ရသေ့တောင်မြို့နယ်မှာ ကျေးရွာ(၄)ရွာက ဒေသခံ(၄၀၀၀)ကျော် နေရပ်စွန့်ခွာ

ရသေ့တောင်မြို့နယ်မှာ ကျေးရွာ(၄)ရွာက ဒေသခံ(၄၀၀၀)ကျော် နေရပ်စွန့်ခွာ

ရသေ့တောင်၊ ဇူလိုင် ၁၅- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ကိုးတန်ကောက်ကျေးရွာနဲ့ ချိန်ခါလီရွာကြားမှာ တပ်မတော်နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာ(၄)ရွာလောက်က ဒေသခံ (၄၀၀၀) ကျော်လောက်ဟာ ဒီကနေ့အချိန်ထိ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ရခိုင်မျိုးနွယ်စုအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းပြောပြတာက” ထွက်ပြေးနေရတာကတော့ (၄၀၀၀)ကျော်လောက် ထွက်ပြေးနေရတယ်။ အဓိကကတော့ ဒုံးပိုက်၊ ချိန်ခါလိန်၊ ကိုးတန်ကောက် အဲ့ဒီရွာတွေက ထွက်ပြေးနေတာ။ အခြားရွာတွေကလည်း ထွက်ပြေးတာတွေရှိတယ်။ စစ်တွေကို ထွက်ပြေးလာတဲ့လူတွေလည်း ရှိတယ်။ ထွက်ပြေးလာတာတွေကို စာရင်းကောက်ဖို့တော့ ရှိပါတယ်။ အားလုံးထွက်ပြေးနေကြတာတော့ (၄) ထောင်ကျော်လောက်ပေါ့။”လို့ ပြောပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၅ ရက်‌နေ့မှာလည်း ချိန်ခါလိန်ကျေးရွာက ကျန်ရှိနေတဲ့ ဒေသခံ တွေကိုသွားရောက်ပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတယ်လို့ ထွက်ပြေးလာသူတွေကိုကူညီပေးနေတဲ့ အင်းဒင်ကျေးရွာက ကိုထွန်းမြင့်ဦးက VOM ကိုပြောပါတယ်။

မနေ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ချိန်ခါလီကျေးရွာတွင်း ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေတဲ့သူတွေကို ကူညီကယ်ဆယ်မှုတွေပြုလုပ်ပြီး လက်ရှိမှာ စစ်တွေမြို့ပေါ်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးလာသူတွေကို ကူညီကယ်ဆယ်မှုတွေလုပ်ဆောင်နေတဲ့ အင်းဒင်ကျေးရွာသား ကိုထွန်းမြင့်ဦးပြောပြတာက ”ကျနော်တို့က ဒီကနေ့ နံနက်ပိုင်းကလည်း ချိန်ခါလိန်ကျေးရွာထဲမှာ မိသားစုတစ်စု ပိတ်မိနေတယ်ဆိုလို့ ကျနော်တို့ ကယ်ထုတ်ခဲ့ပါတယ်။ မနေ့ကဆိုရင်လည်း ချိန်ခါလိန်ရွာမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အို(၉)ဦးနဲ့ နာတာရှည်ရောဂါသည်(၁)ဦးကို ရွာက ကယ်ထုတ်ခဲ့တယ်။ အဲ့ဒီရွာထဲမှာ တစ်ယောက်ကျန်နေတယ်ဆိုလို့ ကျနော်တို့ သွားကြည့်တယ်။ ဒါပေမယ့် မတွေ့ခဲ့ဘူး။ သူ့ရဲ့မိသားစုဝင်တွေ ပြောတဲ့နေရာမှာ သွားကြည့်တော့လည်း မတွေ့ခဲ့ဘူး။ ကိုးတန်ကောက်နဲ့ ချိန်ခါလိန်ရွာကတော့ ရွာလုံးကျွတ်ပေါ့။ ကျနော်တို့ အင်းဒင်ရွာနဲ့ ဒုံးပိုက်ရွာကတော့ ထွက်ပြေးတာ ရွာလုံးကျွတ်မဟုတ်ဘူး။ အခုလိုမျိုး ရွာလုံးကျွတ်ထွက်ပြေးနေရတာတွေရှိနေတယ်ဆိုတော့ သူတို့(ဒေသခံတွေ)ရဲ့ စားဝတ်နေရေးက အဓိကခက်ခဲလာဖို့ စိုးရိမ်ရတယ်။ သူတို့ရဲ့ဘဝရပ်တည်ရေးက အခက်အခဲတွေ့လာဖို့ကို စိုးရိမ်ရတယ်။ အခုလို စပါးစိုက်ပျိုးတဲ့ရာသီမှာ စပါးမစိုက်ပျိုးရဘူး။ တိရစ္ဆာန်တွေဆိုတာကလည်း လမ်းဘေးမှာ ဒီအတိုင်းသွားနေရင် ဆုံးရှုံးမှုတွေ အများကြီးဖြစ်လာနိုင်တယ်။ အဲ့လိုဆိုတော့ ပြည်သူတွေအတွက် အများကြီးဆုံးရှုံးနစ်နာမှုတွေ ဖြစ်တာပေါ့။“ လို့ ပြောပါတယ်။

ရခိုင်မျိုးနွယ်စုအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကလည်း ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် လူဦးရေ(၂) သိန်းနီးပါးလောက်ရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် စားဝတ်နေရေးဟာ အရင် ၂၀၁၉ ခုနှစ်ကထက် ပိုပြီးခက်ခဲလာကြောင်းနဲ့ တပ်မတော်နဲ့ အေအေတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကတော့ လက်ရှိအနေအထားအရ ဆွေးနွေးညှိနှိုင်းပြီး ပြေလည်ဖို့ အလားအလာမတွေ့သေးဘူးလို့ ထောက်ပြပြောဆိုပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင်

Zawgyi

ရေသ့ေတာင္ၿမိဳ႕နယ္မွာ ေက်း႐ြာ(၄)႐ြာက ေဒသခံ(၄၀၀၀)ေက်ာ္ ေနရပ္စြန႔္ခြာ

ရေသ့ေတာင္၊ ဇူလိုင္ ၁၅- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရေသ့ေတာင္ၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၂ ရက္ေန႔က ကိုးတန္ေကာက္ေက်း႐ြာနဲ႔ ခ်ိန္ခါလီ႐ြာၾကားမွာ တပ္မေတာ္နဲ႔ ေအေအတို႔တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ေက်း႐ြာ(၄)႐ြာေလာက္က ေဒသခံ (၄၀၀၀) ေက်ာ္ေလာက္ဟာ ဒီကေန႔အခ်ိန္ထိ ေနရပ္စြန႔္ခြာထြက္ေျပးေနရတယ္လို႔ သိရပါတယ္။

ရခိုင္မ်ိဳးႏြယ္စုအစည္းအ႐ုံး (REC) အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းေျပာျပတာက” ထြက္ေျပးေနရတာကေတာ့ (၄၀၀၀)ေက်ာ္ေလာက္ ထြက္ေျပးေနရတယ္။ အဓိကကေတာ့ ဒုံးပိုက္၊ ခ်ိန္ခါလိန္၊ ကိုးတန္ေကာက္ အဲ့ဒီ႐ြာေတြက ထြက္ေျပးေနတာ။ အျခား႐ြာေတြကလည္း ထြက္ေျပးတာေတြရွိတယ္။ စစ္ေတြကို ထြက္ေျပးလာတဲ့လူေတြလည္း ရွိတယ္။ ထြက္ေျပးလာတာေတြကို စာရင္းေကာက္ဖို႔ေတာ့ ရွိပါတယ္။ အားလုံးထြက္ေျပးေနၾကတာေတာ့ (၄) ေထာင္ေက်ာ္ေလာက္ေပါ့။”လို႔ ေျပာပါတယ္။

ဒီကေန႔ ဇူလိုင္လ ၁၅ ရက္‌ေန႔မွာလည္း ခ်ိန္ခါလိန္ေက်း႐ြာက က်န္ရွိေနတဲ့ ေဒသခံ ေတြကိုသြားေရာက္ၿပီး ကူညီကယ္ဆယ္ေရးေတြလုပ္ေဆာင္ေနတယ္လို႔ ထြက္ေျပးလာသူေတြကိုကူညီေပးေနတဲ့ အင္းဒင္ေက်း႐ြာက ကိုထြန္းျမင့္ဦးက VOM ကိုေျပာပါတယ္။

မေန႔ ဇူလိုင္လ ၁၄ ရက္ေန႔ကလည္း ခ်ိန္ခါလီေက်း႐ြာတြင္း ပိတ္မိေနတဲ့ သက္ႀကီး႐ြယ္အိုေတြနဲ႔ နာမက်န္းျဖစ္ေနတဲ့သူေတြကို ကူညီကယ္ဆယ္မႈေတြျပဳလုပ္ၿပီး လက္ရွိမွာ စစ္ေတြၿမိဳ႕ေပၚကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

ထြက္ေျပးလာသူေတြကို ကူညီကယ္ဆယ္မႈေတြလုပ္ေဆာင္ေနတဲ့ အင္းဒင္ေက်း႐ြာသား ကိုထြန္းျမင့္ဦးေျပာျပတာက ”က်ေနာ္တို႔က ဒီကေန႔ နံနက္ပိုင္းကလည္း ခ်ိန္ခါလိန္ေက်း႐ြာထဲမွာ မိသားစုတစ္စု ပိတ္မိေနတယ္ဆိုလို႔ က်ေနာ္တို႔ ကယ္ထုတ္ခဲ့ပါတယ္။ မေန႔ကဆိုရင္လည္း ခ်ိန္ခါလိန္႐ြာမွာ ပိတ္မိေနတဲ့ သက္ႀကီး႐ြယ္အို(၉)ဦးနဲ႔ နာတာရွည္ေရာဂါသည္(၁)ဦးကို ႐ြာက ကယ္ထုတ္ခဲ့တယ္။ အဲ့ဒီ႐ြာထဲမွာ တစ္ေယာက္က်န္ေနတယ္ဆိုလို႔ က်ေနာ္တို႔ သြားၾကည့္တယ္။ ဒါေပမယ့္ မေတြ႕ခဲ့ဘူး။ သူ႔ရဲ႕မိသားစုဝင္ေတြ ေျပာတဲ့ေနရာမွာ သြားၾကည့္ေတာ့လည္း မေတြ႕ခဲ့ဘူး။ ကိုးတန္ေကာက္နဲ႔ ခ်ိန္ခါလိန္႐ြာကေတာ့ ႐ြာလုံးကြၽတ္ေပါ့။ က်ေနာ္တို႔ အင္းဒင္႐ြာနဲ႔ ဒုံးပိုက္႐ြာကေတာ့ ထြက္ေျပးတာ ႐ြာလုံးကြၽတ္မဟုတ္ဘူး။ အခုလိုမ်ိဳး ႐ြာလုံးကြၽတ္ထြက္ေျပးေနရတာေတြရွိေနတယ္ဆိုေတာ့ သူတို႔(ေဒသခံေတြ)ရဲ႕ စားဝတ္ေနေရးက အဓိကခက္ခဲလာဖို႔ စိုးရိမ္ရတယ္။ သူတို႔ရဲ႕ဘဝရပ္တည္ေရးက အခက္အခဲေတြ႕လာဖို႔ကို စိုးရိမ္ရတယ္။ အခုလို စပါးစိုက္ပ်ိဳးတဲ့ရာသီမွာ စပါးမစိုက္ပ်ိဳးရဘူး။ တိရစာၦန္ေတြဆိုတာကလည္း လမ္းေဘးမွာ ဒီအတိုင္းသြားေနရင္ ဆုံးရႈံးမႈေတြ အမ်ားႀကီးျဖစ္လာႏိုင္တယ္။ အဲ့လိုဆိုေတာ့ ျပည္သူေတြအတြက္ အမ်ားႀကီးဆုံးရႈံးနစ္နာမႈေတြ ျဖစ္တာေပါ့။“ လို႔ ေျပာပါတယ္။

ရခိုင္မ်ိဳးႏြယ္စုအစည္းအ႐ုံး (REC) အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းကလည္း ရခိုင္ျပည္နယ္အတြင္းမွာ လက္ရွိျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြေၾကာင့္ လူဦးေရ(၂) သိန္းနီးပါးေလာက္ရွိတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြအတြက္ စားဝတ္ေနေရးဟာ အရင္ ၂၀၁၉ ခုႏွစ္ကထက္ ပိုၿပီးခက္ခဲလာေၾကာင္းနဲ႔ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြကေတာ့ လက္ရွိအေနအထားအရ ေဆြးေႏြးညႇိႏႈိင္းၿပီး ေျပလည္ဖို႔ အလားအလာမေတြ႕ေသးဘူးလို႔ ေထာက္ျပေျပာဆိုပါတယ္။

#voiceofmyanmar #VOM #ရေသ့ေတာင္

Related posts

Leave a Comment

VOM News

FREE
VIEW