ကချင်ပြည်နယ်က မဲဆန္ဒရှင်တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲအပေါ် ဘာတွေမျှော်လင့်ထားလည်း

ကချင်ပြည်နယ်က မဲဆန္ဒရှင်တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲအပေါ် ဘာတွေမျှော်လင့်ထားလည်း မြစ်ကြီးနား၊ ဇူလိုင် ၂၃-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွင်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မယ့် နိုင်ငံရေးပါတီ ၁၇ ပါတီ၊ ပြည်နယ်တစ်ခုလုံးမှာ မဲဆန္ဒရှင်အရေအတွက် ဆယ်သိန်းခုနှစ်သောင်းဝန်းကျင်ရှိပြီး မဲရုံပေါင်း ၈၈၇ ရုံ ထားရှိဖို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရည်ရွယ်ထားပါတယ်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့စာရင်းအရ တစ်ကျော့ပြန်စစ်ပွဲကြောင့် ကျေးရွာတွေကို ပစ်ထားခဲ့ရပြီး စစ်ရှောင်စခန်းကိုရောက်နေသူ လူဦးရေး(၄)သောင်းကျော်ရှိပြီး မဲပေးခွင့်ရှိသူ ၂၅၀၀၀ လောက်ရှိနေပါတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ်တွေကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့အရွေးခံချယ်ခံမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းထွက်ပေါ်လာခဲ့ရာမှာ ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးချုပ်ဒေါက်တာခက်အောင် အပါအဝင် ဝန်ကြီးတော်တော်များများ ပြန်လည်း ပါဝင်လာပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်တွေ ဘယ်လိုမြင်သလည်း ၊ ဘာတွေ လိုအပ်နေကြသလည်း ဘယ်လို…

Read More

မြေကျင်းတူးရာကနေ ရပ်တော်မူဘုရားဆင်းတုတော်တစ်ဆူ တွေ့ရှိ

မြေကျင်းတူးရာကနေ ရပ်တော်မူဘုရားဆင်းတုတော်တစ်ဆူ တွေ့ရှိ တောင်သာ ဇူလိုင် ၂၃ -၂၀၂၀ မောင်တာရာ (VOM) မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ သာယာအေးရွာမှာ မနေ့ဇူလိုင်လ ၂၂ရက်မနက်ပိုင်းက မြေကျင်းတူးရာကနေ ရပ်တော်မူဘုရားဆင်းတုတော်တစ်ဆူ တွေ့ရှိခဲ့တယ်လို့ သာယာအေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမိုးကပြောပါတယ်။ အဲ့ဒီ ဘုရားဆင်တုတော်ကို သာယာအေးရွာနေ ဦးအောင်တင်ဝင်း နေအိမ်ဝန်းအတွင်းမှာ နွားတင်ခုံပြုလုပ်ဖို့ မြေကျင်းတူးရာကနေ တွေ့ရှိခဲ့တာဖြစ်ပြီး၊ ဉာဏ်တော် အမြင့်ပေ ၆ ပေ၊ ၆ လက်မ ၊ ရင်ဘတ်တော် အကျယ် နှစ်ပေ၊နှစ်လက်မရှိတယ်လို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ”ကျွန်တော်တို့ဒေသက ရေဝင်အရပ်ဆိုတော့ နွားတင်ခုံပြုလုပ်ဖို့ မြေကျင်းတူးပြီး မြေတင်တာပေါ့၊ မြေတင်အပြီးမှာ ကြွက်တွင်းပေါက်ကနေ ရေကျလာပြီးတော့ အဲ့ဒီမှာ ရေကြောင်းလေး တိုက်စားတဲ့ပြီးတော့ ဘုရားမျက်နှာတော်လေးစပေါ်ပြီးတွေ့တာပါ။ တွေ့တော့ ရွာခွဲတာဝန်ခံ ဦးစိန်ထွန်းနဲ့ ရွာဦးကျောင်းဖြစ်တဲ့ သာသနာ့သုခကျောင်းဆရာတော်တို့က ဦးဆောင်ပြီး တူးဖော်ကြတယ်။ သစ်သားဆင်းတုတော်ပါ။ ရှေးဟောင်းဆင်းတုတော်လို့…

Read More

NLDကထုတ်ပြန်တဲ့ ကိုယ်စားလှယ်စာရင်းထဲ (၄)တန်းအောင်လွှတ်တော်အမတ် ပြန်လည်ပါဝင်

NLDကထုတ်ပြန်တဲ့ ကိုယ်စားလှယ်စာရင်းထဲ (၄)တန်းအောင်လွှတ်တော်အမတ် ပြန်လည်ပါဝင် မင်းတုန်း၊ ဇူလိုင်၂၃-၂၀၂၀ ဂျန်ကိုးလ်(VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ မင်းတုန်းမြို့နယ်က တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း ပြန်လည်ရွေးချယ်ခံရတယ်လို့ သိရပါတယ် သူဟာ ၂၀၁၅ခုနှစ် ရွေးကောက်ခံအမတ်တဦးဖြစ်ပြီး အတန်းပညာအားဖြင့် ၄တန်းပဲရှိတဲ့သူအဖြစ် လူသိများခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ ဆက်လက်အရွေးခံရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဦးတင်ဝင်းကိုဆက်သွယ်မေးမြန်းရာမှာတော့”နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးသဘောတရားပဲ ပြောရမှာပဲ၊ ကိုယ်လုပ်တဲ့လုပ်ငန်း မပြီးဆုံးသေးသရွေ့ နားလို့မရပါဘူး ဒါကတချက်ပေါ့။ နောက်တခုက ကျနော်တို့က မိခင်ပါတီဆိုတာရှိပါတယ်၊ မိခင်ပါတီကတာဝန်ပေးရင် ဘာတာဝန်မဆို ထမ်းဆောင်ရမှာပါ၊ ကိုယ့်သဘောနဲ့ကိုယ်နားတာက မကျန်းမာလို့နားတာမျိုးကတော့ဖြစ်တာပေါ့၊ နိုင်ငံရေးလုပ်တာ နားဖို့ကိုအယူမရှိဘူး၊ စနစ်ပြောင်းဖို့က ကျနော်တို့လိုချင်တဲ့စနစ် ပီပီပြင်ပြင်မရသေးဘဲ နားလို့မဖြစ်ဘူး၊ လိုချင်တဲ့စနစ်အောင်မြင်မှ နောင်လာနောင်သားသမီးတွေကို တိုင်းပြည်လှလှပပကို အပ်ခဲ့ချင်တာပေါ့ ” လို့ ပြောပါတယ် ဦးတင်ဝင်းဟာ လက်ရှိမကွေးတိုင်းလွှတ်တော်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်တာတွေကို အဆိုတင်တဲ့အခါ အောင်မြင်ခဲ့ပြီး မေးခွန်းများစွာကို…

Read More

အင်တာနက်ဖြတ်တောက်တဲ့ကိစွ ဆန္ဒပြရာမှာ ကျန်ရှိတဲ့သူ(၂)ဦးကို ထောင်ဒဏ်၁လအမိန့်ချ

အင်တာနက်ဖြတ်တောက်တဲ့ကိစွ ဆန္ဒပြရာမှာ ကျန်ရှိတဲ့သူ(၂)ဦးကို ထောင်ဒဏ်၁လအမိန့်ချ ရန်ကုန်၊ ဇူလိုင် ၂၃-၂၀၂၀ အေးချမ်းသူ(VOM) ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက်ဖြတ်တောက်ခံရတဲ့ကိစ္စကို ဆန္ဒပြတောင်းဆိုမှုကြောင့် ငြိမ်းစုစီပုဒ်မနဲ့တရားစွဲဆိုထားတဲ့အမှုက ကျန်ရှိနေသူ(၂)ဦးကို ဒီကနေ့မနက်ပိုင်း ကမာရွတ်မြို့နယ်တရားရုံးကနေ ထောင်ဒဏ်(၁)လချမှတ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ချွင်းချက်မရှိ အင်တာနက်ပြန်လည်ဖွင့်ပေးဖို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးဆောင်သူကျောင်းသား(၉)ဦးကို ကမာရွတ်ရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့ရာ အဲ့ဒီအမှုမှာကျန်ရှိနေသူ မြတ်လင်းထွန်း နဲ့ ကျော်လင်းကို တို့ကို ဒီကနေ့မနက်ပိုင်းမှာပဲ ကမာရွတ်တရားရုံးမှ အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၁)လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ “ဒီမနက်မှာပဲ ထောင်တစ်လချခဲ့တာပါ ကျနော်တို့နဲ့ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေ လက်နက်ကြီးတွေကျတဲ့ကိစွ၊ ကလေးတွေပညာရေးကိစ္စကြောင့် ဆန္ဒပြတုန်းက ပါဝင်ခဲ့တဲ့သူတွေပါ”လို့ ဗကသ ဒု-ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးကပြောပါတယ်။ ကျောင်းသားသမဂ္ဂတွေအနေနဲ့ လက်ရှိပြဌာန်းထားသော ငြိမ်းစုစီဥပဒေကို လက်ခံခြင်းမရှိတာကြောင့် နောက်နောင်ဆန္ဒပြရာတွင်လည်း အသိပေးအကြောင်းကြားသွားမှာမဟုတ်ဘူးလို့ ကိုအောင်ပြည့်စုံဖြိုးကပြောခဲ့ပါတယ်။ ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က ငြိမ်းစုစီပုဒ်…

Read More

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ပိတ်သိမ်းဖို့ အမေရိကန်အမိန့်ထုတ်

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ပိတ်သိမ်းဖို့ အမေရိကန်အမိန့်ထုတ် ဝါရှင်တန်၊ ဇူလိုင်-၂၃-၂၀၂၀ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ဇူလိုင် ၂၄ ရက်မှာ ပိတ်သိမ်းဖို့ အမေရိကန်အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။ အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးရန်စမှုတစ်ရပ်လို့ တရုတ်နိုင်ငံက တုံ့ပြန်ပြောဆိုထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကတော့ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ဉာဏဆိုင်ရာ မူပိုင်ခွင့်တွေကို ခိုးယူတာကြောင့် ဒီလိုဆုံးဖြတ်ရတာလို့ ပြောပါတယ်။ ဟူစတန်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးဝန်းအတွင်းမှာ အမည်မသိလူတွေက အမှိုက်ပုံးတွေထဲမှာ စာရွက်စာတမ်းတွေ မီးရှို့နေကြတဲ့ ဗီဒီယိုဖိုင်တစ်ခုလည်း အစောပိုင်းကထွက်ပေါ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကို ပြစ်တင်ရှုတ်ချတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးဟာလည်း ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့ပြောပါတယ်။ တရုတ်နဲ့အမေရိကန်တို့ဟာ ကုန်သွယ်ရေး၊ ဟောင်ကောင်အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်နေပါတယ်။ ဟူစတန်က ကောင်စစ်ဝန်ရုံးဟာ အပြီးပိတ်သိမ်းရဖွယ်ရှိပြီး နောက်ထပ် တရုတ်ကောင်စစ်ဝန်ရုံးတွေကိုလည်း…

Read More

ရန်ကုန်တိုင်းမှာ မှတ်ပုံတင်နံပါတ်တူနေသူ ၄ သိန်းကျော်ရှိ

ရန်ကုန်တိုင်းမှာ မှတ်ပုံတင်နံပါတ်တူနေသူ ၄ သိန်းကျော်ရှိ ရန်ကုန်၊ ဇူလိုင် ၂၃-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းရဲ့ မဲစာရင်းမှာ မှတ်ပုံတင်နံပါတ်တူဖြစ်နေတဲ့သူပေါင်း(၄) သိန်းကျော်လောက် ရှိနေတယ်လို့ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။ ဒါ့အပြင် မှတ်ပုံတင်နံပါတ် မဖြည့်သွင်းရသေးသူတွေနဲ့ မဲစာရင်းဖြည့်ဖို့ ကျန်ရှိနေတဲ့ လူဦးရေက ၂ သိန်း ကျော်ရှိနေပြီး ရန်ကုန်တိုင်းမှာ အသက်၁၈ နှစ်ပြည့် မဲပေးခွင့်ရှိသူဦးရေ ၅.၈ သန်းဝန်းကျင် ရှိပါတယ်။ “ ထပ်နေတာ ၄ သိန်းကျော်လောက်တော့ ရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ကနေ မဲပေးခွင့်ရှိသူစာရင်းကို ထုတ်ပြန်ကြေငြာတဲ့အချိန်မှာ မဲစာရင်းလာစစ်ချိန်မှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပေးစေချင်ပါတယ်။ ပြည်သူကကိုင်ဆောင်ပြီး ပြောဆိုတဲ့အချက်တွေပေါ် မူတည်ပြီးသာ မှန်ကန်တဲ့စာရင်းဇယားမျိုးရမှာ ဖြစ်ပါတယ်”လို့ ဝန်ကြီးကပြောပါတယ်။ မှတ်ပုံတင်မရှိသူတွေနဲ့ မဲစာရင်းမှတ်ပုံတင်ဖြည့်ဖို့ ကျန်ရှိနေသူတွေကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအထိ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူတွေက ကွင်းဆင်းပြုလုပ်ပေးနေပါတယ်။…

Read More

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၁၅ )သန်းကျော်လာ၊ ကူးစက်မှုအရှိန်လျော့ကျဖွယ်မရှိသေး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၁၅ )သန်းကျော်လာ၊ ကူးစက်မှုအရှိန်လျော့ကျဖွယ်မရှိသေး လန်ဒန်၊ ဇူလိုင်-၂၃-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူအရေအတွက်ဟာ ဇူလိုင် ၂၂ ရက်အထိ (၁၅ ) သန်းကျော်ရှိလာပြီး ကပ်ရောဂါအပေါ် နိုင်ငံတွေက မတူညီတဲ့ပုံစံနဲ့ တုံ့ပြန်နေကြချိန်မှာ ကူးစက်မှုဟာ အရှိန်အဟုန်မြင့်နေပါတယ်။ လူဦးရေ ၃ ဒသမ ၉၁ သန်းကျော် ကူးစက်ခံရနေရတဲ့အပြင် ကမ္ဘာပေါ်မှာကူးစက်မှုအမြင့်ဆုံးအဖြစ် အမေရိကန်က ရပ်တည်နေပြီး ကပ်ရောဂါဟာ အခြေအနေပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ သမ္မတဒေါ်နယ်ထရန့်က သတိပေးပြောဆိုပါတယ်။ ကူးစက်မှုအမြင့်ဆုံးငါးနိုင်ငံထဲမှာ ဘရာဇီး၊ အိန္ဒိယ၊ ရုရှားနဲ့ တောင်အာဖရိကတို့ပါဝင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုရဲ့ ထက်ဝက်ကျော်ဟာ ကူးစက်မှုအရှိန်မြင့်နေတဲ့ အမေရိကန်မှာ ဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုအသစ်တွေ ဆက်လက်ဖြစ်ပွားနေတာဟာ လျော့ကျလာတဲ့ အရိပ်လက္ခဏာမရှိသေးပါဘူး။ ဇန်နဝါရီလအစောပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ…

Read More

ရခိုင်မြောက်ပိုင်းက မြို့နယ်နှစ်ခုမှာ တပ်နဲ့ အေအေ ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေပြီး မြောက်ပိုင်သုံးဖွဲ့ဖက်က NRPC နဲ့ နိုင်ငံရေးဆွေးနွေးလို

ရခိုင်မြောက်ပိုင်းက မြို့နယ်နှစ်ခုမှာ တပ်နဲ့ အေအေ ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေပြီး မြောက်ပိုင်သုံးဖွဲ့ဖက်က NRPC နဲ့ နိုင်ငံရေးဆွေးနွေးပွဲစတင်စေချင် စစ်တွေ၊ ဇူလိုင် ၂၃- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်နှစ်ခုဖြစ်တဲ့ မင်းပြားမြို့နယ်နဲ့ ရသေ့တောင်မြို့နယ် မေယုမြစ်အရှေ့ဖက်ကမ်းတွေမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ တပ်မတော်ကနေ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်တစ်ဝိုက်မှာရှိတဲ့ အေအေအဖွဲ့ဝင်တွေကို အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter Terrorism Operation ပြုလုပ်လျှက်ရှိကြောင်း တပ်မတော်ဖက်က သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး ကျောက်တန်းတိုက်နယ်တစ်ဝိုက်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး အဲဒီနေ့က တပ်မတော်ဖက်က လက်နက်ကြီးပစ်ကူတွေအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ မနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၂ နာရီလောက်ကလည်း ကျောက်တန်းတိုက်နယ်တစ်ဝိုက်မှာ အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ယူဆရတဲ့…

Read More

လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၁၈ လုံးထိခိုက်ပျက်ဆီး၊ အမျိုးသမီး(၂)ဦးခေါင်းကွဲဒဏ်ရာရ

လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၁၈ လုံးထိခိုက်ပျက်ဆီး၊ အမျိုးသမီး(၂)ဦးခေါင်းကွဲဒဏ်ရာရ နေပြည်တော်၊ ဇူလိုင်၂၃-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာမှာ မနေ့ဇူလိုင်လ၂၂ ရက်နေ့ ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ရာကနေ လူနေအိမ်(၁၈)လုံး ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဒေသခံ ဦးဝင်းနိုင်ကပြောပါတယ်။ “အမိုးလန်တဲ့အိမ်က များတယ်။ လုံးဝပြိုကျတာ (၃)လုံးဖြစ်ပြီး အမျိုးသမီးနှစ်ယောက် တန်းပြုတ်ကျလို့ ခေါင်းကွဲတာကို ဆေးရုံ ကျွန်တော်ကိုယ်တိုင်လိုက်ပို့ခဲ့ရတယ်”လို့ ဦးဝင်းနိုင်ကပြောပါတယ်။ မနေ့ညနေပိုင်းက မိုးသက်လေပြင်းကျရောက်ချိန် ရုတ်တရက်တိုက်ခတ်လာတဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် ကျေးရွာရှိ နေအိမ်(၃)လုံး ပြိုကျပျက်ဆီးခဲ့ပြီး နေအိမ် ၁၅ လုံးမှာ အမိုးလန်မှုဖြစ်ပွားခဲ့ကာ အမျိုးသမီးနှစ်ဦး ဦးခေါင်းကွဲဒဏ်ရာများရရှိခဲ့တယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇုတ်သုတ်ကျေးရွာမှာ အိမ်ထောင်စု(၂၀)ခန့် လေဘေးသင့်ခဲ့ပြီး အများက ဝိုင်းဝန်း လှူဒါန်းထားတဲ့ ဆန်ရိက္ခာအချို့ ထောက်ပံ့ပေးထားနိုင်ပေမယ့်လည်း လက်တလောအချိန်ထိ တာဝန်ရှိသူများ လာရောက်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ဓါတ်ပုံ-pyae some aung #voiceofmyanmar…

Read More
VOM News

FREE
VIEW