ပလက်ဝမြို့နယ်ရှိ အထက်တန်းကျောင်း ၂၈ ကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိ

ပလက်ဝမြို့နယ်ရှိ အထက်တန်းကျောင်း ၂၈ ကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိ

ကလေး၊ ဇူလိုင် ၁၄-၂၀၂၀
ငြိမ်းသူမင်း(VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်း(ခွဲ) စုစုပေါင်း ၂၈ ကျောင်းဟာ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့ ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောပါတယ်။

“နယ်မြေ အခြေအနေအရ မဖွင့်နိုင်ဘူး။ မဖွင့်နိုင်သေးတဲ့ကျောင်းတွေက ပလက်ဝအနီးအနား တစ်ဝိုက် အားလုံးရယ်၊ ပလက်ဝအထက်ပိုင်း အားလုံးပေါ့၊ လမ်းပန်းဆက်သွယ်ရေးလည်းပါတယ် သွားလို့မရသေးတဲ့ အပိုင်းတွေလည်း ရှိတယ်၊ ပုံနှိပ်စာအုပ်တွေလည်း အခုထိ မရောက်သေးဘူး။ ကျောင်းအပ်လက်ခံတဲ့ ကျောင်းတွေက ဆရာ၊ဆရာမတွေတော့ ရောက်နေပြီ၊ လက်မခံသေးတဲ့ ကျောင်းတွေကတော့ ဆရာ၊ဆရာမတွေလည်း မရောက်သေးဘူး။ သွားလို့လည်း မရဘူး၊ လမ်းတွေကလည်း ပိတ်ထားတယ်”လို့ ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အထက်တန်းကျောင်းတွေမှာ ၉တန်း နဲ့ ၁၀ တန်း ကျောင်းပြန်တက်နိုင်ဖို့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျောင်းအပ်လက်ခံတာတွေ လုပ်နေကြပြီ ဖြစ်ပါတယ်။

ဒါပေမယ့် နယ်မြေတည်ငြိမ်ခြင်း မရှိသေးတဲ့ ပလက်ဝမြို့နယ်က အထက်တန်းကျောင်း(၄၁)ကျောင်း ထဲက စာသင်ကျောင်း ၁၃ ကျောင်းမှာသာ ကျောင်းအပ်လက်ခံနိုင်ပြီးတော့ ကျန်တဲ့ကျောင်းတွေမှာ ကျောင်းအပ်လက်ခံနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

“ကျွန်တော်တို့ကတော့ ကျောင်းတွေ တန်းတူအားလုံး ဖွင့်ချင်တာပေါ့။ ဒါပေမယ့် အခြေအနေက မပေးတဲ့ အခါကျတော့ မဖွင့်နိုင်ဘူးပေါ့။ အမြန်ဆုံး ကျောင်းအမြန်ဖွင့်ဖို့ ဆန္ဒရှိပါတယ်။ နောက်ပြီး ဆရာ၊ဆရာမ လုံလောက်မှု မရှိတာတွေရော ရှိလာတယ်”လို့ မြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်း က ပြောပါတယ်။

ပလက်ဝမြို့နယ် မှာ တပ်မတော် နဲ့ အေအေ လက်နက်ကိုင် အဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ပြည်သူ အများအပြားလည်း ရှိနေပါတယ်။

လက်ရှိ ပလက်ဝမြို့ပေါ် နဲ့ ဆမီးမြို့ပေါ် အပါအဝင် ဘေးလွတ်ရာကျေးရွာတွေမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူ ထောင်ချီရှိနေပြီးတော့ အဲ့ဒီအထဲမှာ ကျောင်းသားကျောင်းသူတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ ကျောင်းသားကျောင်းသူတွေ ပညာဆက်လက် သင်ကြားနိုင်ဖို့ စစ်ရှောင်စခန်းတွေမှာ ယာယီကျောင်းဆောင်တွေကို ပြည်နယ်အစိုးရအဖွဲ့က တည်ဆောက်ပေးနေတဲ့အပြင် မြို့ပေါ်က ကျောင်းတွေကိုလည်း ပညာသင်ကြားနိုင်ဖို့ စီစဉ်နေပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ့် အထက်တန်းကျောင်သား၊ကျောင်းသူတွေကို ကိုဗစ်ကာလ စည်းကမ်းချက်နဲ့အညီ မနက် တစ်ကြိမ် ညနေ တစ်ကြိမ် တစ်ရက်ကို နှစ်ကြိမ် ဖွင့်လှစ်သင်ကြားဖို့လည်း စီစဉ်ထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ

Zawgyi

ပလက္ဝၿမိဳ႕နယ္ရွိ အထက္တန္းေက်ာင္း ၂၈ ေက်ာင္း ဖြင့္လွစ္ႏိုင္ျခင္း မရွိ

ကေလး၊ ဇူလိုင္ ၁၄-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာရွိတဲ့ အေျခခံပညာအထက္တန္းေက်ာင္းနဲ႔ အထက္တန္းေက်ာင္း(ခြဲ) စုစုေပါင္း ၂၈ ေက်ာင္းဟာ နယ္ေျမတည္ၿငိမ္မႈမရွိတာေၾကာင့္ ေက်ာင္းဖြင့္လွစ္ႏိုင္ျခင္းမရွိဘူးလို႔ ပလက္ဝၿမိဳ႕နယ္ပညာေရးမႉး ဆလိုင္းေအာင္မင္းကေျပာပါတယ္။

“နယ္ေျမ အေျခအေနအရ မဖြင့္ႏိုင္ဘူး။ မဖြင့္ႏိုင္ေသးတဲ့ေက်ာင္းေတြက ပလက္ဝအနီးအနား တစ္ဝိုက္ အားလုံးရယ္၊ ပလက္ဝအထက္ပိုင္း အားလုံးေပါ့၊ လမ္းပန္းဆက္သြယ္ေရးလည္းပါတယ္ သြားလို႔မရေသးတဲ့ အပိုင္းေတြလည္း ရွိတယ္၊ ပုံႏွိပ္စာအုပ္ေတြလည္း အခုထိ မေရာက္ေသးဘူး။ ေက်ာင္းအပ္လက္ခံတဲ့ ေက်ာင္းေတြက ဆရာ၊ဆရာမေတြေတာ့ ေရာက္ေနၿပီ၊ လက္မခံေသးတဲ့ ေက်ာင္းေတြကေတာ့ ဆရာ၊ဆရာမေတြလည္း မေရာက္ေသးဘူး။ သြားလို႔လည္း မရဘူး၊ လမ္းေတြကလည္း ပိတ္ထားတယ္”လို႔ ပလက္ဝၿမိဳ႕နယ္ပညာေရးမႉး ဆလိုင္းေအာင္မင္းကေျပာပါတယ္။

ျမန္မာႏိုင္ငံတစ္ႏိုင္ငံလုံးမွာရွိတဲ့ အထက္တန္းေက်ာင္းေတြမွာ ၉တန္း နဲ႔ ၁၀ တန္း ေက်ာင္းျပန္တက္ႏိုင္ဖို႔ ဇူလိုင္လ ၁၃ ရက္ေန႔မွာ ေက်ာင္းအပ္လက္ခံတာေတြ လုပ္ေနၾကၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္ နယ္ေျမတည္ၿငိမ္ျခင္း မရွိေသးတဲ့ ပလက္ဝၿမိဳ႕နယ္က အထက္တန္းေက်ာင္း(၄၁)ေက်ာင္း ထဲက စာသင္ေက်ာင္း ၁၃ ေက်ာင္းမွာသာ ေက်ာင္းအပ္လက္ခံႏိုင္ၿပီးေတာ့ က်န္တဲ့ေက်ာင္းေတြမွာ ေက်ာင္းအပ္လက္ခံႏိုင္ျခင္း မရွိေသးတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ကေတာ့ ေက်ာင္းေတြ တန္းတူအားလုံး ဖြင့္ခ်င္တာေပါ့။ ဒါေပမယ့္ အေျခအေနက မေပးတဲ့ အခါက်ေတာ့ မဖြင့္ႏိုင္ဘူးေပါ့။ အျမန္ဆုံး ေက်ာင္းအျမန္ဖြင့္ဖို႔ ဆႏၵရွိပါတယ္။ ေနာက္ၿပီး ဆရာ၊ဆရာမ လုံေလာက္မႈ မရွိတာေတြေရာ ရွိလာတယ္”လို႔ ၿမိဳ႕နယ္ပညာေရးမႉး ဆလိုင္းေအာင္မင္း က ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္ မွာ တပ္မေတာ္ နဲ႔ ေအေအ လက္နက္ကိုင္ အဖြဲ႕အၾကား တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ စစ္ေဘးေရွာင္ျပည္သူ အမ်ားအျပားလည္း ရွိေနပါတယ္။

လက္ရွိ ပလက္ဝၿမိဳ႕ေပၚ နဲ႔ ဆမီးၿမိဳ႕ေပၚ အပါအဝင္ ေဘးလြတ္ရာေက်း႐ြာေတြမွာ ေနထိုင္ၾကတဲ့ စစ္ေဘးေရွာင္ျပည္သူ ေထာင္ခ်ီရွိေနၿပီးေတာ့ အဲ့ဒီအထဲမွာ ေက်ာင္းသားေက်ာင္းသူေတြလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။

အဲ့ဒီ ေက်ာင္းသားေက်ာင္းသူေတြ ပညာဆက္လက္ သင္ၾကားႏိုင္ဖို႔ စစ္ေရွာင္စခန္းေတြမွာ ယာယီေက်ာင္းေဆာင္ေတြကို ျပည္နယ္အစိုးရအဖြဲ႕က တည္ေဆာက္ေပးေနတဲ့အျပင္ ၿမိဳ႕ေပၚက ေက်ာင္းေတြကုိလည္း ပညာသင္ၾကားႏိုင္ဖို႔ စီစဥ္ေနၿပီး ဇူလိုင္လ ၂၁ ရက္ေန႔မွာ စတင္ဖြင့္လွစ္မယ့္ အထက္တန္းေက်ာင္သား၊ေက်ာင္းသူေတြကို ကိုဗစ္ကာလ စည္းကမ္းခ်က္နဲ႔အညီ မနက္ တစ္ႀကိမ္ ညေန တစ္ႀကိမ္ တစ္ရက္ကို ႏွစ္ႀကိမ္ ဖြင့္လွစ္သင္ၾကားဖို႔လည္း စီစဥ္ထားတယ္လို႔ ျပည္နယ္အစိုးရအဖြဲ႕ဆီကေန သိရပါတယ္။

#voiceofmyanmar #VOM #ပလက္ဝ

Related posts

Leave a Comment

VOM News

FREE
VIEW