ရသေ့တောင်မြို့နယ်က အဓမ္မပြုကျင့်ခံရတဲ့ ဦးဂါရွာသူတစ်ဦး တပ်မတော်သား(၃)ဦးကို ရဲစခန်းမှာအမှုဖွင့်

ရသေ့တောင်မြို့နယ်က အဓမ္မပြုကျင့်ခံရတဲ့ ဦးဂါရွာသူတစ်ဦး တပ်မတော်သား(၃)ဦးကို ရဲစခန်းမှာအမှုဖွင့်

စစ်တွေ၊ ဇူလိုင် ၁၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အသက် ၃၆ နှစ်အရွယ် ဦးဂါရွာသူတစ်ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက ကာယကံရှင်ဦးဂါရွာသူက စစ်တွေမြို့မရဲစခန်းမှာ မုဒိမ်းမှုအပါအဝင် ပုဒ်မ(၃)ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။

အမှုဖွင့်တာဟာ စစ်တွေမြို့မရဲစခန်းမှာဖြစ်ပြီး (ပ – ၃၅၅ /၂၀၂၀) ၊ ရာဇသတ်ကြီးပုဒ်မ-၃၆၆(အလိုမတူဘဲ သွေးဆောင်ခေါ်ယူမှု) ၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆(မုဒိမ်းမှု)နဲ့ ရာဇသတ်ကြီးပုဒ်မ-၁၁၄(အားပေးအားမြောက်ပြုမှု) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

အခုလိုမျိုး အမှုဖွင့်တာနဲ့ ပတ်သက်လို့ ကာယကံရှင် အမျိုးသမီးက” ကျမအနေနဲ့ကတော့ အမှန်တရားကို လိုလားပါတယ်။ ဒါကြောင့်လည်းပဲ ကျမဟာ ရဲစခန်းမှာစစ်ဆေးတဲ့အခါ ကျမက ရဲရဲဝံ့ဝံ့နဲ့ ထွက်ဆိုခဲ့ပါတယ်။” လို့ ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းက မီဒီယာတွေကို တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှာ အဲ့ဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေ့က အဓမ္မပြုကျင့်ခံရသူနဲ့အတူ ပုန်းခိုနေစဉ်မှာ ကလေး ၃ ဦးနဲ့ အမျိုးသမီး ၅ ဦးရှိတယ်လို့ အဓမ္မပြုကျင့်ခံရသူက ပြောပါတယ်။

ကာယကံရှင် ဦးဂါရွာသူ ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ဦးဂါရွာကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်စစ်ဆေးစဉ် အဲ့ဒီနေ့ ည ၁၁ နာရီလောက်မှာ တပ်မတော်သား ၃ ဦးက ဦးဂါကျေးရွာသူကို ခြိမ်းခြောက်မှုတွေပြုလုပ်ပြီး အဓ္ဓမပြုကျင့်ခဲ့တယ်လို့ ပြောပါတယ်။

ကာယကံရှင် ရသေ့တောင်မြို့နယ်၊ ဦးဂါရွာသူအမျိုးသမီး ပြောပြတာက” တပ်မတော်စစ်ကြောင်းက ကျမတို့ရွာကို အဲ့ဒီနေ့ ညနေ ၆ နာရီလောက်မှာ ပစ်ပြီးတော့ ဝင်လာပါတယ်။ ပြီးတော့ တစ်အိမ်ပြီး တစ်အိမ်ဝင်စစ်ရင်းနဲ့ ညည့် ၁၁ နာရီလောက်မှာ ကျမတို့အိမ်ကို ရောက်လာပါတယ်။ အဲ့ဒီအချိန်မှာ ကျမမြေးလေးကငိုနေတော့ သူတို့က လူရှိလားဆိုပြီး တံခါးခေါက်ပါတယ်။ ပြီးတော့ ကျမတို့ကို တစ်ဦးပြီတစ်ဦး စစ်ဆေးပါတယ်။ မှတ်ပုံတင်တွေကိုလည်း စစ်ပါတယ်။ ကျမမှတ်ပုံတင်မှာ မသင်္ကာစရာရှိတယ်။ စစ်ဆေးမယ်ဆိုပြီး၊ ကျမကို တစ်ယောက်တည်း ခေါ်ထုတ်သွားပါတယ်။ ကျမရဲ့ မိသားစုတွေကလည်း ဒီမှာစစ်ဆေးလို့မရဘူးလားလို့ မေးတယ်။ သူတို့က မရဘူးဆိုပြီး အနီးအနားက ကျမယောက္ခမအိမ်ကို ဆွဲခေါ်သွားပါတယ်။” လို့ ပြောပါတယ်။

အဲဒီလိုမျိုး ခေါ်ထုတ်သွားတဲ့အခါ ရသေ့တောင်မြို့နယ် ဦးဂါရွာက အမျိုးသမီးကို ခြိမ်းခြောက်ပြီး တပ်မတော်သား ၃ ဦးက အဓမ္မ ပြုကျင့်ခဲ့တယ်လို့ မီဒီယာတွေကိုပြောပါတယ်။

ဆက်လက်ပြီး သူပြောတာက ” ပြီးတော့ ကျမကို သူတို့က ရွေးချယ်စရာ လမ်းနှစ်လမ်းရှိတယ်လို့ ပြောပါတယ်။ ထွက်ပြေးလို့ရှိရင် သူပုန်လို့သတ်မှတ်ပြီး ပစ်သတ်မယ်။ နောက်တစ်လမ်းက ကျမခန္ဓာကိုယ်ကို ပေးဖို့ပြောပါတယ်။ ပြီးတော့ အဲ့ဒီအချိန်မှာ စစ်သားနှစ်ယောက်က ကျမကို ချုပ်ထားပြီးတော့ ဓားတွေ၊ သေနတ်တွေနဲ့ ခြိမ်းခြောက်ပါတယ်။ ပြီးတော့ စစ်သား ၃ ယောက်က ကျမကို မုဒိမ်းမှုကျူးလွန်ပါတယ်။ မုဒိမ်းမှု တစ်ယောက်ပြီးတစ်ယောက် ကျူးလွန်ပါတယ်။” လို့ ပြောပြပါတယ်။

ဒါ့အပြင် အဓမ္မပြုကျင့်ပြီးတဲ့အခါ အဲ့ဒီတပ်မတော်သား ၃ ဦးဟာ ကာယကံရှင်အမျိုးသမီးကို ကျပ်ငွေ နှစ်သောင်း (၂၀၀၀၀)ပေးပြီး မိသားစုဝင်တွေကိုမပြောဖို့နဲ့ သူတို့ အဓမ္မပြုကျင့်တာကို လုံးဝမပေါက်ကြားဖို့ကို ခြိမ်ခြောက်ပြီးတော့ မိသားစုဝင်တွေဆီကို ပြန်လွှတ်လိုက်တယ်လို့ ကာယကံရှင်အမျိုးသမီးကပြောပါတယ်။

ကာယကံရှင် ဦးဂါရွာက အမျိုးသမီးကိုအဓမ္မပြုကျင့်ပြီး နာရီပိုင်းလောက်အကြာမှာ တပ်မတော်သားတစ်ဦးရောက်လာကာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးရဲ့သမီးဖြစ်သူ မွေးကင်းစ ၆ ရက်သာရှိသေးတဲ့ ကလေးအမေကို အဓမ္မပြုကျင့်ဖို့ အကြိမ်ကြိမ်ခြိမ်းခြောက်ကြံစည်ခဲ့တယ်လို့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးကပြောပါတယ်။

အဲ့ဒီလို အဓမ္မပြုကျင့်ဖို့ကြံစည်ခံရတဲ့ အမျိုးသမီးဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး တပ်မတော်သားတွေရဲ့ အဓမ္မပြုကျင့်မယ့်အန္တရာယ်ကနေ အဖွားဖြစ်သူ အသက် ၇၀ ကျော်အဘွားကြီးက ပုန်းနေတဲ့နေရာကထွက်ပြီး ဟန့်တားတဲ့အခါမှ ထွက်သွားကြတယ်လို့ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးက သမီးဖြစ်သူနဲ့ပတ်သက်ပြီး ပြောပါတယ်။

အဲ့ဒီအမျိုးသမီး ဆက်ပြောတာက” ကလေးအမေကို စစ်ဆေးစရာရှိသေးတယ်ဆိုပြီး စစ်သားတစ်ယောက်က ခေါ်သွားဖို့ပြောတယ်။ ကျမရဲ့အစ်မက မောင်လေး သူက ကလေးမွေးထားတာ ၆ ရက်ပဲ ရှိသေးတယ်ဆိုပြီး ပြောဆိုတဲ့အချိန်မှာ သေနတ်ကိုမောင်းတင်ပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ ကျမသမီးလေးကို ကျမကို အဓမ္မပြုကျင့်တဲ့နေရာကို ဆွဲခေါ်သွားပါတယ်။ ကျမယောက္ခမကို နောက်ကလိုက်သွားဖို့ ကျမကပြောတယ်။ နောက်က လိုက်သွားတော့ တစ်ယောက်က ကင်းစောင့်တဲ့သဘောမျိုးနဲ့ ဟေ့ကောင်တွေ မပြီးသေးဘူးလားလို့ ပြောတယ်။ သူတို့က မလုပ်ရသေးဘူးဆိုပြီး ကျမသမီးလေးကို ပြန်လွှတ်လိုက်တယ်။ ပြီးတော့ ကျမသမီးလေးကို နောက်တစ်ခေါက်လာခေါ်ကြသေးတယ်။ ကျမတို့လည်း မောင်လေး မလုပ်ပါနဲ့တော့ဆိုပြီး အနူးအညွှတ်တောင်းပန်တယ်။ ဒါပေမယ့်မရဘူး။ အဲ့ဒီအချိန်မှာ အပြင်က စစ်သားတစ်ယောက် ဟေ့ကောင်ဘာလုပ်နေတာလဲဆိုပြီး အော်ခေါ်တယ်။ ဟိုမှာ ဆရာခေါ်နေတယ်လို့ပြောတော့ သူတို့ပြန်သွားကြတယ်။ အဲ့ဒီကစပြီး ကျမသမီးလေးကို လာမခေါ်တော့ဘူး။” လို့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးက မီဒီယာတွေကို ပြောပါတယ်။

မနေ့ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းကလည်း တရားလိုဖြစ်တဲ့ အဓမ္မပြုကျင့်ခံရသူရဲ့ သမီးဖြစ်သူ သက်သေကို စစ်တွေမြို့မရဲစခန်းမှာ ဆက်လက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)ရဲ့ ရခိုင်ရုံးခွဲက တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာ ပြောပြတာက” တရားလိုအမျိုးသမီးရဲ့ စိတ်ဆန္ဒအရ ကျမတို့ ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ) ကို ဥပဒေအကြံအဉာဏ်လာတောင်းတယ်။ ဒါ့အပြင် အခြားအမျိုးသမီးထုတွေ၊ အမျိုးသမီအဖွဲ့တွေက ဒီအမှုကို ဥပဒေကြောင်းအရ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး တရားလိုရဲ့ဆန္ဒအရ အကြံအဉာဏ် လာတောင်းတဲ့အတွက် အမှုဖွင့်ဖို့အတွက်ကို တရားလိုရဲ့ဆန္ဒအရ ကျမတို့ ကူညီပေးပါတယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးကာလပဋိပက္ခအတွင်း အမျိုးသမီးတွေအနေနဲ့ လုံခြံမှုမရှိတာတွေကို တွေ့မြင်ရပြီး အလွန်ကြေကွဲရတဲ့ ဖြစ်ရပ်တွေဟာလည်း တိုက်ရိုက်ကြုံတွေ့နေရတယ်လို့ ရခိုင်ပြည်နယ်၊ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။

” ကျမတို့ မြေးတွေ၊ သားသမီးတွေကအစ ဘယ်သူဖြစ်ဖြစ် လုံခြုံမှုနဲ့ပတ်သက်လို့ အင်မတန်မှလည်း စိတ်ထဲခံစားရတယ်။ ပြီးတော့လည်း ကျမတို့ အင်မတန်ကြေကွဲရတဲ့ ဖြစ်ရပ်တွေကိုလည်း တိုက်ရိုက်ကြုံတွေ့ နေရတာဖြစ်တယ်။” လို့ အမျိုးသမီးတွေရဲ့ လုံခြုံမှုနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲပါထုတ်ပြန်ချက်မှာတော့ တပ်မတော်စစ်ကြောင်းဟာ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာအတွင်းကိုဝင်ရောက်စဉ် အေအေနဲ့ ဆက်စပ်ကာ ဝင်ရောက်သတင်းစုံစမ်းခဲ့တာဖြစ်ပြီး ကျေးရွာရှိ ရွာသူရွာသားတွေရဲ့ ရှေ့မှောက်မှာ ပစ္စည်းများ ပျောက်ရှမှုမရှိကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေတာ၊ ဓါတ်ပုံ၊ ဗွီဒီယိုနဲ့ အသံဖိုင်တွေ သက်သေအထောက်အထားအဖြစ် မှတ်တမ်းတင်ထားမှုတွေ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဆိုပါသတင်းမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးကာ မမှန်သတင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရေသ့ေတာင္ၿမိဳ႕နယ္က အဓမၼျပဳက်င့္ခံရတဲ့ ဦးဂါ႐ြာသူတစ္ဦး တပ္မေတာ္သား(၃)ဦးကို ရဲစခန္းမွာအမႈဖြင့္

စစ္ေတြ၊ ဇူလိုင္ ၁၂- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ဇြန္လ ၂၉ ရက္ေန႔က အသက္ ၃၆ ႏွစ္အ႐ြယ္ ဦးဂါ႐ြာသူတစ္ဦးကို တပ္မေတာ္သား ၃ ဦးက အဓမၼျပဳက်င့္ခဲ့တယ္ဆိုတဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဇူလိုင္လ ၁၀ ရက္ေန႔ မနက္ပိုင္းက ကာယကံရွင္ဦးဂါ႐ြာသူက စစ္ေတြၿမိဳ႕မရဲစခန္းမွာ မုဒိမ္းမႈအပါအဝင္ ပုဒ္မ(၃)ခုနဲ႔ အမႈဖြင့္လိုက္ပါတယ္။

အမႈဖြင့္တာဟာ စစ္ေတြၿမိဳ႕မရဲစခန္းမွာျဖစ္ၿပီး (ပ – ၃၅၅ /၂၀၂၀) ၊ ရာဇသတ္ႀကီးပုဒ္မ-၃၆၆(အလိုမတူဘဲ ေသြးေဆာင္ေခၚယူမႈ) ၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆(မုဒိမ္းမႈ)နဲ႔ ရာဇသတ္ႀကီးပုဒ္မ-၁၁၄(အားေပးအားေျမာက္ျပဳမႈ) စတဲ့ပုဒ္မေတြနဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

အခုလိုမ်ိဳး အမႈဖြင့္တာနဲ႔ ပတ္သက္လို႔ ကာယကံရွင္ အမ်ိဳးသမီးက” က်မအေနနဲ႔ကေတာ့ အမွန္တရားကို လိုလားပါတယ္။ ဒါေၾကာင့္လည္းပဲ က်မဟာ ရဲစခန္းမွာစစ္ေဆးတဲ့အခါ က်မက ရဲရဲဝံ့ဝံ့နဲ႔ ထြက္ဆိုခဲ့ပါတယ္။” လို႔ ဇူလိုင္လ ၁၀ ရက္ေန႔ ညေနပိုင္းက မီဒီယာေတြကို ေတြ႕ဆုံစဥ္ေျပာၾကားခဲ့ပါတယ္။
ရေသ့ေတာင္ၿမိဳ႕နယ္၊ ဦးဂါေက်း႐ြာမွာ အဲ့ဒီျဖစ္စဥ္ျဖစ္ပြားတဲ့ေန႔က အဓမၼျပဳက်င့္ခံရသူနဲ႔အတူ ပုန္းခိုေနစဥ္မွာ ကေလး ၃ ဦးနဲ႔ အမ်ိဳးသမီး ၅ ဦးရွိတယ္လုိ႔ အဓမၼျပဳက်င့္ခံရသူက ေျပာပါတယ္။

ကာယကံရွင္ ဦးဂါ႐ြာသူ ကိုယ္တိုင္ကလည္း ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၉ ရက္ေန႔က ဦးဂါ႐ြာကို တပ္မေတာ္စစ္ေၾကာင္းက ဝင္ေရာက္စစ္ေဆးစဥ္ အဲ့ဒီေန႔ ည ၁၁ နာရီေလာက္မွာ တပ္မေတာ္သား ၃ ဦးက ဦးဂါေက်း႐ြာသူကို ၿခိမ္းေျခာက္မႈေတြျပဳလုပ္ၿပီး အဓၶမျပဳက်င့္ခဲ့တယ္လို႔ ေျပာပါတယ္။

ကာယကံရွင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဦးဂါ႐ြာသူအမ်ိဳးသမီး ေျပာျပတာက” တပ္မေတာ္စစ္ေၾကာင္းက က်မတို႔႐ြာကို အဲ့ဒီေန႔ ညေန ၆ နာရီေလာက္မွာ ပစ္ၿပီးေတာ့ ဝင္လာပါတယ္။ ၿပီးေတာ့ တစ္အိမ္ၿပီး တစ္အိမ္ဝင္စစ္ရင္းနဲ႔ ညည့္ ၁၁ နာရီေလာက္မွာ က်မတို႔အိမ္ကို ေရာက္လာပါတယ္။ အဲ့ဒီအခ်ိန္မွာ က်မေျမးေလးကငိုေနေတာ့ သူတို႔က လူရွိလားဆိုၿပီး တံခါးေခါက္ပါတယ္။ ၿပီးေတာ့ က်မတို႔ကို တစ္ဦးၿပီတစ္ဦး စစ္ေဆးပါတယ္။ မွတ္ပုံတင္ေတြကိုလည္း စစ္ပါတယ္။ က်မမွတ္ပုံတင္မွာ မသကၤာစရာရွိတယ္။ စစ္ေဆးမယ္ဆိုၿပီး၊ က်မကို တစ္ေယာက္တည္း ေခၚထုတ္သြားပါတယ္။ က်မရဲ႕ မိသားစုေတြကလည္း ဒီမွာစစ္ေဆးလို႔မရဘူးလားလို႔ ေမးတယ္။ သူတို႔က မရဘူးဆိုၿပီး အနီးအနားက က်မေယာကၡမအိမ္ကို ဆြဲေခၚသြားပါတယ္။” လို႔ ေျပာပါတယ္။

အဲဒီလိုမ်ိဳး ေခၚထုတ္သြားတဲ့အခါ ရေသ့ေတာင္ၿမိဳ႕နယ္ ဦးဂါ႐ြာက အမ်ိဳးသမီးကို ၿခိမ္းေျခာက္ၿပီး တပ္မေတာ္သား ၃ ဦးက အဓမၼ ျပဳက်င့္ခဲ့တယ္လို႔ မီဒီယာေတြကိုေျပာပါတယ္။

ဆက္လက္ၿပီး သူေျပာတာက ” ၿပီးေတာ့ က်မကို သူတို႔က ေရြးခ်ယ္စရာ လမ္းႏွစ္လမ္းရွိတယ္လို႔ ေျပာပါတယ္။ ထြက္ေျပးလို႔ရွိရင္ သူပုန္လို႔သတ္မွတ္ၿပီး ပစ္သတ္မယ္။ ေနာက္တစ္လမ္းက က်မခႏၶာကိုယ္ကို ေပးဖို႔ေျပာပါတယ္။ ၿပီးေတာ့ အဲ့ဒီအခ်ိန္မွာ စစ္သားႏွစ္ေယာက္က က်မကို ခ်ဳပ္ထားၿပီးေတာ့ ဓားေတြ၊ ေသနတ္ေတြနဲ႔ ၿခိမ္းေျခာက္ပါတယ္။ ၿပီးေတာ့ စစ္သား ၃ ေယာက္က က်မကို မုဒိမ္းမႈက်ဴးလြန္ပါတယ္။ မုဒိမ္းမႈ တစ္ေယာက္ၿပီးတစ္ေယာက္ က်ဴးလြန္ပါတယ္။” လို႔ ေျပာျပပါတယ္။

ဒါ့အျပင္ အဓမၼျပဳက်င့္ၿပီးတဲ့အခါ အဲ့ဒီတပ္မေတာ္သား ၃ ဦးဟာ ကာယကံရွင္အမ်ိဳးသမီးကို က်ပ္ေငြ ႏွစ္ေသာင္း (၂၀၀၀၀)ေပးၿပီး မိသားစုဝင္ေတြကိုမေျပာဖို႔နဲ႔ သူတို႔ အဓမၼျပဳက်င့္တာကို လုံးဝမေပါက္ၾကားဖို႔ကို ၿခိမ္ေျခာက္ၿပီးေတာ့ မိသားစုဝင္ေတြဆီကို ျပန္လႊတ္လိုက္တယ္လို႔ ကာယကံရွင္အမ်ိဳးသမီးကေျပာပါတယ္။

ကာယကံရွင္ ဦးဂါ႐ြာက အမ်ိဳးသမီးကိုအဓမၼျပဳက်င့္ၿပီး နာရီပိုင္းေလာက္အၾကာမွာ တပ္မေတာ္သားတစ္ဦးေရာက္လာကာ အဓမၼျပဳက်င့္ခံရတဲ့ အမ်ိဳးသမီးရဲ႕သမီးျဖစ္သူ ေမြးကင္းစ ၆ ရက္သာရွိေသးတဲ့ ကေလးအေမကို အဓမၼျပဳက်င့္ဖို႔ အႀကိမ္ႀကိမ္ၿခိမ္းေျခာက္ႀကံစည္ခဲ့တယ္လို႔ အဓမၼျပဳက်င့္ခံရတဲ့ အမ်ိဳးသမီးကေျပာပါတယ္။

အဲ့ဒီလို အဓမၼျပဳက်င့္ဖို႔ႀကံစည္ခံရတဲ့ အမ်ိဳးသမီးဟာ အသက္ ၁၉ ႏွစ္အ႐ြယ္သာရွိေသးၿပီး တပ္မေတာ္သားေတြရဲ႕ အဓမၼျပဳက်င့္မယ့္အႏၲရာယ္ကေန အဖြားျဖစ္သူ အသက္ ၇၀ ေက်ာ္အဘြားႀကီးက ပုန္းေနတဲ့ေနရာကထြက္ၿပီး ဟန္႔တားတဲ့အခါမွ ထြက္သြားၾကတယ္လို႔ အဓမၼျပဳက်င့္ခံရသူ အမ်ိဳးသမီးက သမီးျဖစ္သူနဲ႔ပတ္သက္ၿပီး ေျပာပါတယ္။

အဲ့ဒီအမ်ိဳးသမီး ဆက္ေျပာတာက” ကေလးအေမကို စစ္ေဆးစရာရွိေသးတယ္ဆိုၿပီး စစ္သားတစ္ေယာက္က ေခၚသြားဖို႔ေျပာတယ္။ က်မရဲ႕အစ္မက ေမာင္ေလး သူက ကေလးေမြးထားတာ ၆ ရက္ပဲ ရွိေသးတယ္ဆိုၿပီး ေျပာဆိုတဲ့အခ်ိန္မွာ ေသနတ္ကိုေမာင္းတင္ၿပီး ၿခိမ္းေျခာက္ပါတယ္။ ၿပီးေတာ့ က်မသမီးေလးကို က်မကို အဓမၼျပဳက်င့္တဲ့ေနရာကို ဆြဲေခၚသြားပါတယ္။ က်မေယာကၡမကို ေနာက္ကလိုက္သြားဖို႔ က်မကေျပာတယ္။ ေနာက္က လိုက္သြားေတာ့ တစ္ေယာက္က ကင္းေစာင့္တဲ့သေဘာမ်ိဳးနဲ႔ ေဟ့ေကာင္ေတြ မၿပီးေသးဘူးလားလို႔ ေျပာတယ္။ သူတို႔က မလုပ္ရေသးဘူးဆိုၿပီး က်မသမီးေလးကို ျပန္လႊတ္လိုက္တယ္။ ၿပီးေတာ့ က်မသမီးေလးကို ေနာက္တစ္ေခါက္လာေခၚၾကေသးတယ္။ က်မတို႔လည္း ေမာင္ေလး မလုပ္ပါနဲ႔ေတာ့ဆိုၿပီး အႏူးအၫႊတ္ေတာင္းပန္တယ္။ ဒါေပမယ့္မရဘူး။ အဲ့ဒီအခ်ိန္မွာ အျပင္က စစ္သားတစ္ေယာက္ ေဟ့ေကာင္ဘာလုပ္ေနတာလဲဆိုၿပီး ေအာ္ေခၚတယ္။ ဟိုမွာ ဆရာေခၚေနတယ္လို႔ေျပာေတာ့ သူတို႔ျပန္သြားၾကတယ္။ အဲ့ဒီကစၿပီး က်မသမီးေလးကို လာမေခၚေတာ့ဘူး။” လို႔ အဓမၼျပဳက်င့္ခံရတဲ့ အမ်ိဳးသမီးက မီဒီယာေတြကို ေျပာပါတယ္။

မေန႔ဇူလိုင္လ ၁၁ ရက္ေန႔ မနက္ပိုင္းကလည္း တရားလိုျဖစ္တဲ့ အဓမၼျပဳက်င့္ခံရသူရဲ႕ သမီးျဖစ္သူ သက္ေသကို စစ္ေတြၿမိဳ႕မရဲစခန္းမွာ ဆက္လက္စစ္ေဆးေနတယ္လုိ႔လည္း သိရပါတယ္။

ဥပေဒေရးရာကုစားေရးအဖြဲ႕(ျမန္မာ)ရဲ႕ ရခိုင္႐ုံးခြဲက တရားလႊတ္ေတာ္ေရွ႕ေန ေဒၚျမသူဇာ ေျပာျပတာက” တရားလိုအမ်ိဳးသမီးရဲ႕ စိတ္ဆႏၵအရ က်မတို႔ ဥပေဒေရးရာကုစားေရးအဖြဲ႕(ျမန္မာ) ကို ဥပေဒအႀကံအဉာဏ္လာေတာင္းတယ္။ ဒါ့အျပင္ အျခားအမ်ိဳးသမီးထုေတြ၊ အမ်ိဳးသမီအဖြဲ႕ေတြက ဒီအမႈကို ဥပေဒေၾကာင္းအရ ဘယ္လိုလုပ္ရင္ေကာင္းမလဲဆိုၿပီး တရားလိုရဲ႕ဆႏၵအရ အႀကံအဉာဏ္ လာေတာင္းတဲ့အတြက္ အမႈဖြင့္ဖို႔အတြက္ကို တရားလိုရဲ႕ဆႏၵအရ က်မတို႔ ကူညီေပးပါတယ္။” လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္က လက္ရွိျဖစ္ပြားေနတဲ့ စစ္ေရးကာလပဋိပကၡအတြင္း အမ်ိဳးသမီးေတြအေနနဲ႔ လုံၿခံမႈမရွိတာေတြကို ေတြ႕ျမင္ရၿပီး အလြန္ေၾကကြဲရတဲ့ ျဖစ္ရပ္ေတြဟာလည္း တိုက္႐ိုက္ႀကဳံေတြ႕ေနရတယ္လို႔ ရခိုင္ျပည္နယ္၊ ရခိုင္အမ်ိဳးသမီးကြန္ရက္ဥကၠဌ ေဒၚညိဳေအးက ေျပာပါတယ္။

” က်မတို႔ ေျမးေတြ၊ သားသမီးေတြကအစ ဘယ္သူျဖစ္ျဖစ္ လုံၿခဳံမႈနဲ႔ပတ္သက္လို႔ အင္မတန္မွလည္း စိတ္ထဲခံစားရတယ္။ ၿပီးေတာ့လည္း က်မတို႔ အင္မတန္ေၾကကြဲရတဲ့ ျဖစ္ရပ္ေတြက္ိုလည္း တိုက္႐ိုက္ႀကဳံေတြ႕ ေနရတာျဖစ္တယ္။” လို႔ အမ်ိဳးသမီးေတြရဲ႕ လုံၿခဳံမႈနဲ႔ပတ္သက္ၿပီး ရခိုင္အမ်ိဳးသမီးကြန္ရက္ဥကၠဌ ေဒၚညိဳေအးက ေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ ဇူလိုင္လ ၂ ရက္ေန႔ ရက္စြဲပါထုတ္ျပန္ခ်က္မွာေတာ့ တပ္မေတာ္စစ္ေၾကာင္းဟာ ရေသ့ေတာင္ၿမိဳ႕နယ္ ဦးဂါေက်း႐ြာအတြင္းကုိဝင္ေရာက္စဥ္ ေအေအနဲ႔ ဆက္စပ္ကာ ဝင္ေရာက္သတင္းစုံစမ္းခဲ့တာျဖစ္ၿပီး ေက်း႐ြာရွိ ႐ြာသူ႐ြာသားေတြရဲ႕ ေရွ႕ေမွာက္မွာ ပစၥည္းမ်ား ေပ်ာက္ရွမႈမရွိေၾကာင္း ဝန္ခံကတိလက္မွတ္ေရးထိုးေစတာ၊ ဓါတ္ပုံ၊ ဗြီဒီယိုနဲ႔ အသံဖိုင္ေတြ သက္ေသအေထာက္အထားအျဖစ္ မွတ္တမ္းတင္ထားမႈေတြ ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး အဆိုပါသတင္းမွာ ျပည္သူလူထု အထင္အျမင္လြဲမွားေစရန္ လုပ္ႀကံဖန္တီးကာ မမွန္သတင္းေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္က ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW