်ပေါ်ကနေ ဘားအံတက္ကသိုလ်ကျောင်းသူတစ်ဦးနဲ့ ကျောင်းသားတစ်ဦး နှစ်ပတ်ခန့်အတွင်း ခုန်ချသတ်သေသွားခဲ့ပြီးနောက် အခုလို တောင်ပေါ်တက်ရောက်တဲ့ အခြေအနေကို ထိန်းချုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီး တစ်ဦးတည်းတက်ရောက်ခွင့်၊ နံနက်အစောပိုင်းနဲ့ ညနေပိုင်းမှောင်ရီစပြိုးချိန်တွေကို တက်ရောက်ခွင့်မပြုဖို့ ပြင်ဆင်နေတယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ကနေ သိရပါတယ်။

ဘားအံမြို့အနီး ဇွဲကပင်တောင်၊ ကြာအင်းတောင်နဲ့ တောင်ဝိုင်းတောင်များရှိနေပြီး လက်တစ်လောမှာ ကန့်သတ်ထိန်းချုပ်ဖို့ ဇွဲကပင်တောင်ကိုသာ ပြင်ဆင်နေတာဖြစ်ပြီး တောင်ပေါ်တောင်အောက်မှာ လုံခြုံရေးချထားမှသာ အဆင်ပြေဖွယ်ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့မှာနေတဲ့၊ ဘားအံတက္ကသိုလ်က ဂုဏ်ထူးတန်းကျောင်းသူတစ်ဦး ဇွန်လ၂၅ ရက်နေ့မနက်က တောင်ပေါ်ကနေ ခုန်ချသတ်သေဖွယ် အနေထားများနဲ့ အခင်းဖြစ်ပြီး နှစ်ရက်ခန့်အကြာမှာ အလောင်းကိုပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီကျောင်းသူ ခုန်ချသတ်သေထားပြီး ဆယ့်ငါးရက်အကြာ ဇူလိုင် ၁၀ရက် နံနက်ပိုင်းကလည်း ဘားအံမြို့နယ်၊ ကျားလေးကျေးရွာမှာနေတဲ့ ဘူမိဗေဒကျောင်းသား မောင်စွန်မင်းမော်ကွန်း(၂၁ နှစ်)ဟာ သေတမ်းစာတစ်စောင်ရေးပြီး တောင်ပေါ်မှန်ပြင်တံတားပေါ်ကနေ ခုန်ချသတ်သေခဲ့ကာ ညနေပိုင်းမှာ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ ဘားအံမြို့နယ်မီးသတ် ဦးစီးမှုး ဦးသန့်ဇင်ဝင်းကပြောပြချက်အရ သိရပါတယ်။

“လွန်ခဲ့တဲ့ လေးနှစ်လောက်ကလည်း နိုင်ငံခြားဧည့်သည်အမျိူးသမီးတစ်ဦး ခုန်ချသတ်သေခဲ့တာပါ။ ဒီဖြစ်ရပ်တွေပေါ် လူငယ်တွေ အသိလွဲမှာစိုးရိမ်တယ်”လို့ ဘားအံဒေသခံတစ်ဦးက ဝေဖန်သုံးသပ်ပြောပြပါတယ်။

ပြည်သစ်နိုင်ငံသူတစ်ဦးအပါအဝင် ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချသတ်သေသူ ၃ ဦးထိ ရှိလာပြီးနောက်ပိုင်း အခုကဲ့လို ဖြစ်ရပ်ဆိုးတွေကြောင့် ဇွဲကပင်တောင်ကို နာမည်ဆိုးနဲ့ကျော်ကြား လာမှာကိုလည်း ဒေသခံများအကြား စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Photo – MFSD
#voiceeofmyanmar #VOM #ဘားအံ

Zawgyi

ဇြဲကပင္ေတာင္ေပၚကုိ တစ္ဦးတည္းအတက္မခံဖို႔ လုပ္ေဆာင္မယ္

ေနျပည္ေတာ္၊ဇူလိုင္ ၁၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ အနီးေဒသခံသာမက ခရီးသြားဧည့္သည္ေတြပါ အဝင္အထြက္ မ်ားလာတဲ့အျပင္ ဇြဲကပင္ေတာင္ေပၚကေန ခုန္ခ်သတ္ေသမႈအခ်ိဳ႕ ျဖစ္ေပၚလာခဲ့ၿပီးေနာက္ပိုင္း ေတာင္ေပၚကို အခ်ိန္အခါမဟုတ္ပဲ တစ္ဦးတည္းတက္ခြင့္ကို ပိတ္ပင္တားျမစ္သြားမယ္လို႔ ကရင္ျပည္နယ္ လူမႈေရးဝန္ႀကီး ေစာဘိုဘိုေဝေမာင္ကေျပာပါတယ္။

“တကၠသိုလ္ေကာလိပ္ေတြမွာ အသိပညာေပးတာမ်ိဳးလုပ္သြားဖို႔ရွိေနၿပီး ေတာင္ေပၚကို တစ္ဦးတည္းအတက္မခံတာမ်ိဳးလုပ္ဖို႔ ျပင္ထားပါတယ္”လို႔ ကရင္ျပည္နယ္ လူမႈေရးဝန္ႀကီး ေစာဘိုဘိုေဝေမာင္ကေျပာပါတယ္။

ဇြဲကပင္ေတာင္ေပၚကေန ဘားအံတကၠသိုလ္ေက်ာင္းသူတစ္ဦးနဲ႔ ေက်ာင္းသားတစ္ဦး ႏွစ္ပတ္ခန္႔အတြင္း ခုန္ခ်သတ္ေသသြားခဲ့ၿပီးေနာက္ အခုလုိ ေတာင္ေပၚတက္ေရာက္တဲ့ အေျခအေနကို ထိန္းခ်ဳပ္ဖို႔ျပင္ဆင္ေနတာျဖစ္ၿပီး တစ္ဦးတည္းတက္ေရာက္ခြင့္၊ နံနက္အေစာပိုင္းနဲ႔ ညေနပိုင္းေမွာင္ရီစၿပိဳးခ်ိန္ေတြကို တက္ေရာက္ခြင့္မျပဳဖုိ႔ ျပင္ဆင္ေနတယ္လို႔ ကရင္ျပည္နယ္ အစိုးရအဖြဲ႕ကေန သိရပါတယ္။

ဘားအံၿမိဳ႕အနီး ဇြဲကပင္ေတာင္၊ ၾကာအင္းေတာင္နဲ႔ ေတာင္ဝိုင္းေတာင္မ်ားရွိေနၿပီး လက္တစ္ေလာမွာ ကန႔္သတ္ထိန္းခ်ဳပ္ဖို႔ ဇြဲကပင္ေတာင္ကိုသာ ျပင္ဆင္ေနတာျဖစ္ၿပီး ေတာင္ေပၚေတာင္ေအာက္မွာ လုံၿခဳံေရးခ်ထားမွသာ အဆင္ေျပဖြယ္ရွိတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕မွာေနတဲ့၊ ဘားအံတကၠသိုလ္က ဂုဏ္ထူးတန္းေက်ာင္းသူတစ္ဦး ဇြန္လ၂၅ ရက္ေန႔မနက္က ေတာင္ေပၚကေန ခုန္ခ်သတ္ေသဖြယ္ အေနထားမ်ားနဲ႔ အခင္းျဖစ္ၿပီး ႏွစ္ရက္ခန႔္အၾကာမွာ အေလာင္းကိုျပန္လည္ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ဘားအံၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ကေန သိရပါတယ္။

အဲ့ဒီေက်ာင္းသူ ခုန္ခ်သတ္ေသထားျပီး ဆယ့္ငါးရက္အၾကာ ဇူလိုင္ ၁၀ရက္ နံနက္ပိုင္းကလည္း ဘားအံၿမိဳ႕နယ္၊ က်ားေလးေက်း႐ြာမွာေနတဲ့ ဘူမိေဗဒေက်ာင္းသား ေမာင္စြန္မင္းေမာ္ကြန္း(၂၁ ႏွစ္)ဟာ ေသတမ္းစာတစ္ေစာင္ေရးၿပီး ေတာင္ေပၚမွန္ျပင္တံတားေပၚကေန ခုန္ခ်သတ္ေသခဲ့ကာ ညေနပိုင္းမွာ အေလာင္းကို ျပန္လည္ေတြ႕ရွိခဲ့ရတယ္လို႔ ဘားအံၿမိဳ႕နယ္မီးသတ္ ဦးစီးမႈး ဦးသန႔္ဇင္ဝင္းကေျပာျပခ်က္အရ သိရပါတယ္။

“လြန္ခဲ့တဲ့ ေလးႏွစ္ေလာက္ကလည္း ႏိုင္ငံျခားဧည့္သည္အမ်ိဴးသမီးတစ္ဦး ခုန္ခ်သတ္ေသခဲ့တာပါ။ ဒီျဖစ္ရပ္ေတြေပၚ လူငယ္ေတြ အသိလြဲမွာစိုးရိမ္တယ္”လို႔ ဘားအံေဒသခံတစ္ဦးက ေဝဖန္သုံးသပ္ေျပာျပပါတယ္။

ျပည္သစ္ႏိုင္ငံသူတစ္ဦးအပါအဝင္ ဇြဲကပင္ေတာင္ေပၚကေန ခုန္ခ်သတ္ေသသူ ၃ ဦးထိ ရွိလာၿပီးေနာက္ပိုင္း အခုကဲ့လို ျဖစ္ရပ္ဆိုးေတြေၾကာင့္ ဇြဲကပင္ေတာင္ကို နာမည္ဆိုးနဲ႔ေက်ာ္ၾကား လာမွာကိုလည္း ေဒသခံမ်ားအၾကား စိုးရိမ္ေနၾကတယ္လို႔ သိရပါတယ္။

Photo – MFSD
#voiceeofmyanmar #VOM #ဘားအံ

 

Related posts

Leave a Comment

VOM News

FREE
VIEW