ကိုယ်ပိုင်ကျောင်းနဲ့ဘော်ဒါတွေ စည်ပင်ခွင့်ပြုရင် ပြန်ဖွင့်ခွင့်ပေးထား

ကိုယ်ပိုင်ကျောင်းနဲ့ဘော်ဒါတွေ စည်ပင်ခွင့်ပြုရင် ပြန်ဖွင့်ခွင့်ပေးထား

နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၂၀
ကောင်းလက်ျာ(VOM)

အခုပညာသင်နှစ်အတွက် ပုဂ္ဂလိကကျောင်းနဲ့ အစိုးရကျောင်းများကိုသာ ဖွင့်ခွင့်ရမှာဖြစ်ပြီး ဘော်ဒါဆောင်တွေ မဖွင့်လှစ်ဖို့အတွက် ပညာရေးဝန်ကြီးဌာနက ကြေငြာထားပေမယ့်လည်း ဘော်ဒါဆောင်တွေအနေနဲ့ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့က စစ်ဆေးအတည်ပြုချက် ရယူပြီး ခွင့်ပြုချက်ရခဲ့ပါက ဖွင့်လှစ်ခွင့်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများအသင်း အတွင်းရေးမှူး ဦး‌ကျော်မင်းခန့်(Bio)ကပြောပါတယ်။

ဘော်ဒါဆိုတာ ညအိပ်ညနေ လူထားတာပါ။ ဒါက ပညာရေးဌာန စီမံခန့်ခွဲမှုနဲ့ မဆိုင်တာကြောင့် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၊ ကိုဗစ်တာဆီးထိန်းချုပ်ရေးကော်မတီ ခွင့်ပြုရင် ရပါတယ်။ ဖွင့်လို့မရဘူးဆိုတာ မဟုတ်ပါဘူး”လို့ ဦး‌ကျော်မင်းခန့်(Bio)ကပြောပါတယ်။

လက်တလော ၂၀၂၀-၂၀၂၁ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းဆင့် အစိုးရကျောင်းများ၊ ပုဂ္ဂလိက အထက်တန်းဆင့် ကိုယ်ပိုင်ကျောင်းတွေကို ကျောင်းအပ်လက်ခံနေပြီး အစိုးရကျောင်းတွေဖွင့်ပြီးပါက ရက်ပိုင်းအတွင်းမှာပဲ ဘာသာရပ်သင် ပုဂ္ဂလိကသင်တန်းတွေကို ဖွင့်လှစ်ခွင့်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအသင်း(MTA)ကနေ သိရပါတယ်။

အခုလို ဘော်ဒါဆောင်တွေကို ဖွင့်လှစ်ခွင့်မပြုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခြေခံပညာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကို ဒီကနေ့မနက်ပိုင်းက ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။

“ကျွန်တော်တို့က သားသမီးကို ဘော်ဒါပို့ရမှာလား မပို့ရဘူးလား ခေါင်းတွေလည်း ရှူတ်နေပြီဗျာ။ ဘယ်စာကအမှန် ဘယ်သူ့ဆုံးဖြတ်ချက်အတည်လည်း မေးရမလိုဖြစ်ပြီ”လို့ ကျောင်းသားမိဘ တစ်ဦးကပြောပါတယ်။

ယခုလ ၁၃ ရက်နေ့ကကျင်းပတဲ့ ကိုဗစ်ကာကွယ်တားဆီး ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ရဲ့ ထုတ်ပြန်ချက်အရ ရောဂါတားဆီးထိန်းချုပ်ရေး ဆက်လက်လိုအပ်နေတဲ့အတွက် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးရှိ ဘော်ဒါဆောင်ထားရှိဖွင့်လှစ်နေတဲ့ ပုဂ္ဂလိကအထက်တန်းကျောင်းများ၊ ဘော်ဒါဆောင်များနဲ့ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းတွေကို လုံဝ(လုံးဝ)ဖွင့်လှစ်ခွင့်မပြုကြောင်းကို ဇူလိုင် ၁၄ ရက်နေ့ရက်စွဲနဲ့ စာထုတ်ပြန်ထားတာဖြစ်ပါတယ်။

တည်းခိုခန်းများ၊ မိုတယ်များနဲ့ ဟိုတယ်များအပြင် ဘော်ဒါဆောင်များပိတ်ပင်ထားခြင်းဟာ ကိုဗစ်ရောဂါတားဆီးကာကွယ်ထိန်းချုပ်ရေးအဖွဲ့(ဗဟို)က ပိတ်ပင်ထားခြင်းသာဖြစ်တဲ့အတွက် ယခုနှစ်ခွင့်ပြုချက်ပေးဖို့ကိစ္စမှာ ပြည်ထောင်စုအဆင့်က ခွင့်ပြုမှသာလျှင် အဆင်ပြေမယ့်ပြဿနာ ဖြစ်တယ်လို့ မြို့နယ်အဆင့်စည်ပင်သာယာရေးကော်မတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပညာရေး

Zawgyi

ကိုယ္ပိုင္ေက်ာင္းနဲ႔ေဘာ္ဒါေတြ စည္ပင္ခြင့္ျပဳရင္ ျပန္ဖြင့္ခြင့္ေပးထား

ေနျပည္ေတာ္၊ ဇူလိုင္ ၁၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

အခုပညာသင္ႏွစ္အတြက္ ပုဂၢလိကေက်ာင္းနဲ႔ အစိုးရေက်ာင္းမ်ားကိုသာ ဖြင့္ခြင့္ရမွာျဖစ္ၿပီး ေဘာ္ဒါေဆာင္ေတြ မဖြင့္လွစ္ဖို႔အတြက္ ပညာေရးဝန္ႀကီးဌာနက ေၾကျငာထားေပမယ့္လည္း ေဘာ္ဒါေဆာင္ေတြအေနနဲ႔ သက္ဆိုင္ရာ စည္ပင္သာယာေရးအဖြဲ႕က စစ္ေဆးအတည္ျပဳခ်က္ ရယူၿပီး ခြင့္ျပဳခ်က္ရခဲ့ပါက ဖြင့္လွစ္ခြင့္ရွိတယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာဆရာ၊ဆရာမမ်ားအသင္း အတြင္းေရးမွဴး ဦး‌ေက်ာ္မင္းခန႔္(Bio)ကေျပာပါတယ္။

ေဘာ္ဒါဆိုတာ ညအိပ္ညေန လူထားတာပါ။ ဒါက ပညာေရးဌာန စီမံခန႔္ခြဲမႈနဲ႔ မဆိုင္တာေၾကာင့္ သက္ဆိုင္ရာစည္ပင္သာယာေရးအဖြဲ႕၊ ကိုဗစ္တာဆီးထိန္းခ်ဳပ္ေရးေကာ္မတီ ခြင့္ျပဳရင္ ရပါတယ္။ ဖြင့္လို႔မရဘူးဆိုတာ မဟုတ္ပါဘူး”လုိ႔ ဦး‌ေက်ာ္မင္းခန႔္(Bio)ကေျပာပါတယ္။

လက္တေလာ ၂၀၂၀-၂၀၂၁ပညာသင္ႏွစ္အတြက္ အေျခခံပညာအထက္တန္းဆင့္ အစိုးရေက်ာင္းမ်ား၊ ပုဂၢလိက အထက္တန္းဆင့္ ကိုယ္ပိုင္ေက်ာင္းေတြကို ေက်ာင္းအပ္လက္ခံေနၿပီး အစိုးရေက်ာင္းေတြဖြင့္ၿပီးပါက ရက္ပိုင္းအတြင္းမွာပဲ ဘာသာရပ္သင္ ပုဂၢလိကသင္တန္းေတြကုိ ဖြင့္လွစ္ခြင့္ေပးမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာဆရာမမ်ားအသင္း(MTA)ကေန သိရပါတယ္။

အခုလုိ ေဘာ္ဒါေဆာင္ေတြကို ဖြင့္လွစ္ခြင့္မျပဳတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး အေျခခံပညာဦးစီးဌာနမွ ဒုတိယၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကုိ ဒီကေန႔မနက္ပုိင္းက ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းေပမယ့္ ဖုန္းလက္ခံေျဖဆိုတာမရိွခဲ့ပါဘူး။

“ကြၽန္ေတာ္တို႔က သားသမီးကို ေဘာ္ဒါပို႔ရမွာလား မပို႔ရဘူးလား ေခါင္းေတြလည္း ရႉတ္ေနၿပီဗ်ာ။ ဘယ္စာကအမွန္ ဘယ္သူ႔ဆုံးျဖတ္ခ်က္အတည္လည္း ေမးရမလိုျဖစ္ၿပီ”လို႔ ေက်ာင္းသားမိဘ တစ္ဦးကေျပာပါတယ္။

ယခုလ ၁၃ ရက္ေန႔ကက်င္းပတဲ့ ကိုဗစ္ကာကြယ္တားဆီး ထိန္းခ်ဳပ္ေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ အစည္းအေဝးဆုံးျဖတ္ခ်က္ရဲ႕ ထုတ္ျပန္ခ်က္အရ ေရာဂါတားဆီးထိန္းခ်ဳပ္ေရး ဆက္လက္လိုအပ္ေနတဲ့အတြက္ ေနျပည္ေတာ္ေကာင္စီ အပါအဝင္ တိုင္းနဲ႔ျပည္နယ္ အသီးသီးရွိ ေဘာ္ဒါေဆာင္ထားရွိဖြင့္လွစ္ေနတဲ့ ပုဂၢလိကအထက္တန္းေက်ာင္းမ်ား၊ ေဘာ္ဒါေဆာင္မ်ားနဲ႔ ဘာသာရပ္သင္ ကိုယ္ပိုင္သင္တန္းေက်ာင္းေတြကို လုံဝ(လုံးဝ)ဖြင့္လွစ္ခြင့္မျပဳေၾကာင္းကို ဇူလိုင္ ၁၄ ရက္ေန႔ရက္စြဲနဲ႔ စာထုတ္ျပန္ထားတာျဖစ္ပါတယ္။

တည္းခိုခန္းမ်ား၊ မိုတယ္မ်ားနဲ႔ ဟိုတယ္မ်ားအျပင္ ေဘာ္ဒါေဆာင္မ်ားပိတ္ပင္ထားျခင္းဟာ ကိုဗစ္ေရာဂါတားဆီးကာကြယ္ထိန္းခ်ဳပ္ေရးအဖြဲ႕(ဗဟို)က ပိတ္ပင္ထားျခင္းသာျဖစ္တဲ့အတြက္ ယခုႏွစ္ခြင့္ျပဳခ်က္ေပးဖုိ႔ကိစၥမွာ ျပည္ေထာင္စုအဆင့္က ခြင့္ျပဳမွသာလွ်င္ အဆင္ေျပမယ့္ျပႆနာ ျဖစ္တယ္လို႔ ၿမိဳ႕နယ္အဆင့္စည္ပင္သာယာေရးေကာ္မတီတစ္ခုမွ တာဝန္ရွိသူတစ္ဦးရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ပညာေရး

Related posts

Leave a Comment

VOM News

FREE
VIEW