ကျောက်ရောင်းဝယ်ရေးစခန်းကို ကိုဗစ်ကာကွယ်ရေးစံနူန်းတွေနဲ့ ကိုက်ညီမှ ပြန်ဖွင့်ခွင့်ရမယ်

ကျောက်ရောင်းဝယ်ရေးစခန်းကို ကိုဗစ်ကာကွယ်ရေးစံနူန်းတွေနဲ့ ကိုက်ညီမှ ပြန်ဖွင့်ခွင့်ရမယ်

မန္တလေး၊ ဇူလိုင် ၁၈-၂၀၂၀
ဖြူဖြူ (VOM)

မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ အသိပေးကြေညာချက်အရ မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအနေနဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စံနှုန်းတွေနဲ့ကိုက်ညီရင် ပြန်လည်ဖွင့်လှစ်ခွင့်ရမယ်လို့ သိရပါတယ်။

မနေ့ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းမှာ တိုင်းအစိုးရအဖွဲ့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေ ကြေညာထားတာဖြစ်ပြီး ဇူလိုင် ၁၆ ရက်စွဲနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။

ဖော်ပြချက်မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျ ဆောင်ရွက်စေဖို့ သက်ဆိုင်ရာ မြို့နယ် COVID 19 ထိန်းချုပ်ရေးနဲ့အရေးပေါ်တုန့်ပြန်ရေး ကော်မတီများရဲ့ စစ်ဆေးမှုခံယူပြီး စံနှုန်းနဲ့ကိုက်ညီရင် ပြန်လည်ဖွင့်ခွင့်ပြုမယ့်လုပ်ငန်းတွေကို ဖော်ပြထားရာမှာ ကျောက်ဝိုင်းလည်းပါရှိတာဖြစ်ပါတယ်။

မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း)အကျိုးတော်ဆောင်ကော်မတီ ဒုဥက္ကဌ ဦးအောင်ဝင်းကတော့ “ ကျနော်တို့ဆီ ဖွင့်မယ့်အကြောင်း ပြောတာတော့ မရှိသေးဘူး။ ကျောက်ဝိုင်းကတော့ မြန်မြန်ဖွင့်လေ ကောင်းလေပေါ့ဗျာ။ ကျောက်သမားတွေလည်း ဖြစ်သလို လုပ်ကိုင်နေကြရတာဆိုတော့။ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီတော့ ကျနော်တို့က အဆင့်သင့်လုပ်ထားပါတယ်။”လို့ ပြောပါတယ်။

ပြန်လည်ဖွင့်ခွင့်ပြုဖို့နဲ့ ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ထားမှုတွေကို ရှင်းလင်းတင်ပြဖို့ တိုင်းအစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက တင်ပြထားတာလည်းဖြစ်တယ်လို့ ဦးအောင်ဝင်းကပြောပါတယ်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုဖြစ်ပေါ်နေစဉ်ကာလအတွင်း လူစုလူဝေးတွေမဖြစ်စေဖို့
ကျောက်ဝိုင်းကို မတ်လ ၂၇ ရက်ကတည်းက ပိတ်ထားခဲ့ရတာဖြစ်ပြီး အခုဆိုရင် လေးလနီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ အသိပေးကြေညာချက်မှာ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ ကိုယ်ကာယကြံ့ခိုင်မှု ဝန်ဆောင်မှုလုပ်ငန်း၊ ဘိလိယက်/ စနူကာလုပ်ငန်း၊ အလှပြင်ဆိုင်၊ အကြောပြင်လုပ်ငန်းတို့လည်း ပါရှိပါတယ်။

တိုင်းအတွင်းဝင်ရောက်လာတဲ့ ပြည်ပပြန်တွေအနေနဲ့ကတော့ အသွားအလာကန့်သတ်ထားရှိမှုတွေကို လိုက်နာဖို့ပြောဆိုထားပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေဖို့ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကိုလည်း ဆက်လက်ထားရှိကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ေက်ာက္ေရာင္းဝယ္ေရးစခန္းကို ကိုဗစ္ကာကြယ္ေရးစံႏူန္းေတြနဲ႔ ကိုက္ညီမွ ျပန္ဖြင့္ခြင့္ရမယ္

မႏၲေလး၊ ဇူလိုင္ ၁၈-၂၀၂၀
ျဖဴျဖဴ (VOM)

မႏၲေလးတိုင္းအစိုးရအဖြဲ႕ရဲ႕ အသိေပးေၾကညာခ်က္အရ မဟာေအာင္ေျမ ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးစခန္းအေနနဲ႔ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ စံႏႈန္းေတြနဲ႔ကိုက္ညီရင္ ျပန္လည္ဖြင့္လွစ္ခြင့္ရမယ္လို႔ သိရပါတယ္။

မေန႔ဇူလိုင္ ၁၇ ရက္ ေန႔လယ္ပုိင္းမွာ တိုင္းအစိုးရအဖြဲ႕ရဲ႕ ေဖ့စ္ဘုတ္ေပ့ခ်္ကေန ေၾကညာထားတာျဖစ္ၿပီး ဇူလိုင္ ၁၆ ရက္စြဲနဲ႔ ေဖာ္ျပထားတာျဖစ္ပါတယ္။

ေဖာ္ျပခ်က္မွာ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ COVID 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ ၫႊန္ၾကားခ်က္၊ သတိေပးခ်က္၊ စည္းကမ္းခ်က္ေတြနဲ႔အညီ စနစ္တက် ေဆာင္႐ြက္ေစဖို႔ သက္ဆိုင္ရာ ၿမိဳ႕နယ္ COVID 19 ထိန္းခ်ဳပ္ေရးနဲ႔အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီမ်ားရဲ႕ စစ္ေဆးမႈခံယူၿပီး စံႏႈန္းနဲ႔ကိုက္ညီရင္ ျပန္လည္ဖြင့္ခြင့္ျပဳမယ့္လုပ္ငန္းေတြကို ေဖာ္ျပထားရာမွာ ေက်ာက္ဝိုင္းလည္းပါရွိတာျဖစ္ပါတယ္။

မဟာေအာင္ေျမေက်ာက္မ်က္ေရာင္းဝယ္ေရးစခန္း (ေက်ာက္ဝိုင္း)အက်ိဳးေတာ္ေဆာင္ေကာ္မတီ ဒုဥကၠဌ ဦးေအာင္ဝင္းကေတာ့ “ က်ေနာ္တို႔ဆီ ဖြင့္မယ့္အေၾကာင္း ေျပာတာေတာ့ မရွိေသးဘူး။ ေက်ာက္ဝိုင္းကေတာ့ ျမန္ျမန္ဖြင့္ေလ ေကာင္းေလေပါ့ဗ်ာ။ ေက်ာက္သမားေတြလည္း ျဖစ္သလို လုပ္ကိုင္ေနၾကရတာဆိုေတာ့။ က်န္းမာေရးလမ္းၫႊန္ခ်က္ေတြနဲ႔အညီေတာ့ က်ေနာ္တို႔က အဆင့္သင့္လုပ္ထားပါတယ္။”လို႔ ေျပာပါတယ္။

ျပန္လည္ဖြင့္ခြင့္ျပဳဖို႔နဲ႔ က်န္းမာေရးလမ္းၫႊန္ခ်က္နဲ႔အညီ ေဆာင္႐ြက္ထားမႈေတြကို ရွင္းလင္းတင္ျပဖို႔ တိုင္းအစိုးရအဖြဲ႕ကို ၿပီးခဲ့တဲ့ ၅ ရက္ေလာက္ကတည္းက တင္ျပထားတာလည္းျဖစ္တယ္လို႔ ဦးေအာင္ဝင္းကေျပာပါတယ္။

COVID-19 ေရာဂါကူးစက္ျပန႔္ပြားမႈျဖစ္ေပၚေနစဥ္ကာလအတြင္း လူစုလူေဝးေတြမျဖစ္ေစဖို႔
ေက်ာက္ဝိုင္းကို မတ္လ ၂၇ ရက္ကတည္းက ပိတ္ထားခဲ့ရတာျဖစ္ၿပီး အခုဆိုရင္ ေလးလနီးပါး ၾကာျမင့္လာၿပီျဖစ္ပါတယ္။

အခုထုတ္ျပန္လိုက္တဲ့ အသိေပးေၾကညာခ်က္မွာ စကိတ္ကြင္း၊ ဖူဆယ္ကြင္း၊ ေဘာလုံးကြင္း၊ ကိုယ္ကာယႀကံ့ခိုင္မႈ ဝန္ေဆာင္မႈလုပ္ငန္း၊ ဘိလိယက္/ စႏူကာလုပ္ငန္း၊ အလွျပင္ဆိုင္၊ အေၾကာျပင္လုပ္ငန္းတို႔လည္း ပါရွိပါတယ္။

တိုင္းအတြင္းဝင္ေရာက္လာတဲ့ ျပည္ပျပန္ေတြအေနနဲ႔ကေတာ့ အသြားအလာကန႔္သတ္ထားရွိမႈေတြကို လိုက္နာဖို႔ေျပာဆိုထားၿပီး လိုက္နာမႈမရွိပါက တည္ဆဲဥပေဒအရ အေရးယူခံရမယ္လို႔ ေျပာထားပါတယ္။

ဒါ့အျပင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြအတြက္ အေထာက္အကူျဖစ္ေစဖို႔ ည ၁၂ နာရီကေန မနက္ ၄ နာရီအတြင္း ညမထြက္ရအမိန႔္ကိုလည္း ဆက္လက္ထားရွိေၾကာင္း ေဖာ္ျပထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၱေလး

Related posts

Leave a Comment

VOM News

FREE
VIEW