NLDကထုတ်ပြန်တဲ့ ကိုယ်စားလှယ်စာရင်းထဲ (၄)တန်းအောင်လွှတ်တော်အမတ် ပြန်လည်ပါဝင်

NLDကထုတ်ပြန်တဲ့ ကိုယ်စားလှယ်စာရင်းထဲ (၄)တန်းအောင်လွှတ်တော်အမတ် ပြန်လည်ပါဝင်

မင်းတုန်း၊ ဇူလိုင်၂၃-၂၀၂၀
ဂျန်ကိုးလ်(VOM)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ မင်းတုန်းမြို့နယ်က တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း ပြန်လည်ရွေးချယ်ခံရတယ်လို့ သိရပါတယ်

သူဟာ ၂၀၁၅ခုနှစ် ရွေးကောက်ခံအမတ်တဦးဖြစ်ပြီး အတန်းပညာအားဖြင့် ၄တန်းပဲရှိတဲ့သူအဖြစ် လူသိများခဲ့သူလည်းဖြစ်ပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာ ဆက်လက်အရွေးခံရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဦးတင်ဝင်းကိုဆက်သွယ်မေးမြန်းရာမှာတော့”နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးသဘောတရားပဲ ပြောရမှာပဲ၊ ကိုယ်လုပ်တဲ့လုပ်ငန်း မပြီးဆုံးသေးသရွေ့ နားလို့မရပါဘူး ဒါကတချက်ပေါ့။ နောက်တခုက ကျနော်တို့က မိခင်ပါတီဆိုတာရှိပါတယ်၊ မိခင်ပါတီကတာဝန်ပေးရင် ဘာတာဝန်မဆို ထမ်းဆောင်ရမှာပါ၊ ကိုယ့်သဘောနဲ့ကိုယ်နားတာက မကျန်းမာလို့နားတာမျိုးကတော့ဖြစ်တာပေါ့၊ နိုင်ငံရေးလုပ်တာ နားဖို့ကိုအယူမရှိဘူး၊ စနစ်ပြောင်းဖို့က ကျနော်တို့လိုချင်တဲ့စနစ် ပီပီပြင်ပြင်မရသေးဘဲ နားလို့မဖြစ်ဘူး၊ လိုချင်တဲ့စနစ်အောင်မြင်မှ နောင်လာနောင်သားသမီးတွေကို တိုင်းပြည်လှလှပပကို အပ်ခဲ့ချင်တာပေါ့ ” လို့ ပြောပါတယ်

ဦးတင်ဝင်းဟာ လက်ရှိမကွေးတိုင်းလွှတ်တော်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်တာတွေကို အဆိုတင်တဲ့အခါ အောင်မြင်ခဲ့ပြီး မေးခွန်းများစွာကို ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ များစွာမေးခဲ့သူဖြစ်တယ်လို့်လည်း သိရပါတယ်။

”အတန်းကသိပ်မဆိုင်ဘူး။ သူလုပ်နိုင်တယ် သူတင်တဲ့အဆိုတွေ မေးခွန်းတွေကောင်းတယ်၊ အောင်မြင်တယ် ။ အထူးသဖြင့် လမ်းမြေကို တောင်သူတွေနဲ့ညှိနှိုင်းတဲ့အခါ အဆင်ပြေအောင် ဆောင်ရွက်နိုင်တယ်”လို့ အလယ်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။

မင်းတုန်းမြို့နယ်၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းဆိုသူဟာ တရားမဝင်သစ်ဖမ်းဆီးမှု့နဲ့ပတ်သက်ပြီး နာမည်ကြီးသူတစ်ဦးဖြစ်တဲ့အပြင် ဂုဏ်ပြုဆုကြေးငွေတွေလည်း မကြာခဏရတတ်သူဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်းတုန်း

Zawgyi

NLDကထုတ္ျပန္တဲ့ ကိုယ္စားလွယ္စာရင္းထဲ (၄)တန္းေအာင္လႊတ္ေတာ္အမတ္ ျပန္လည္ပါဝင္

မင္းတုန္း၊ ဇူလိုင္၂၃-၂၀၂၀
ဂ်န္ကိုးလ္(VOM)

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ရဲ႕ ဒီကေန႔ထုတ္ျပန္လိုက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းစာရင္းမွာ မင္းတုန္းၿမိဳ႕နယ္က တိုင္းေဒသႀကီး အမွတ္(၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဝင္း ျပန္လည္ေ႐ြးခ်ယ္ခံရတယ္လို႔ သိရပါတယ္

သူဟာ ၂၀၁၅ခုႏွစ္ ေ႐ြးေကာက္ခံအမတ္တဦးျဖစ္ၿပီး အတန္းပညာအားျဖင့္ ၄တန္းပဲရွိတဲ့သူအျဖစ္ လူသိမ်ားခဲ့သူလည္းျဖစ္ပါတယ္။

၂၀၂၀ေရြးေကာက္ပြဲမွာ ဆက္လက္အေ႐ြးခံရတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး ဦးတင္ဝင္းကိုဆက္သြယ္ေမးျမန္းရာမွာေတာ့”ႏိုင္ငံေရးသမားဆိုတာ ႏိုင္ငံေရးသေဘာတရားပဲ ေျပာရမွာပဲ၊ ကိုယ္လုပ္တဲ့လုပ္ငန္း မၿပီးဆုံးေသးသေ႐ြ႕ နားလို႔မရပါဘူး ဒါကတခ်က္ေပါ့။ ေနာက္တခုက က်ေနာ္တို႔က မိခင္ပါတီဆိုတာရွိပါတယ္၊ မိခင္ပါတီကတာဝန္ေပးရင္ ဘာတာဝန္မဆို ထမ္းေဆာင္ရမွာပါ၊ ကိုယ့္သေဘာနဲ႔ကိုယ္နားတာက မက်န္းမာလို႔နားတာမ်ိဳးကေတာ့ျဖစ္တာေပါ့၊ ႏိုင္ငံေရးလုပ္တာ နားဖုိ႔ကိုအယူမရွိဘူး၊ စနစ္ေျပာင္းဖို႔က က်ေနာ္တို႔လိုခ်င္တဲ့စနစ္ ပီပီျပင္ျပင္မရေသးဘဲ နားလို႔မျဖစ္ဘူး၊ လိုခ်င္တဲ့စနစ္ေအာင္ျမင္မွ ေနာင္လာေနာင္သားသမီးေတြကို တိုင္းျပည္လွလွပပကို အပ္ခဲ့ခ်င္တာေပါ့ ” လို႔ ေျပာပါတယ္

ဦးတင္ဝင္းဟာ လက္ရွိမေကြးတိုင္းလႊတ္ေတာ္မွာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာမ်ား ေဒသဖြ႔ံၿဖိဳးေရးလုပ္ငန္းနဲ႔ပတ္သက္တာေတြကို အဆိုတင္တဲ့အခါ ေအာင္ျမင္ခဲ့ၿပီး ေမးခြန္းမ်ားစြာကို ၾကယ္ပြင့္ျပ၊ ၾကယ္ပြင့္မျပ မ်ားစြာေမးခဲ့သူျဖစ္တယ္လို႔္လည္း သိရပါတယ္။

”အတန္းကသိပ္မဆိုင္ဘူး။ သူလုပ္ႏိုင္တယ္ သူတင္တဲ့အဆိုေတြ ေမးခြန္းေတြေကာင္းတယ္၊ ေအာင္ျမင္တယ္ ။ အထူးသျဖင့္ လမ္းေျမကို ေတာင္သူေတြနဲ႔ညႇိႏႈိင္းတဲ့အခါ အဆင္ေျပေအာင္ ေဆာင္႐ြက္ႏိုင္တယ္”လို႔ အလယ္တန္းျပဆရာမတစ္ဦးက ေျပာပါတယ္။

မင္းတုန္းၿမိဳ႕နယ္၊ တိုင္းေဒသႀကီး အမွတ္(၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဝင္းဆုိသူဟာ တရားမဝင္သစ္ဖမ္းဆီးမႈ႕နဲ႔ပတ္သက္ၿပီး နာမည္ႀကီးသူတစ္ဦးျဖစ္တဲ့အျပင္ ဂုဏ္ျပဳဆုေၾကးေငြေတြလည္း မၾကာခဏရတတ္သူျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မင္းတုန္း

Related posts

Leave a Comment

VOM News

FREE
VIEW