လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၁၈ လုံးထိခိုက်ပျက်ဆီး၊ အမျိုးသမီး(၂)ဦးခေါင်းကွဲဒဏ်ရာရ

လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ် ၁၈ လုံးထိခိုက်ပျက်ဆီး၊ အမျိုးသမီး(၂)ဦးခေါင်းကွဲဒဏ်ရာရ

နေပြည်တော်၊ ဇူလိုင်၂၃-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာမှာ မနေ့ဇူလိုင်လ၂၂ ရက်နေ့ ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ရာကနေ လူနေအိမ်(၁၈)လုံး ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဒေသခံ ဦးဝင်းနိုင်ကပြောပါတယ်။

“အမိုးလန်တဲ့အိမ်က များတယ်။ လုံးဝပြိုကျတာ (၃)လုံးဖြစ်ပြီး အမျိုးသမီးနှစ်ယောက် တန်းပြုတ်ကျလို့ ခေါင်းကွဲတာကို ဆေးရုံ ကျွန်တော်ကိုယ်တိုင်လိုက်ပို့ခဲ့ရတယ်”လို့ ဦးဝင်းနိုင်ကပြောပါတယ်။

မနေ့ညနေပိုင်းက မိုးသက်လေပြင်းကျရောက်ချိန် ရုတ်တရက်တိုက်ခတ်လာတဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် ကျေးရွာရှိ နေအိမ်(၃)လုံး ပြိုကျပျက်ဆီးခဲ့ပြီး နေအိမ် ၁၅ လုံးမှာ အမိုးလန်မှုဖြစ်ပွားခဲ့ကာ အမျိုးသမီးနှစ်ဦး ဦးခေါင်းကွဲဒဏ်ရာများရရှိခဲ့တယ်လို့ ဒေသခံများထံမှသိရပါတယ်။

ဇုတ်သုတ်ကျေးရွာမှာ အိမ်ထောင်စု(၂၀)ခန့် လေဘေးသင့်ခဲ့ပြီး အများက ဝိုင်းဝန်း လှူဒါန်းထားတဲ့ ဆန်ရိက္ခာအချို့ ထောက်ပံ့ပေးထားနိုင်ပေမယ့်လည်း လက်တလောအချိန်ထိ တာဝန်ရှိသူများ လာရောက်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ဓါတ်ပုံ-pyae some aung
#voiceofmyanmar #VOM #မွန်

Zawgyi

ေလဆင္ႏွာေမာင္းတိုက္ခတ္ၿပီး လူေနအိမ္ ၁၈ လုံးထိခိုက္ပ်က္ဆီး၊ အမ်ိဳးသမီး(၂)ဦးေခါင္းကြဲဒဏ္ရာရ

ေနျပည္ေတာ္၊ ဇူလိုင္၂၃-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္၊ ဇုတ္သုတ္ေက်း႐ြာမွာ မေန႔ဇူလိုင္လ၂၂ ရက္ေန႔ ညေနပိုင္းက ေလဆင္ႏွာေမာင္းတိုက္ခတ္ရာကေန လူေနအိမ္(၁၈)လုံး ထိခိုက္ပ်က္ဆီးခဲ့တယ္လုိ႔ ေဒသခံ ဦးဝင္းႏိုင္ကေျပာပါတယ္။

“အမိုးလန္တဲ့အိမ္က မ်ားတယ္။ လုံးဝၿပိဳက်တာ (၃)လုံးျဖစ္ၿပီး အမ်ိဳးသမီးႏွစ္ေယာက္ တန္းျပဳတ္က်လို႔ ေခါင္းကြဲတာကို ေဆး႐ုံ ကြၽန္ေတာ္ကိုယ္တိုင္လိုက္ပို႔ခဲ့ရတယ္”လို႔ ဦးဝင္းႏုိင္ကေျပာပါတယ္။

မေန႔ညေနပိုင္းက မိုးသက္ေလျပင္းက်ေရာက္ခ်ိန္ ႐ုတ္တရက္တိုက္ခတ္လာတဲ့ ေလဆင္ႏွာေမာင္းဒဏ္ေၾကာင့္ ေက်း႐ြာရိွ ေနအိမ္(၃)လုံး ၿပိဳက်ပ်က္ဆီးခဲ့ၿပီး ေနအိမ္ ၁၅ လုံးမွာ အမိုးလန္မႈျဖစ္ပြားခဲ့ကာ အမ်ိဳးသမီးႏွစ္ဦး ဦးေခါင္းကြဲဒဏ္ရာမ်ားရရွိခဲ့တယ္လုိ႔ ေဒသခံမ်ားထံမွသိရပါတယ္။

ဇုတ္သုတ္ေက်း႐ြာမွာ အိမ္ေထာင္စု(၂၀)ခန႔္ ေလေဘးသင့္ခဲ့ၿပီး အမ်ားက ဝိုင္းဝန္း လႉဒါန္းထားတဲ့ ဆန္ရိကၡာအခ်ိဳ႕ ေထာက္ပံ့ေပးထားႏိုင္ေပမယ့္လည္း လက္တေလာအခ်ိန္ထိ တာဝန္ရွိသူမ်ား လာေရာက္ျခင္းမရွိေသးဘူးလို႔ ေဒသခံေတြေျပာျပခ်က္အရ သိရပါတယ္။

ဓါတ္ပုံ-pyae some aung
#voiceofmyanmar #VOM #မြန္

Related posts

Leave a Comment

VOM News

FREE
VIEW