ရှမ်းနီလူငယ်(၂)ဦးကိုသတ်တဲ့ KIA ကတာဝန်ရှိသူကို စစ်ဆေးအရေးယူဖို့ဆောင်ရွက်

ရှမ်းနီလူငယ်(၂)ဦးကိုသတ်တဲ့ KIA ကတာဝန်ရှိသူကို စစ်ဆေးအရေးယူဖို့ဆောင်ရွက်

မြစ်ကြီးနား၊ ဇူလိုင် ၂၄-၂၀၂၀
ရန်အောင်ထွန်း(VOM)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးရွာက ကျောင်းသားနှစ်ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တပ်ရင်း-၂၆ မှ မြို့နယ်မှူးအဆင့်ရှိ ဦးလွမ်းခေါင်က ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ (KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူးက ပြောပါတယ်။

သေဆုံးသွားသူ မောင်သန့်ဇင်အောင် အသက် ၁၈ နှစ်ဟာ မုံရွာတက္ကသိုလ် ပထမနှစ် အင်္ဂလိပ်စာ ဘာသာရပ်အထူးပြု ကျောင်းသား၊ မောင်ဇော်မျိုးဦး အသက် ၁၇ နှစ် နဝမတန်းကျောင်းသား ရှမ်းနီတိုင်းရင်းသားတွေဖြစ်ပြီး (KIA) တပ်ရင်း-၂၆ မှမြို့နယ်မှူးအဆင့်ရှိ ဦးလွမ်းခေါင်အပါ ၈ ဦးက ဇူလိုင်လ ၆ ရက် ည ၁၁ နာရီလောက်က ဆယ်ဇင်းကျေးရွာ၊ ချိုရီတာစားသောက်ဆိုင်ရှေ့မှာ ကားတံခါးဖွင့်ရာကနေ အချင်းများရန်ဖြစ်ကာ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ရှမ်းနီးလူငယ်အဖွဲ့ချုပ် အတွင်းရေးမှူးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇူလိုင်လ ၆ ရက်နေ့ KIAတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇူလိုင် ၂၂ ရက်နေ့မှာသေဆုံးကြောင်း ရပ်မိရပ်ဖတွေကတစ်ဆင့် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဆီကို အသိပေးခဲ့တဲ့အပေါ် KIAဘက်က ဝန်ထမ်းတွေက ငြင်းဆိုထားတယ်လို့ ပြောပါတယ်။

KIAဘက်က လူသတ်မှုကျူးလွန်တဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားပြီး အမှုဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ ကနဦး စစ်ဆေးထွက်ဆိုချက်အရ ကာယကံရှင်ဘက်က ကျူးလွန်ကြောင်း ထွက်ဆိုထားပြီး ဘာကြောင့်ဖြစ်တယ် ၊ ဘယ်သူကမှားတယ်ဆိုတာ တိတိကျကျ မသိရသေးဘူး၊ အဲ့ဒီအတွက်စစ်ဆေးနေပြီး အရေးယူဆောင်ရွက်မှုအတွက် ပြောဖို့စောသေးတယ်၊ ဒါပေမယ့် စစ်ဆေးတွေ့ရှိချက်အတိုင်း အရေးယူသွားမယ်”လို့ ပြောပါတယ်။

ဒီကိစ္စအတွက် ရှမ်းနီလူငယ်ကွန်ယက် (အင်းတော်ကြီး)၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ(SSP)နဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) တို့က ဇူလိုင်လ၂၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ကန့်ကွက်ခဲ့ကြပါတယ်။

မောင်သန့်ဇင်အောင်သည် အမေရိကန်သံရုံးတွင် အင်္ဂလိပ်စကားပြော သင်တန်းတက်ရောက်နေသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သင်တန်းများပိတ်ထားချိန်တွင် သူရဲ့ဇာတိဖြစ်သော ပါဟုတ်ကြီးရွာကနေအိမ်ကို ပြန်ရောက်နေသူဖြစ်ပြီး ရန်ကုန်ကို ဇူလိုင် ၇ ရက်မှာ ပြန်ဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း

Zawgyi

ရွမ္းနီလူငယ္(၂)ဦးကိုသတ္တဲ့ KIA ကတာဝန္ရွိသူကို စစ္ေဆးအေရးယူဖို႔ေဆာင္႐ြက္

ျမစ္ႀကီးနား၊ ဇူလုိင္ ၂၄-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္၊ ပါဟုတ္ႀကီး႐ြာက ေက်ာင္းသားႏွစ္ဦးကို ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္ (KIA)တပ္ရင္း-၂၆ မွ ၿမိဳ႕နယ္မႉးအဆင့္ရွိ ဦးလြမ္းေခါင္က ဖမ္းဆီးသတ္ျဖတ္မႈ က်ဴးလြန္ေၾကာင္း ဝန္ခံထြက္ဆိုထားတယ္လို႔ (KIA)ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူးက ေျပာပါတယ္။

ေသဆုံးသြားသူ ေမာင္သန႔္ဇင္ေအာင္ အသက္ ၁၈ ႏွစ္ဟာ မုံ႐ြာတကၠသိုလ္ ပထမႏွစ္ အဂၤလိပ္စာ ဘာသာရပ္အထူးျပဳ ေက်ာင္းသား၊ ေမာင္ေဇာ္မ်ိဳးဦး အသက္ ၁၇ ႏွစ္ နဝမတန္းေက်ာင္းသား ရွမ္းနီတိုင္းရင္းသားေတြျဖစ္ၿပီး (KIA) တပ္ရင္း-၂၆ မွၿမိဳ႕နယ္မႉးအဆင့္ရွိ ဦးလြမ္းေခါင္အပါ ၈ ဦးက ဇူလိုင္လ ၆ ရက္ ည ၁၁ နာရီေလာက္က ဆယ္ဇင္းေက်း႐ြာ၊ ခ်ိဳရီတာစားေသာက္ဆိုင္ေရွ႕မွာ ကားတံခါးဖြင့္ရာကေန အခ်င္းမ်ားရန္ျဖစ္ကာ ေခၚေဆာင္သြားတာျဖစ္တယ္လို႔ ရွမ္းနီးလူငယ္အဖြဲ႕ခ်ဳပ္ အတြင္းေရးမွဴးက ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဇူလိုင္လ ၆ ရက္ေန႔ KIAတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ဇူလိုင္ ၂၂ ရက္ေန႔မွာေသဆုံးေၾကာင္း ရပ္မိရပ္ဖေတြကတစ္ဆင့္ ေသဆုံးသူေတြရဲ႕ မိသားစုဝင္ေတြဆီကို အသိေပးခဲ့တဲ့အေပၚ KIAဘက္က ဝန္ထမ္းေတြက ျငင္းဆိုထားတယ္လို႔ ေျပာပါတယ္။

KIAဘက္က လူသတ္မႈက်ဴးလြန္တဲ့ တပ္ဖြဲ႕ဝင္ေတြကို ဖမ္းဆီးထားၿပီး အမႈျဖစ္စဥ္အမွန္ကို စုံစမ္းစစ္ေဆးေနတယ္လို႔ ေျပာပါတယ္။

KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက “ ကနဦး စစ္ေဆးထြက္ဆိုခ်က္အရ ကာယကံရွင္ဘက္က က်ဴးလြန္ေၾကာင္း ထြက္ဆိုထားၿပီး ဘာေၾကာင့္ျဖစ္တယ္ ၊ ဘယ္သူကမွားတယ္ဆိုတာ တိတိက်က် မသိရေသးဘူး၊ အဲ့ဒီအတြက္စစ္ေဆးေနၿပီး အေရးယူေဆာင္႐ြက္မႈအတြက္ ေျပာဖို႔ေစာေသးတယ္၊ ဒါေပမယ့္ စစ္ေဆးေတြ႕ရွိခ်က္အတိုင္း အေရးယူသြားမယ္”လို႔ ေျပာပါတယ္။

ဒီကိစၥအတြက္ ရွမ္းနီလူငယ္ကြန္ယက္ (အင္းေတာ္ႀကီး)၊ ရွမ္းနီ(တိုင္းလ်န္) ေသြးစည္းညီၫြတ္ေရးပါတီ(SSP)နဲ႔ တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (TNDP) တို႔က ဇူလိုင္လ၂၃ ရက္မွာ ေၾကညာခ်က္ထုတ္ျပန္ကန႔္ကြက္ခဲ့ၾကပါတယ္။

ေမာင္သန႔္ဇင္ေအာင္သည္ အေမရိကန္သံ႐ုံးတြင္ အဂၤလိပ္စကားေျပာ သင္တန္းတက္ေရာက္ေနသူျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈေၾကာင့္ သင္တန္းမ်ားပိတ္ထားခ်ိန္တြင္ သူရဲ႕ဇာတိျဖစ္ေသာ ပါဟုတ္ႀကီး႐ြာကေနအိမ္ကို ျပန္ေရာက္ေနသူျဖစ္ၿပီး ရန္ကုန္ကို ဇူလိုင္ ၇ ရက္မွာ ျပန္ဖုိ႔စီစဥ္ထားတာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဟုမၼလင္း

Related posts

Leave a Comment

VOM News

FREE
VIEW