ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ပိတ်သိမ်းဖို့ အမေရိကန်အမိန့်ထုတ်

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ပိတ်သိမ်းဖို့ အမေရိကန်အမိန့်ထုတ်

ဝါရှင်တန်၊ ဇူလိုင်-၂၃-၂၀၂၀
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ဇူလိုင် ၂၄ ရက်မှာ ပိတ်သိမ်းဖို့ အမေရိကန်အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးရန်စမှုတစ်ရပ်လို့ တရုတ်နိုင်ငံက တုံ့ပြန်ပြောဆိုထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကတော့ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ဉာဏဆိုင်ရာ မူပိုင်ခွင့်တွေကို ခိုးယူတာကြောင့် ဒီလိုဆုံးဖြတ်ရတာလို့ ပြောပါတယ်။

ဟူစတန်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးဝန်းအတွင်းမှာ အမည်မသိလူတွေက အမှိုက်ပုံးတွေထဲမှာ စာရွက်စာတမ်းတွေ မီးရှို့နေကြတဲ့ ဗီဒီယိုဖိုင်တစ်ခုလည်း အစောပိုင်းကထွက်ပေါ်ခဲ့ပါတယ်။

ဒီလုပ်ရပ်ကို ပြစ်တင်ရှုတ်ချတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးဟာလည်း ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့ပြောပါတယ်။

တရုတ်နဲ့အမေရိကန်တို့ဟာ ကုန်သွယ်ရေး၊ ဟောင်ကောင်အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်နေပါတယ်။

ဟူစတန်က ကောင်စစ်ဝန်ရုံးဟာ အပြီးပိတ်သိမ်းရဖွယ်ရှိပြီး နောက်ထပ် တရုတ်ကောင်စစ်ဝန်ရုံးတွေကိုလည်း ပိတ်ဖို့အမိန့်ထုတ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၂၂ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

Ref : BBC
Photo: Getty Image
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

ဟူစတန္ရိွ တရုတ္ေကာင္စစ္၀န္ရံုး ပိတ္သိမ္းဖို႔ အေမရိကန္အမိန္႔ထုတ္

၀ါရွင္တန္၊ ဇူလိုင္-၂၃-၂၀၂၀
မ်ိဳးဆက္(VOM)

အေမရိကန္နိုင္ငံ၊ တကၠဆက္ျပည္နယ္၊ ဟူစတန္ရိွ တရုတ္ေကာင္စစ္၀န္ရံုးကို ဇူလိုင္ ၂၄ ရက္မွာ ပိတ္သိမ္းဖို႔ အေမရိကန္အစိုးရက အမိ္န္႔ထုတ္လိုက္ပါတယ္။

အေမရိကန္ရဲ႕ ဒီဆံုးျဖတ္ခ်က္ဟာ နိုင္ငံေရးရန္စမႈတစ္ရပ္လို႔ တရုတ္နုိင္ငံက တုံ႕ျပန္ေျပာဆိုထားပါတယ္။ အေမရိကန္နုိင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယိုကေတာ႔ တရုတ္နိုင္ငံဟာ အေမရိကန္ရဲ႕ ဥာဏဆိုင္ရာ မူပိုင္ခြင္႔ေတြကို ခိုးယူတာေၾကာင္႔ ဒီလိုဆံုးျဖတ္ရတာလို႔ ေျပာပါတယ္။

ဟူစတန္မွာရိွတဲ႔ တရုတ္ေကာင္စစ္၀န္ရံုး၀န္းအတြင္းမွာ အမည္မသိလူေတြက အမိႈက္ပံုးေတြထဲမွာ စာရြက္စာတမ္းေတြ မီးရိႈ႕ေနၾကတဲ႔ ဗီဒီယိုဖိုင္တစ္ခုလည္း အေစာပိုင္းကထြက္ေပၚခဲ႔ပါတယ္။

ဒီလုပ္ရပ္ကို ျပစ္တင္ရႈတ္ခ်တယ္လို႔ တရုတ္နိုင္ငံျခားေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားျပီး ၀ါရွင္တန္မွာရိွတဲ႔ တရုတ္သံရံုးဟာလည္း ဗံုးခြဲတိုက္ခိုက္မယ္ဆိုတဲ႔ ျခိမ္းေျခာက္မႈေတြ ခံေနရတယ္လို႔ေျပာပါတယ္။

တရုတ္နဲ႔အေမရိကန္တို႔ဟာ ကုန္သြယ္ေရး၊ ေဟာင္ေကာင္အေရး၊ ေတာင္တရုတ္ပင္လယ္အေရးနဲ႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြနဲ႔ပတ္သက္ျပီး တင္းမာမႈေတြျမင္႔တက္ေနပါတယ္။

ဟူစတန္က ေကာင္စစ္၀န္ရံုးဟာ အျပီးပိတ္သိမ္းရဖြယ္ရိွျပီး ေနာက္ထပ္ တရုတ္ေကာင္စစ္၀န္ရံုးေတြကိုလည္း ပိတ္ဖို႔အမိန္႔ထုတ္သြားမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔က ဇူလိုင္ ၂၂ ရက္မွာျပဳလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာျဖစ္ပါတယ္။

Ref : BBC
Photo: Getty Image
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW