ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၁၅ )သန်းကျော်လာ၊ ကူးစက်မှုအရှိန်လျော့ကျဖွယ်မရှိသေး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၁၅ )သန်းကျော်လာ၊ ကူးစက်မှုအရှိန်လျော့ကျဖွယ်မရှိသေး

လန်ဒန်၊ ဇူလိုင်-၂၃-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူအရေအတွက်ဟာ ဇူလိုင် ၂၂ ရက်အထိ (၁၅ ) သန်းကျော်ရှိလာပြီး ကပ်ရောဂါအပေါ် နိုင်ငံတွေက မတူညီတဲ့ပုံစံနဲ့ တုံ့ပြန်နေကြချိန်မှာ ကူးစက်မှုဟာ အရှိန်အဟုန်မြင့်နေပါတယ်။

လူဦးရေ ၃ ဒသမ ၉၁ သန်းကျော် ကူးစက်ခံရနေရတဲ့အပြင် ကမ္ဘာပေါ်မှာကူးစက်မှုအမြင့်ဆုံးအဖြစ် အမေရိကန်က ရပ်တည်နေပြီး ကပ်ရောဂါဟာ အခြေအနေပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ သမ္မတဒေါ်နယ်ထရန့်က သတိပေးပြောဆိုပါတယ်။

ကူးစက်မှုအမြင့်ဆုံးငါးနိုင်ငံထဲမှာ ဘရာဇီး၊ အိန္ဒိယ၊ ရုရှားနဲ့ တောင်အာဖရိကတို့ပါဝင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုရဲ့ ထက်ဝက်ကျော်ဟာ ကူးစက်မှုအရှိန်မြင့်နေတဲ့ အမေရိကန်မှာ ဖြစ်ပါတယ်။

နိုင်ငံတွေရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုအသစ်တွေ ဆက်လက်ဖြစ်ပွားနေတာဟာ လျော့ကျလာတဲ့ အရိပ်လက္ခဏာမရှိသေးပါဘူး။

ဇန်နဝါရီလအစောပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ကိုဗစ်-၁၉ရောဂါကို ပထမဆုံးအတည်ပြုပြီးနောက် ၁၅ ပတ်အတွင်း လူ(၂)သန်းကူးစက်ခံရပြီး ဇူလိုင် ၁၃ ရက်မှာ လူ ၁၃ သန်းကိုကူးစက်ပြီးနောက် ရှစ်ရက်အတွင်း ကူးစက်ခံရသူ ၁၅ သန်းရှိလာပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #လန်ဒန်

Zawgyi

ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူ (၁၅ )သန္းေက်ာ္လာ၊ ကူးစက္မႈအရိွန္ေလ်ာ႔က်ဖြယ္မရိွေသး

လန္ဒန္၊ ဇူလိုင္-၂၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ကမၻာတစ္၀န္းမွာ ကိုဗစ္-၁၉ေရာဂါ ကူးစက္ခံရသူအေရအတြက္ဟာ ဇူလိုင္ ၂၂ ရက္အထိ (၁၅ ) သန္းေက်ာ္ရိွလာျပီး ကပ္ေရာဂါအေပၚ နိုင္ငံေတြက မတူညီတဲ့ပံုစံနဲ႔ တံု႕ျပန္ေနၾကခ်ိန္မွာ ကူးစက္မႈဟာ အရိွန္အဟုန္ျမင္႔ေနပါတယ္။

လူဦးေရ ၃ ဒသမ ၉၁ သန္းေက်ာ္ ကူးစက္ခံရေနရတဲ့အျပင္ ကမၻာေပၚမွာကူးစက္မႈအျမင္႔ဆံုးအျဖစ္ အေမရိကန္က ရပ္တည္ေနျပီး ကပ္ေရာဂါဟာ အေျခအေနပိုမိုဆိုးရြားလာဖြယ္ရိွတယ္လို႔ သမၼတေဒၚနယ္ထရန္႔က သတိေပးေျပာဆိုပါတယ္။

ကူးစက္မႈအျမင္႔ဆံုးငါးနိုင္ငံထဲမွာ ဘရာဇီး၊ အိႏိၵယ၊ ရုရွားနဲ႔ ေတာင္အာဖရိကတို႔ပါ၀င္ပါတယ္။ ဒါေပမယ္႔ ကမၻာ႔ကူးစက္မႈနႈန္းနဲ႔ ေသဆံုးမႈရဲ႕ ထက္၀က္ေက်ာ္ဟာ ကူးစက္မႈအရိွန္ျမင္႔ေနတဲ႔ အေမရိကန္မွာ ျဖစ္ပါတယ္။

နို္င္ငံေတြရဲ႕ တရား၀င္ထုတ္ျပန္တဲ႔ ကိန္းဂဏန္းမ်ားအရ ကမၻာတစ္၀န္းမွာ ကူးစက္မႈအသစ္ေတြ ဆက္လက္ျဖစ္ပြားေနတာဟာ ေလ်ာ႔က်လာတဲ႔ အရိပ္လကၡဏာမရွိေသးပါဘူး။

ဇန္န၀ါရီလအေစာပိုင္းမွာ တရုတ္နုိင္ငံ၊ ၀ူဟန္ျမိဳ႕ကေန ကိုဗစ္-၁၉ေရာဂါကို ပထမဆံုးအတည္ျပဳျပီးေနာက္ ၁၅ ပတ္အတြင္း လူ(၂)သန္းကူးစက္ခံရျပီး ဇူလိုင္ ၁၃ ရက္မွာ လူ ၁၃ သန္းကိုကူးစက္ျပီးေနာက္ ရွစ္ရက္အတြင္း ကူးစက္ခံရသူ ၁၅ သန္းရိွလာပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #လန္ဒန္

Related posts

Leave a Comment

VOM News

FREE
VIEW