ခင်ဦးမြို့မှာ အသက်မပြည့်သေးတဲ့မိန်းကလေးကို တွေ့ဆုံဖို့ခေါ်ပြီး မုဒိမ်းကျင့်မှုဖြစ်ပွား

ခင်ဦးမြို့မှာ အသက်မပြည့်သေးတဲ့မိန်းကလေးကို တွေ့ဆုံဖို့ခေါ်ပြီး မုဒိမ်းကျင့်မှုဖြစ်ပွား

ကလေး ဇူလိုင်၁၈-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံတော(မ)ကျေးရွာမှာ အသက်မပြည့်သေးတဲ့မိန်းကလေးကို တွေ့ဆုံဖို့ခေါ်ပြီး မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ခင်ဦးမြို့မရဲစခန်းကနေ သိရပါတယ်။

“အဲ့ဒီကျေးရွာမှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မိန်ကလေးကို တစ်ရွာတည်းနေတဲ့ အသက် ၂၆ နှစ်အရွယ် ကိုရှိုင်းကိုကိုဆိုသူက တွေ့ဆုံဖို့ဆိုပြီး ဖုန်းကနေတဆင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကိုရှိုင်းကိုကိုကခေါ်ယူတာကြောင့် မိန်းကလေးက သွားရောက်ခဲ့ပြီးတဲ့နောက် တွေ့ဆုံချိန်မှာ အလိုမတူဘဲ ၂ ကြိမ်မုဒိမ်းကျင့်ခဲ့တာဖြစ်တယ်”လို့ ခင်ဦးမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အသက်မပြည့်သေးတဲ့ မိန်းကလေးတွေ မုဒိမ်းကျင့်ခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ တမူးမြို့နယ်၊ ရင်ခွင်မဲ့ကလေးငယ်များ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ဥမ္မာဝင်းပြောပြတာက “ပညာရည် နိမ့်ကျတာလဲတစ်ကြောင်း ဆင်းရဲနွမ်းပါးချို့တဲ့တာလည်းတစ်ကြောင်း၊ နောက် အွန်လိုင်းတွေ ခေတ်စားလာမှုအပေါ် တလွဲအသုံးချလာကြတာကလည်းတစ်ကြောင်း၊ နောက်ပြီးတော့ ပတ်ဝန်းကျင်ရဲ့ အကူအညီ မရတာပါတယ်။ ခုနောက်ပိုင်း လူတွေက ကိုယ့်စီးပွားပဲ ကိုယ် အာရုံစိုက်လာပြီး ပတ်ဝန်းကျင်ကို လျစ်လျူရှု့လာတာများလာတော့ ကျူးလွန်ချင်တဲ့သူတွေ အကြိုက်တွေ့လာတာလည်းပါတယ်။ တစ်အိမ် နဲ့ တစ်အိမ် ခေါ်ပြောမှု ဆက်စပ်မရှိတော့ ကလေးတွေ အတွက် အကာအကွယ်မဲ့တာလည်းပါတယ်။ တောရွာတွေကျတော့လည်း တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု လွန်ကဲတာလည်းပါတယ်။ အဲ့ဒီအကြောင်းအရာတွေကြောင့် အဖြစ်များတယ်”လို့ သုံးသပ်ပြောပါတယ်။

ပညာပေးမှုအစီအစဉ်တွေကိုလည်း သင်ကြားရေးပိုင်းမှာ ထည့်သွင်းသင်ကြားတာတွေကို ကျန်းမာရေးဖက်ကလည်းလုပ်မယ်၊ အရပ်ဖက် အဖွဲ့အစည်း နဲ့ မိဘတွေက ပူးပေါင်း လုပ်မယ်ဆိုရင်တော့ တစ်ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်မယ်လို့ ထင်ပါတယ်လို့ ဒေါ်ဥမ္မာဝင်းက ဆက်ပြောပြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသက်မပြည့်သေးသူကို မုဒိမ်းကျင့်ခဲ့တဲ့ ကိုရှိုင်းကိုကို ကို ခင်ဦးမြို့မရဲစခန်းမှာ ဖမ်းဆီးထားကာ (ပ)၂၄၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခင်ဦး

Zawgyi

ခင္ဦးၿမိဳ႕မွာ အသက္မျပည့္ေသးတဲ့မိန္းကေလးကို ေတြ႕ဆုံဖို႔ေခၚၿပီး မုဒိမ္းက်င့္မႈျဖစ္ပြား

ကေလး ဇူလိုင္၁၈-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္၊ မုံေတာ(မ)ေက်း႐ြာမွာ အသက္မျပည့္ေသးတဲ့မိန္းကေလးကို ေတြ႕ဆုံဖုိ႔ေခၚၿပီး မုဒိမ္းက်င့္တဲ့ ျဖစ္စဥ္တစ္ခု ဇူလိုင္လ ၁၇ ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ ခင္ဦးၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

“အဲ့ဒီေက်း႐ြာမွာေနထိုင္တဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္ မိန္ကေလးကို တစ္႐ြာတည္းေနတဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ကိုရႈိင္းကိုကိုဆိုသူက ေတြ႕ဆုံဖို႔ဆိုၿပီး ဖုန္းကေနတဆင့္ ေခၚယူခဲ့တာျဖစ္ပါတယ္။ ကိုရႈိင္းကိုကိုကေခၚယူတာေၾကာင့္ မိန္းကေလးက သြားေရာက္ခဲ့ၿပီးတဲ့ေနာက္ ေတြ႕ဆုံခ်ိန္မွာ အလိုမတူဘဲ ၂ ႀကိမ္မုဒိမ္းက်င့္ခဲ့တာျဖစ္တယ္”လို႔ ခင္ဦးၿမိဳ႕မရဲစခန္းက တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

အသက္မျပည့္ေသးတဲ့ မိန္းကေလးေတြ မုဒိမ္းက်င့္ခံရတဲ့ျဖစ္စဥ္ေတြ ျဖစ္ပြားေနတာနဲ႔ ပတ္သက္လို႔ တမူးၿမိဳ႕နယ္၊ ရင္ခြင္မဲ့ကေလးငယ္မ်ား ေစာင့္ေရွာက္ေရးအဖြဲ႕ ဥကၠဌ ေဒၚဥမၼာဝင္းေျပာျပတာက “ပညာရည္ နိမ့္က်တာလဲတစ္ေၾကာင္း ဆင္းရဲႏြမ္းပါးခ်ိဳ႕တဲ့တာလည္းတစ္ေၾကာင္း၊ ေနာက္ အြန္လိုင္းေတြ ေခတ္စားလာမႈအေပၚ တလြဲအသုံးခ်လာၾကတာကလည္းတစ္ေၾကာင္း၊ ေနာက္ၿပီးေတာ့ ပတ္ဝန္းက်င္ရဲ႕ အကူအညီ မရတာပါတယ္။ ခုေနာက္ပိုင္း လူေတြက ကိုယ့္စီးပြားပဲ ကိုယ္ အာ႐ုံစိုက္လာၿပီး ပတ္ဝန္းက်င္ကို လ်စ္လ်ဴရႈ႕လာတာမ်ားလာေတာ့ က်ဴးလြန္ခ်င္တဲ့သူေတြ အႀကိဳက္ေတြ႕လာတာလည္းပါတယ္။ တစ္အိမ္ နဲ႔ တစ္အိမ္ ေခၚေျပာမႈ ဆက္စပ္မရွိေတာ့ ကေလးေတြ အတြက္ အကာအကြယ္မဲ့တာလည္းပါတယ္။ ေတာ႐ြာေတြက်ေတာ့လည္း တစ္ဦးနဲ႔တစ္ဦး ယုံၾကည္မႈ လြန္ကဲတာလည္းပါတယ္။ အဲ့ဒီအေၾကာင္းအရာေတြေၾကာင့္ အျဖစ္မ်ားတယ္”လို႔ သံုးသပ္ေျပာပါတယ္။

ပညာေပးမႈအစီအစဥ္ေတြကိုလည္း သင္ၾကားေရးပိုင္းမွာ ထည့္သြင္းသင္ၾကားတာေတြကို က်န္းမာေရးဖက္ကလည္းလုပ္မယ္၊ အရပ္ဖက္ အဖြဲ႕အစည္း နဲ႔ မိဘေတြက ပူးေပါင္း လုပ္မယ္ဆိုရင္ေတာ့ တစ္ျဖည္းျဖည္းခ်င္း ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ထင္ပါတယ္လို႔ ေဒၚဥမၼာဝင္းက ဆက္ေျပာျပပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အသက္မျပည့္ေသးသူကို မုဒိမ္းက်င့္ခဲ့တဲ့ ကိုရႈိင္းကိုကို ကို ခင္ဦးၿမိဳ႕မရဲစခန္းမွာ ဖမ္းဆီးထားကာ (ပ)၂၄၅/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆ နဲ႔ အမႈဖြင့္ အေရးယူႏိုင္ဖို႔ ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ခင္ဦး

Related posts

Leave a Comment

VOM News

FREE
VIEW