မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာအနီးတိုက်ပွဲဖြစ်

မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာအနီးတိုက်ပွဲဖြစ်

မြောက်ဦး၊ ဇူလိုင် ၃၀- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ်မှာ ဒီကနေ့မနက် ၅ နာရီလောက်ကနေစပြီး တပ်မတော်နဲ့ အေအေတို့ အုတ်ဖိုကန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

ဒါ့အပြင် အုတ်ဖိုကန်ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံးပျက်စီးသွားပြီး စစ်တွေ- ရန်ကုန်ကားလမ်းဟာလည်း မနက်ပိုင်းကနေ အခုညနေပိုင်းအချိန်ထိ ရပ်တန့်နေတယ်လို့ သိရပါတယ်။

အုတ်ဖိုကန်ကျေးရွာက ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အုတ်ဖိုကန်ကျေးရွာက ဦးခိုင်ထွန်းစိန်ပြောပြတာကတော့” တိုက်ပွဲက မနက်ပိုင်း ၅ နာရီလောက်ကတည်းက ကျနော်တို့ရွာဖက်မှာ ဖြစ်နေတာပါ။ ရဟတ်ယာဉ်နှစ်စီး နဲ့လည်းလာပြီးပစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်က ဗုံးလည်း ကြဲခဲ့ပါတယ်။ စက်သေနတ်နဲ့လည်း ပစ်ခဲ့ပါတယ်။ ရွာမှာလည်း လူမရှိတော့ဘူး။ အခြား ပတ်ဝန်းကျင်ကရွာတွေကို ပြေးသွားပါပြီ။ ကားတွေလည်း အားလုံးရပ်နေပါတယ်။ အသွားအလာ မရှိတော့ပါဘူး။ လူတွေထိခိုက်တာတော့မရှိဘူး။ မြောက်ဦးမြို့ဖက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်။ ဒီအနီး အနားမှာလည်း ပစ်နေပါတယ်။” လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်း ၄ နာရီလောက်ကနေစပြီး ညနေပိုင်းအချိန်ထိ ပစ်ခတ်သံတွေကြားနေရကြောင်း VOM ကိုပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က” တိုက်ပွဲက မနက်ကတည်းက ဖြစ်တာလို့ကြားတယ်။ အခုရှိသေးလား မရှိတော့ဘူးလားဆိုတာမသိဘူး။ ကျနော်ကြားတာကတော့ ရဟတ်ယာဉ်နဲ့ ပစ်နေတယ်လို့တော့ ကြားတယ်။” လို့ ပြောပါတယ်။

တပ်မတော်နဲ့ အေအေတို့ မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာဖက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး တပ်မတော်ဖက်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်တာရှိကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ တပ်မတော် တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ် မြောက်ပိုင်းကမြို့နယ်တွေနဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝဒေသမှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် နေရပ်စွန့်ခွာရသူ စစ်ဘေးရှောင်ဦးရေ ၂ သိန်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြောက်ဦး

Zawgyi

ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္႐ြာအနီးတိုက္ပြဲျဖစ္

ေျမာက္ဦး၊ ဇူလိုင္ ၃၀- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေျမာက္ဦးၿမိဳ႕နယ္မွာ ဒီကေန႔မနက္ ၅ နာရီေလာက္ကေနစၿပီး တပ္မေတာ္နဲ႔ ေအေအတို႔ အုတ္ဖိုကန္ေက်း႐ြာအနီး တိုက္ပြဲျဖစ္ပြားေနတယ္လို႔ ေဒသခံေတြဆီက သတင္းရရွိပါတယ္။

ဒါ့အျပင္ အုတ္ဖိုကန္ေက်း႐ြာထဲကို လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေနအိမ္ ၅ လုံးပ်က္စီးသြားၿပီး စစ္ေတြ- ရန္ကုန္ကားလမ္းဟာလည္း မနက္ပိုင္းကေန အခုညေနပိုင္းအခ်ိန္ထိ ရပ္တန႔္ေနတယ္လို႔ သိရပါတယ္။

အုတ္ဖိုကန္ေက်း႐ြာက ေဒသခံေတြဟာ နီးစပ္ရာ ေက်း႐ြာေတြကို ထြက္ေျပးသြားတယ္လို႔ သိရပါတယ္။

အုတ္ဖိုကန္ေက်း႐ြာက ဦးခိုင္ထြန္းစိန္ေျပာျပတာကေတာ့” တိုက္ပြဲက မနက္ပိုင္း ၅ နာရီေလာက္ကတည္းက က်ေနာ္တို႔႐ြာဖက္မွာ ျဖစ္ေနတာပါ။ ရဟတ္ယာဥ္ႏွစ္စီး နဲ႔လည္းလာၿပီးပစ္ပါတယ္။ ရဟတ္ယာဥ္ေပၚက ဗုံးလည္း ႀကဲခဲ့ပါတယ္။ စက္ေသနတ္နဲ႔လည္း ပစ္ခဲ့ပါတယ္။ ႐ြာမွာလည္း လူမရွိေတာ့ဘူး။ အျခား ပတ္ဝန္းက်င္က႐ြာေတြကို ေျပးသြားပါၿပီ။ ကားေတြလည္း အားလုံးရပ္ေနပါတယ္။ အသြားအလာ မရွိေတာ့ပါဘူး။ လူေတြထိခိုက္တာေတာ့မရွိဘူး။ ေျမာက္ဦးၿမိဳ႕ဖက္ကလည္း လက္နက္ႀကီးေတြနဲ႔ ပစ္ေနပါတယ္။ ဒီအနီး အနားမွာလည္း ပစ္ေနပါတယ္။” လို႔ ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္ေက်း႐ြာက ေဒသခံအမ်ိဳးသမီးတစ္ဦးကလည္း ဒီကေန႔ ဇူလိုင္လ ၃၀ ရက္ေန႔ မနက္ပိုင္း ၄ နာရီေလာက္ကေနစၿပီး ညေနပိုင္းအခ်ိန္ထိ ပစ္ခတ္သံေတြၾကားေနရေၾကာင္း VOM ကိုေျပာပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က” တိုက္ပြဲက မနက္ကတည္းက ျဖစ္တာလို႔ၾကားတယ္။ အခုရွိေသးလား မရွိေတာ့ဘူးလားဆိုတာမသိဘူး။ က်ေနာ္ၾကားတာကေတာ့ ရဟတ္ယာဥ္နဲ႔ ပစ္ေနတယ္လို႔ေတာ့ ၾကားတယ္။” လို႔ ေျပာပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔ ေျမာက္ဦးၿမိဳ႕နယ္ အုတ္ဖိုကန္ေက်း႐ြာဖက္မွာ တိုက္ပြဲျဖစ္ပြားေနၿပီး တပ္မေတာ္ဖက္က ရဟတ္ယာဥ္ႏွစ္စီးနဲ႔ လာေရာက္ပစ္ခတ္တာရွိေၾကာင္း ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ တပ္မေတာ္ တာဝန္ရွိသူေတြကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနပါတယ္။

ရခိုင္ျပည္နယ္လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန္းကိုဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကၿမိဳ႕နယ္ေတြနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္ဝေဒသမွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြေၾကာင့္ ေနရပ္စြန႔္ခြာရသူ စစ္ေဘးေရွာင္ဦးေရ ၂ သိန္းနီးပါး ရွိေနၿပီ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေၿမာက္ဦး

Related posts

Leave a Comment

VOM News

FREE
VIEW