၂၀၂၀ ရွေးကောက်ပွဲ NLDပါတီအနေနဲ့ သောင်ပြိုကမ်းပြိုနိူင်ဖို့ မျှော်မှန်းလို့မရ
၂၀၂၀ ရွေးကောက်ပွဲ NLDပါတီအနေနဲ့ သောင်ပြိုကမ်းပြိုနိူင်ဖို့ မျှော်မှန်းလို့မရ
ရန်ကုန်၊ ဇူလိုင် ၁၆-၂၀၂၀
အေးချမ်းသူ(VOM)
NLDအစိုးရလက်ထက်မှာ ပြည်သူလူထုက ထင်ထားသလိုဖြစ်မလာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေနဲ့ သောင်ပြိုကမ်းပြိုနိူင်ဖို့ မျှော်မှန်းလို့မရဘူးလို့ ဒီမီုကရက်တစ်ပါတီ(မြန်မာ)မှ ဒု-ဥက္ကဌဦးတင့်ဆွေကပြောပါတယ်။
“၂၀၁၀အစိုးရလက်ထက်နဲ့ ၂၀၁၅အစိုးရသက်တမ်း(၂)ခုကို ယှဉ်ကြည့်တဲ့အချိန်မှာ လူထုကရွေးချယ်မှုရှိသွားပြီဖြစ်တဲ့ NLDအစိုးရလက်ထက်မှာ မျှော်မှန်းထားသလိုဖြစ်မလာသည့်တွက် ကျနော်ထင်တယ် NLDပါတီဟာ ပြီးခဲတဲ့၂၀၁၅ ရွေးကောက်ပွဲတုန်းကလို သောင်ပြိုကမ်းပြိုနိူင်ဖို့ ခန့်မှန်းရခက်ပါတယ်၊ ပါတီ ၉၀ ကျော်ထဲမှာ ပါတီကြီးဖြစ်တဲ့အတွက် ဝေဖန်လို့မရဘူး။ သောင်ပြိုကမ်းပြို မနိူင်နိူင်ဘူးလို့ဝေဖန်ရခက်တယ်။ ပါတီကြီးကို ဝေဖန်တဲ့အခါ စည်းထားရတယ်။ ပြည်သူတစ်ယောက်အနေနဲ့ဆိုရင် ပြောလို့ရတယ်။ ပါတီအနေနဲ့ဆိုရင် ပြောလို့မရဘူး”လို့ ဒုဥက္ကဌဦးတင့်ဆွေကပြောပါတယ်။
လက်ရှိအခြေအနေမှာ NLDပါတီက ဖွဲ့စည်းပုံကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ စိပွားရေးအဆင်မပြေဖြစ်ခြင်း၊ တိုင်းရင်းသားရေးရာကိစွတွေကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အတွက် အရင်ကလို ထင်တိုင်းပေါက်မှာမဟုတ်ဘူးလို့ ဒုဥက္ကဌဦးတင့်ဇော်က သုံးသပ်ပြောဆိုပါတယ်။
“မဲပေးမယ့်ပြည်သူတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် NLDပါတီရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ အဲ့ဒီပါတီအာဏာရလာရင် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ အလုပ်အကိုင် အဆင်ပြေမှုရှိမယ်လို့ထင်ပြီး မဲပေးခဲ့ပေမယ့်လည်း လက်တွေ့မှာထင်သလိုဖြစ်မလာတာကြောင့် ကျနော်ထင်တယ် မဲထည့်တဲ့ပြည်သူတွေဟာ သူ့ပါတီဝင်တွေကလွဲပြီး ကြားနေမဲတွေကသူကို လာပြီးမထည့်နိူင်ဘူး”လို့ ဒု-ဥက္ကဌဦးတင့်ဆွေကပြောပါတယ်။
လက်ရှိအခြေအနေမှာ ဒီမိုကရက်တစ်ပါတီမြန်မာမှ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ နေပြည်တော်တိုင်းတို့မှာ ဝင်ရောက်ယှဉ်ပြိုင်နိူင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီလို့မရှိဘဲ မိတ်ဖက်ပါတီဆိုတာက လွှတ်တော်ထဲရောက်သွားမှသာ အချို့ကိစွတွေကို စုပေါင်းလုပ်ရတာဖြစ်တဲ့အတွက် အမျိုးသားရေး ၊နိူင်ငံရေး၊ တိုင်းပြည်အရေးအတွက် လုပ်ဆောင်တာဖြစ်ပြီး ရွေးကောက်ပွဲမှာ သူနေရာနဲ့သူ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဒုဥက္ကဌဦးတင့်ဆွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ပြည်သူတွေ ဒီမိုကရေစီတင်းပြည့်ကျပ်ပြည့်ရရှိအောင် မဲထည့်ပေးကြဖို့နဲ့ စစ်မှန်သောကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပေးကြမှသာ ပြည်သူ့ဘဝတွေ ဖွံဖြိုးတိုးတက်မှာဖြစ်တယ်လို့ ဒုဥက္ကဌဦးတင့်ဆွေကပြောပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်
Zawgyi
၂၀၂၀ ရွေးကောက်ပွဲ NLDပါတီအနေနဲ့ သောင်ပြိုကမ်းပြိုနိုင်ဖို့ မျှော်မှန်းလို့မရ
အေးချမ်းသူ(VOM)
NLDအစိုးရလက်ထက်မှာ ပြည်သူလူထုက ထင်ထားသလိုဖြစ်မလာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေနဲ့ သောင်ပြိုကမ်းပြိုနိုင်ဖို့ မျှော်မှန်းလို့မရဘူးလို့ ဒီမီုကရက်တစ်ပါတီ(မြန်မာ)မှ ဒု-ဥက္ကဌဦးတင့်ဆွေကပြောပါတယ်။
“မဲပေးမယ့်ပြည်သူတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် NLDပါတီရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ အဲ့ဒီပါတီအာဏာရလာရင် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ အလုပ်အကိုင် အဆင်ပြေမှုရှိမယ်လို့ထင်ပြီး မဲပေးခဲ့ပေမယ့်လည်း လက်တွေ့မှာထင်သလိုဖြစ်မလာတာကြောင့် ကျနော်ထင်တယ် မဲထည့်တဲ့ပြည်သူတွေဟာ သူ့ပါတီဝင်တွေကလွဲပြီး ကြားနေမဲတွေကသူကို လာပြီးမထည့်နိုင်ဘူး”လို့ ဒု-ဥက္ကဌဦးတင့်ဆွေကပြောပါတယ်။
လက်ရှိအခြေအနေမှာ ဒီမိုကရက်တစ်ပါတီမြန်မာမှ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ နေပြည်တော်တိုင်းတို့မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီလို့မရှိဘဲ မိတ်ဖက်ပါတီဆိုတာက လွှတ်တော်ထဲရောက်သွားမှသာ အချို့ကိစွတွေကို စုပေါင်းလုပ်ရတာဖြစ်တဲ့အတွက် အမျိုးသားရေး ၊နိုင်ငံရေး၊ တိုင်းပြည်အရေးအတွက် လုပ်ဆောင်တာဖြစ်ပြီး ရွေးကောက်ပွဲမှာ သူနေရာနဲ့သူ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဒုဥက္ကဌဦးတင့်ဆွေက ပြောပါတယ်။
Related posts
Leave a Comment
VOM News
FREE
VIEW