ရခိုင်မြောက်ပိုင်းက မြို့နယ်နှစ်ခုမှာ တပ်နဲ့ အေအေ ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေပြီး မြောက်ပိုင်သုံးဖွဲ့ဖက်က NRPC နဲ့ နိုင်ငံရေးဆွေးနွေးလို

ရခိုင်မြောက်ပိုင်းက မြို့နယ်နှစ်ခုမှာ တပ်နဲ့ အေအေ ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေပြီး မြောက်ပိုင်သုံးဖွဲ့ဖက်က NRPC နဲ့ နိုင်ငံရေးဆွေးနွေးပွဲစတင်စေချင်

စစ်တွေ၊ ဇူလိုင် ၂၃- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်နှစ်ခုဖြစ်တဲ့ မင်းပြားမြို့နယ်နဲ့ ရသေ့တောင်မြို့နယ် မေယုမြစ်အရှေ့ဖက်ကမ်းတွေမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

တပ်မတော်ကနေ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်တစ်ဝိုက်မှာရှိတဲ့ အေအေအဖွဲ့ဝင်တွေကို အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter Terrorism Operation ပြုလုပ်လျှက်ရှိကြောင်း တပ်မတော်ဖက်က သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး ကျောက်တန်းတိုက်နယ်တစ်ဝိုက်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး အဲဒီနေ့က တပ်မတော်ဖက်က လက်နက်ကြီးပစ်ကူတွေအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

မနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၂ နာရီလောက်ကလည်း ကျောက်တန်းတိုက်နယ်တစ်ဝိုက်မှာ အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ယူဆရတဲ့ ပစ်ခတ်သံတွေကို ကြားရကြောင်း ဒေသခံတွေကပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်(၃) ဖွဲ့ရဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ အေအေအပါအဝင် တအောင်းတပ်(TNLA)၊ ကိုးကန့်တပ် (MNDAA) တို့က အစိုးရနဲ့ မိမိတို့ အဖွဲ့အစည်းတွေအကြား ရပ်တန့်နေတဲ့ နိုင်ငံရေးဆွေနွေပွဲတွေကို အမြန်ဆုံးစတင်လိုကြောင်း သူတို့ရဲ့ သဘောထားကို ဖော်ပြထားပါတယ်။

အေအေအပါအဝင် မြောက်ပိုင်းအဖွဲ့တွေက အခုလိုမျိုး အစိုးရနဲ့ နိုင်ငံရေးဆွေးနွေပွဲတွေလုပ်လိုကြောင်း ပူးတွဲထုတ်ပြန်ချက်တွေရှိနေပြီး တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တန်းနယ်တစ်ဝိုက်မှာ တပ်တော်က အေအေကို အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးပြုလုပ်နေတာကြောင့် တပ်မတော်နဲ့ အေအေတို့ မြေပြင်အခြေအနေမှာ တိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ယင်းအဖွဲ့တွေရဲ့ ပူတွဲထုတ်ပြန်ချက်မှာ အစိုးရနဲ့တပ်မတော်ကနေ အေအေအဖွဲ့ကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှက်ကာ စစ်ရေးအရတိုက်ခိုက်နေတာဟာ ငြိမ်းချမ်းရေးဖြစ်စ စဉ်နဲ့ ယုံကြည်မှုတွေကို နောက်ဆုတ်သွားစေနိုင်ကြောင်းထောက်ပြ ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းအဖွဲ့တွေရဲ့ ပူးတွဲထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ရာမှာတော့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက” နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြိမ်ကြိမ်ပြောထားပြီးဖြစ်ပါတယ်။ အဲ့ဒီ မြောက်ပိုင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောစရာမရှိပါဘူး။” လို့ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ဇူလိုင်လ ၂၀ ရက်နေ့ ည ၉ နာရီခန့်က စစ်တွေ- ရန်ကုန်ကားလမ်းအတိုင်း မင်းပြားမြို့နယ်၊ ကမ်းနီ ဖက်သို့ သင်တန်းသား၊ အရာရှိ စစ်သည်တွေ စီးနှင်းလာတဲ့ တပ်မတော်ယာဉ်တန်းကို တောင်ပုတ်ကေကျေးရွားအနီး နေရာ ၆ နေရာကနေ အေအေဖက်က အလှစ်အငိုက်တိုက်ခိုက်ခဲ့ ကြောင်းဖော်ပြထားပြီး ယင်းနောက် တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

လာမယ့် ဩဂုဏ်လ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိကျင်းပမည့် ၂၁ ရာစုပင်လုံမှာ NRPC နဲ့ မြောက်ပိုင်းအဖွဲ့တွေကြား ဆက်လက်ညှိနှိုင်ဖို့အတွက် ညှိနှိုင်းနိုင်မယ်ဆိုရင် အကောင်းဆုံဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကိုမေးမြန်းရာမှာတော့ “ အဓိကကတော့ မြောက်ပိုင်း (၃)ဖွဲ့နဲ့ အစိုးရကြား ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့လိုတာပေါ့။ နောက်တစ်ခုက မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ FPNCC ရဲ့ခေါင်းဆောင်မှုနဲ့ လုံခြုံရေးအာမခံချက်ရှိရင်တော့ (၂၁) ရာစုပင်လုံကို လာတက်မယ်ဆိုပြီးပါတယ်။ အဲ့ဒိတော့ (၂၁) ရာစုပင်လုံက ညီလာခံမှာ သူတို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA မထိုးထားတဲ့အတွက် နိုင်ငံရေးဆွေးနွေးမှုမရှိဘူး။ ဒါကြောင့် တက်သည်၊မတက်သည်ကတော့ နိုင်ငံရေးဆွေနွေးပွဲရလဒ်တွေနဲ့ သိပ်မထူးဘူးပေါ့။ တကယ်လို့ ဆွေးနွေနိုင်မယ်ဆိုရင်တော့ ပဏာမအပစ်အခတ်ရပ်ဆိုင်းရေ (Bilateral Case-fire Agreement) ရေးထိုနိုင်ဖို့လို တာပေါ့။ Bilateral ရေးထိုးဖို့လိုမယ်ဆိုရင်တော့ အဓိကက တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး အကြမ်းဖျင်းညှိနှိုင်းနိုင်မှလည်း Bilateral ရေးထိုနိုင်မှာဖြစ်တယ်။ အဲဒါတွေကို အခိုင်အမာဆွေးနွေးဖို့ လိုအပ်တာပေါ့။” လို့ သုံးသပ်ပြောပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လကုန်းပိုင်းကနေစတင်ကာ တပ်မတော်နဲ့ အေအေကြားတိုက်ပွဲပြင်းထန်လာပြီး ယခု ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။

အစိုးရ၊ တပ်မတာ်နဲ့ အေအေအပါအဝင် မြောက်ပိုင်းသုံးဖွဲ့ကြား ၂၀၁၉ခုနှစ်က (၆) ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂၀၂၀ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင်းနဲ့ တွေ့ဆုံဖို့ နေရာတွေ ဆွေးနွေးမရတာတွေကြောင့် မတွေ့ဆုံနိုင်ဘဲဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင်

Zawgyi

ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ႏွစ္ခုမွာ တပ္နဲ႔ ေအေအ ရက္ဆက္တိုက္ပြဲေတြျဖစ္ပြားေနၿပီး ေျမာက္ပိုင္သုံးဖြဲ႕ဖက္က NRPC နဲ႔ ႏိုင္ငံေရးေဆြးေႏြးပြဲစတင္ေစခ်င္

စစ္ေတြ၊ ဇူလိုင္ ၂၃- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ႏွစ္ခုျဖစ္တဲ့ မင္းျပားၿမိဳ႕နယ္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုျမစ္အေရွ႕ဖက္ကမ္းေတြမွာ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲေတြ ဆက္တုိက္ျဖစ္ပြားေနတာျဖစ္ပါတယ္။

တပ္မေတာ္ကေန ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းတိုက္နယ္တစ္ဝိုက္မွာရွိတဲ့ ေအေအအဖြဲ႕ဝင္ေတြကို အၾကမ္းဖက္ႏွိမ္နင္းမႈစစ္ဆင္ေရး Counter Terrorism Operation ျပဳလုပ္လွ်က္ရွိေၾကာင္း တပ္မေတာ္ဖက္က သတင္းထုတ္ျပန္ၿပီးေနာက္ပိုင္း ရက္ဆက္တိုက္ပြဲေတြျဖစ္ပြားေနတာျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၆ ရက္ေန႔ကစတင္ၿပီး ေက်ာက္တန္းတိုက္နယ္တစ္ဝိုက္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲျပင္းထန္ခဲ့တာျဖစ္ၿပီး အဲဒီေန႔က တပ္မေတာ္ဖက္က လက္နက္ႀကီးပစ္ကူေတြအပါအဝင္ ေလေၾကာင္းတိုက္ခိုက္မႈေတြလည္း ရွိခဲ့ပါတယ္။

မေန႔ ဇူလိုင္လ ၂၁ ရက္ေန႔ ညေန ၂ နာရီေလာက္ကလည္း ေက်ာက္တန္းတိုက္နယ္တစ္ဝိုက္မွာ ေအေအနဲ႔ တပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ယူဆရတဲ့ ပစ္ခတ္သံေတြကို ၾကားရေၾကာင္း ေဒသခံေတြကေျပာပါတယ္။

ေျမာက္ပိုင္းမဟာမိတ္(၃) ဖြဲ႕ရဲ႕ ဇူလိုင္လ ၂၁ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္အရ ေအေအအပါအဝင္ တေအာင္းတပ္(TNLA)၊ ကိုးကန႔္တပ္ (MNDAA) တို႔က အစိုးရနဲ႔ မိမိတို႔ အဖြဲ႕အစည္းေတြအၾကား ရပ္တန႔္ေနတဲ့ ႏိုင္ငံေရးေဆြေႏြပြဲေတြကို အျမန္ဆုံးစတင္လိုေၾကာင္း သူတို႔ရဲ႕ သေဘာထားကို ေဖာ္ျပထားပါတယ္။

ေအေအအပါအဝင္ ေျမာက္ပိုင္းအဖြဲ႕ေတြက အခုလိုမ်ိဳး အစိုးရနဲ႔ ႏိုင္ငံေရးေဆြးေႏြပြဲေတြလုပ္လိုေၾကာင္း ပူးတြဲထုတ္ျပန္ခ်က္ေတြရွိေနၿပီး တစ္ဖက္မွာလည္း ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္တန္းနယ္တစ္ဝိုက္မွာ တပ္ေတာ္က ေအေအကို အၾကမ္းဖက္ႏွိမ္နင္းမႈစစ္ဆင္ေရးျပဳလုပ္ေနတာေၾကာင့္ တပ္မေတာ္နဲ႔ ေအေအတို႔ ေျမျပင္အေျခအေနမွာ တိုက္ပြဲေတြျပင္းထန္ေနတာ ျဖစ္ပါတယ္။

ဆက္လက္ၿပီး ယင္းအဖြဲ႕ေတြရဲ႕ ပူတြဲထုတ္ျပန္ခ်က္မွာ အစိုးရနဲ႔တပ္မေတာ္ကေန ေအေအအဖြဲ႕ကို မတရားအသင္း၊ အၾကမ္းဖက္အဖြဲ႕အျဖစ္သတ္မွက္ကာ စစ္ေရးအရတိုက္ခိုက္ေနတာဟာ ၿငိမ္းခ်မ္းေရးျဖစ္စ စဥ္နဲ႔ ယုံၾကည္မႈေတြကို ေနာက္ဆုတ္သြားေစႏိုင္ေၾကာင္းေထာက္ျပ ထုတ္ျပန္ထားပါတယ္။

ေျမာက္ပိုင္းအဖြဲ႕ေတြရဲ႕ ပူးတြဲထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး တပ္မေတာ္ရဲ႕ သေဘာထားကို တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ တာဝန္ရွိသူေတြကိုဆက္သြယ္ခဲ့ရာမွာေတာ့ ဒုတိယဥကၠဌ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက” ႏိုင္ငံေရးေဆြးေႏြးပြဲေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ အႀကိမ္ႀကိမ္ေျပာထားၿပီးျဖစ္ပါတယ္။ အ့ဲဒီ ေျမာက္ပိုင္းအဖြဲ႕ေတြရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ ေျပာစရာမရွိပါဘူး။” လို႔ေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ဇူလိုင္လ ၂၀ ရက္ေန႔ ည ၉ နာရီခန႔္က စစ္ေတြ- ရန္ကုန္ကားလမ္းအတိုင္း မင္းျပားၿမိဳ႕နယ္၊ ကမ္းနီ ဖက္သို႔ သင္တန္းသား၊ အရာရွိ စစ္သည္ေတြ စီးႏွင္းလာတဲ့ တပ္မေတာ္ယာဥ္တန္းကို ေတာင္ပုတ္ေကေက်း႐ြားအနီး ေနရာ ၆ ေနရာကေန ေအေအဖက္က အလွစ္အငိုက္တိုက္ခိုက္ခဲ့ ေၾကာင္းေဖာ္ျပထားၿပီး ယင္းေနာက္ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

လာမယ့္ ဩဂုဏ္လ ၁၂ ရက္ကေန ၁၄ ရက္ေန႔အထိက်င္းပမည့္ ၂၁ ရာစုပင္လုံမွာ NRPC နဲ႔ ေျမာက္ပိုင္းအဖြဲ႕ေတြၾကား ဆက္လက္ညႇိႏႈိင္ဖို႔အတြက္ ညႇိႏႈိင္းႏိုင္မယ္ဆိုရင္ အေကာင္းဆုံျဖစ္လာႏိုင္ေၾကာင္း ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက သုံးသပ္ပါတယ္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး စစ္ေရးနဲ႔ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးကိုေမးျမန္းရာမွာေတာ့ “ အဓိကကေတာ့ ေျမာက္ပိုင္း (၃)ဖြဲ႕နဲ႔ အစိုးရၾကား ေဆြးေႏြးပြဲေတြ ျပန္စႏိုင္ဖို႔လိုတာေပါ့။ ေနာက္တစ္ခုက ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ FPNCC ရဲ႕ေခါင္းေဆာင္မႈနဲ႔ လုံၿခဳံေရးအာမခံခ်က္ရွိရင္ေတာ့ (၂၁) ရာစုပင္လုံကို လာတက္မယ္ဆိုၿပီးပါတယ္။ အဲ့ဒိေတာ့ (၂၁) ရာစုပင္လုံက ညီလာခံမွာ သူတို႔က တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး NCA မထိုးထားတဲ့အတြက္ ႏိုင္ငံေရးေဆြးေႏြးမႈမရွိဘူး။ ဒါေၾကာင့္ တက္သည္၊မတက္သည္ကေတာ့ ႏိုင္ငံေရးေဆြေႏြးပြဲရလဒ္ေတြနဲ႔ သိပ္မထူးဘူးေပါ့။ တကယ္လို႔ ေဆြးေႏြႏိုင္မယ္ဆိုရင္ေတာ့ ပဏာမအပစ္အခတ္ရပ္ဆိုင္းေရ (Bilateral Case-fire Agreement) ေရးထိုႏိုင္ဖို႔လို တာေပါ့။ Bilateral ေရးထိုးဖို႔လိုမယ္ဆိုရင္ေတာ့ အဓိကက တပ္ေနရာခ်ထားေရးနဲ႔ ပတ္သက္ၿပီး အၾကမ္းဖ်င္းညႇိႏႈိင္းႏိုင္မွလည္း Bilateral ေရးထိုႏိုင္မွာျဖစ္တယ္။ အဲဒါေတြကို အခိုင္အမာေဆြးေႏြးဖို႔ လိုအပ္တာေပါ့။” လို႔ သုံးသပ္ေျပာျပပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ လကုန္းပိုင္းကေနစတင္ကာ တပ္မေတာ္နဲ႔ ေအေအၾကားတိုက္ပြဲျပင္းထန္လာၿပီး ယခု ၂၀၂၀ ခုႏွစ္အထိ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနတာျဖစ္ပါတယ္။

အစိုးရ၊ တပ္မတာ္နဲ႔ ေအေအအပါအဝင္ ေျမာက္ပိုင္းသုံးဖြဲ႕ၾကား ၂၀၁၉ခုႏွစ္က (၆) ႀကိမ္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ၂၀၂၀ ေနာက္ပိုင္းမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္းနဲ႔ ေတြ႕ဆုံဖို႔ ေနရာေတြ ေဆြးေႏြးမရတာေတြေၾကာင့္ မေတြ႕ဆုံႏိုင္ဘဲျဖစ္ေနတယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြက သုံးသပ္ထားၾကတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရခုိင

 

Related posts

Leave a Comment

VOM News

FREE
VIEW