မြေကျင်းတူးရာကနေ ရပ်တော်မူဘုရားဆင်းတုတော်တစ်ဆူ တွေ့ရှိ

မြေကျင်းတူးရာကနေ ရပ်တော်မူဘုရားဆင်းတုတော်တစ်ဆူ တွေ့ရှိ

တောင်သာ ဇူလိုင် ၂၃ -၂၀၂၀
မောင်တာရာ (VOM)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ သာယာအေးရွာမှာ မနေ့ဇူလိုင်လ ၂၂ရက်မနက်ပိုင်းက မြေကျင်းတူးရာကနေ ရပ်တော်မူဘုရားဆင်းတုတော်တစ်ဆူ တွေ့ရှိခဲ့တယ်လို့ သာယာအေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမိုးကပြောပါတယ်။

အဲ့ဒီ ဘုရားဆင်တုတော်ကို သာယာအေးရွာနေ ဦးအောင်တင်ဝင်း နေအိမ်ဝန်းအတွင်းမှာ နွားတင်ခုံပြုလုပ်ဖို့ မြေကျင်းတူးရာကနေ တွေ့ရှိခဲ့တာဖြစ်ပြီး၊ ဉာဏ်တော် အမြင့်ပေ ၆ ပေ၊ ၆ လက်မ ၊ ရင်ဘတ်တော် အကျယ် နှစ်ပေ၊နှစ်လက်မရှိတယ်လို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

”ကျွန်တော်တို့ဒေသက ရေဝင်အရပ်ဆိုတော့ နွားတင်ခုံပြုလုပ်ဖို့ မြေကျင်းတူးပြီး မြေတင်တာပေါ့၊ မြေတင်အပြီးမှာ ကြွက်တွင်းပေါက်ကနေ ရေကျလာပြီးတော့ အဲ့ဒီမှာ ရေကြောင်းလေး တိုက်စားတဲ့ပြီးတော့ ဘုရားမျက်နှာတော်လေးစပေါ်ပြီးတွေ့တာပါ။ တွေ့တော့ ရွာခွဲတာဝန်ခံ ဦးစိန်ထွန်းနဲ့ ရွာဦးကျောင်းဖြစ်တဲ့ သာသနာ့သုခကျောင်းဆရာတော်တို့က ဦးဆောင်ပြီး တူးဖော်ကြတယ်။ သစ်သားဆင်းတုတော်ပါ။ ရှေးဟောင်းဆင်းတုတော်လို့ ဆိုလို့ရပါတယ်။ ဘာလိုလဲဆိုတော့ လက်ရာတွေကြည့်ရတာရယ် သစ်သားကလည်း တော်တော်ဆွေးမြေ့နေပြီ”လို့ သာယာအေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမိုးကပြောပါတယ်။

တွေ့ရှိခဲ့တဲ့ ဆင်းတုတော်ဟာ ရှေးဟောင်းသစ်သားဘုရားဆင်းတုတော်လို့ယူဆရပြီး လက်ရှိမှာတော့ သာယာအေးရွာ၊ ရွာလယ်ဓမ္မာရုံမှာ အပူဇော်ခံထားကာ တွေ့ရှိတာနဲ့ပတ်သက်တာကို ရပ်/ကျေး သံဃာနာယကဆရာတော်အဖွဲ့နဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုလည်း အသိပေးအကြောင်းကြားထားတယ်လို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

Photo -Htet Zeyar Lin
#voiceofmyanmar #VOM #တောင်သာ

Zawgyi

ေၿမက်င္းတူးရာကေန ရပ္ေတာ္မူဘုရားဆင္းတုေတာ္တစ္ဆူ ေတြ႕ရွိ

ေတာင္သာ ဇူလုိင္ ၂၃ -၂၀၂၀
ေမာင္တာရာ (VOM)

မႏၲေလးတုိင္း၊ ေတာင္သာၿမဳိ႕နယ္၊ သာယာေအးေက်းရြာအုပ္စု၊ သာယာေအးရြာမွာ မေန႔ဇူလုိင္လ ၂၂ရက္မနက္ပိုင္းက ေၿမက်င္းတူးရာကေန ရပ္ေတာ္မူဘုရားဆင္းတုေတာ္တစ္ဆူ ေတြ႕ရွိခဲ့တယ္လုိ႔ သာယာေအးေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးလွမုိးကေျပာပါတယ္။

အဲ့ဒီ ဘုရားဆင္တုေတာ္ကုိ သာယာေအးရြာေန ဦးေအာင္တင္ဝင္း ေနအိမ္ဝန္းအတြင္းမွာ ႏြားတင္ခုံၿပဳလုပ္ဖုိ႔ ေၿမက်င္းတူးရာကေန ေတြ႔ရွိခဲ့တာၿဖစ္ၿပီး၊ ဥာဏ္ေတာ္ အျမင့္ေပ ၆ ေပ၊ ၆ လက္မ ၊ ရင္ဘတ္ေတာ္ အက်ယ္ ႏွစ္ေပ၊ႏွစ္လက္မရွိတယ္လုိ႔ အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

”ကြ်န္ေတာ္တုိ႔ေဒသက ေရဝင္အရပ္ဆုိေတာ့ ႏြားတင္ခုံၿပဳလုပ္ဖုိ႔ ေၿမက်င္းတူးၿပီး ေၿမတင္တာေပါ့၊ ေၿမတင္အျပီးမွာ ႀကြက္တြင္းေပါက္ကေန ေရက်လာၿပီးေတာ့ အဲ့ဒီမွာ ေရေႀကာင္းေလး တုိက္စားတဲ့ၿပီးေတာ့ ဘုရားမ်က္ႏွာေတာ္ေလးစေပၚျပီးေတြ႕တာပါ။ ေတြ႕ေတာ့ ရြာခြဲတာဝန္ခံ ဦးစိန္ထြန္းနဲ႕ ရြာဦးေက်ာင္းၿဖစ္တဲ့ သာသနာ့သုခေက်ာင္းဆရာေတာ္တုိ႕က ဦးေဆာင္ျပီး တူးေဖာ္ႀကတယ္။ သစ္သားဆင္းတုေတာ္ပါ။ ေရွးေဟာင္းဆင္းတုေတာ္လုိ႕ ဆုိလုိ႔ရပါတယ္။ ဘာလုိလဲဆုိေတာ့ လက္ရာေတြႀကည့္ရတာရယ္ သစ္သားကလည္း ေတာ္ေတာ္ေဆြးေၿမ႕ေနျပီ”လုိိ႔ သာယာေအးေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးလွမုိးကေျပာပါတယ္။

ေတြ႕ရွိခဲ့တဲ့ ဆင္းတုေတာ္ဟာ ေရွးေဟာင္းသစ္သားဘုရားဆင္းတုေတာ္လို႔ယူဆရျပီး လက္ရွိမွာေတာ့ သာယာေအးရြာ၊ ရြာလယ္ဓမၼာရုံမွာ အပူေဇာ္ခံထားကာ ေတြ႔ရွိတာနဲ႔ပတ္သက္တာကို ရပ္/ေက်း သံဃာနာယကဆရာေတာ္အဖြဲ႕နဲ႔ သက္ဆုိင္ရာ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရုံးကုိလည္း အသိေပးအေႀကာင္းႀကားထားတယ္လုိ႔ အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

Photo -Htet Zeyar Lin
#voiceofmyanmar #VOM #ေတာင္သာ

Related posts

Leave a Comment

VOM News

FREE
VIEW