တရုတ်နဲ့တင်းမာနေစဉ် အိန္ဒိယလေတပ်မှာ ပြင်သစ်ရာဖေးတိုက်လေယာဉ်တွေ ဖြည့်တင်း

တရုတ်နဲ့တင်းမာနေစဉ် အိန္ဒိယလေတပ်မှာ ပြင်သစ်ရာဖေးတိုက်လေယာဉ်တွေ ဖြည့်တင်း

ဒေလီ၊ ဇူလိုင်-၃၀-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံနဲ့ နယ်စပ်မှာ တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ အိန္ဒိယလေတပ်ဟာ ပြင်သစ်နိုင်ငံထုတ် ရာဖေးတိုက်လေယာဉ်ငါးစီးကို လက်ခံရရှိခဲ့ပါတယ်။

တိုက်လေယာဉ် ၃၆ စင်းဝယ်ယူဖို့ ပြင်သစ်နိုင်ငံနဲ့အတူ ၂၀၁၆ ခုနှစ်ကရရှိခဲ့တဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

အိန္ဒိယဟာ ဘက်စုံသုံး ရာဖေးတိုက်လေယာဉ်တွေ ဝယ်ယူခြင်းနဲ့အတူ ဆိုဗီယက်ခေတ်လေယာဉ်တွေနဲ့ တည်ဆောက်ထားတဲ့ ၎င်းရဲ့လေတပ်ကို ခေတ်မီအောင်ပြုပြင်ဖို့ မျှော်လင့်နေပါတယ်။

ဒါပေမယ့် အဲဒီလေယာဉ်တွေကို ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ ချက်ချင်းအသုံးပြုဖို့ မဖြစ်နိုင်သေးဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ပေးပို့ဖို့ ကျန်ရှိနေသေးတဲ့ ရာဖေးတိုက်လေယာဉ်တွေကို လာမယ့်နှစ်မှာ လက်ခံရရှိမယ်လို့မျှော်လင့်ရပါတယ်။ ရာဖေးတိုက်လေယာဉ်တွေဟာ ပင်လယ်နဲ့ မြေပြင်မှာ အလွန်တိကျတဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်တာအပါအဝင် ခရီးဝေးပျံသန်းနိုင်တဲ့ ဘက်စုံသုံးလေယာဉ်တွေဖြစ်ပါတယ်။

Ref : BBC
Photo: Indian Air Force
#voiceofmyanmar #VOM #ဒေလီ

Zawgyi

တရုတ္နဲ႔တင္းမာေနစဥ္ အိႏိၵယေလတပ္မွာ ျပင္သစ္ရာေဖးတိုက္ေလယာဥ္ေတြ ျဖည္႔တင္း

ေဒလီ၊ ဇူလိုင္-၃၀-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံနဲ႔ နယ္စပ္မွာ တင္းမာမႈေတြ ဆက္လက္ျဖစ္ပြားေနခ်ိန္မွာ အိႏိၵယေလတပ္ဟာ ျပင္သစ္နုိင္ငံထုတ္ ရာေဖးတုိက္ေလယာဥ္ငါးစီးကို လက္ခံရရိွခဲ႔ပါတယ္။

တိုက္ေလယာဥ္ ၃၆ စင္း၀ယ္ယူဖို႔ ျပင္သစ္နုိင္ငံနဲ႔အတူ ၂၀၁၆ ခုနွစ္ကရရိွခဲ႔တဲ႔ သေဘာတူညီခ်က္ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ပါတယ္။

အိႏိၵယဟာ ဘက္စံုသံုး ရာေဖးတုိက္ေလယာဥ္ေတြ ၀ယ္ယူျခင္းနဲ႔အတူ ဆိုဗီယက္ေခတ္ေလယာဥ္ေတြနဲ႔ တည္ေဆာက္ထားတဲ႔ ၎ရဲ႕ေလတပ္ကို ေခတ္မီေအာင္ျပဳျပင္ဖို႔ ေမွ်ာ္လင္႔ေနပါတယ္။

ဒါေပမယ္႔ အဲဒီေလယာဥ္ေတြကို ပဋိပကၡျဖစ္ပြားရာေနရာေတြမွာ ခ်က္ခ်င္းအသံုးျပဳဖို႔ မျဖစ္နုိင္ေသးဘူးလို႔ ကြ်မ္းက်င္သူေတြက သတိေပးထားပါတယ္။

ေပးပို႔ဖို႔ က်န္ရိွေနေသးတဲ႔ ရာေဖးတိုက္ေလယာဥ္ေတြကို လာမယ္႔နွစ္မွာ လက္ခံရရိွမယ္လို႔ေမွ်ာ္လင္႔ရပါတယ္။ ရာေဖးတိုက္ေလယာဥ္ေတြဟာ ပင္လယ္နဲ႔ ေျမျပင္မွာ အလြန္တိက်တ႔ဲ တိုက္ခိုက္မႈေတြလုပ္ေဆာင္တာအပါအ၀င္ ခရီးေ၀းပ်ံသန္းနိုင္တဲ႔ ဘက္စံုသံုးေလယာဥ္ေတြျဖစ္ပါတယ္။

Ref : BBC
Photo: Indian Air Force
#voiceofmyanmar #VOM #ေဒလီ

Related posts

Leave a Comment

VOM News

FREE
VIEW