ရန်ကုန်တိုင်းထဲက ဘုရားစေတီတွေကို ဖူးမျှော်ခွင့်မပြုသေးဘဲ ပိတ်ရက် ၁၅ ရက် ထပ်တိုး

ရန်ကုန်တိုင်းထဲက ဘုရားစေတီတွေကို ဖူးမျှော်ခွင့်မပြုသေးဘဲ ပိတ်ရက် ၁၅ ရက် ထပ်တိုး

ရန်ကုန်၊ ဇူလိုင် ၃၀-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်းထဲက တန်ခိုးကြီးဘုရားစေတီပုထိုးတွေကို ပြန်လည်ဖူးမျှော်ခွင့်ပြုမယ့် ဇူလိုင် ၃၀ ရက်နေ့မှာပဲ ဘုရားတွေဖူးမျှော်ခွင့်ကို ပြန်ပိတ်လိုက်ပြီး ပိတ်ရက်ကိုလည်း ၁၅ ရက်အထိ ထပ်တိုးလိုက်ပါတယ်။

ဘုရား၊ စေတီပုထိုးတွေနဲ့ ဘာသာရေးဆိုင်ရာ Church ၊ ဗလီ ၊ ဟိန္ဒူဘုရားရှိခိုး ကျောင်းတွေမှာ ရှိခိုးဝတ်ပြုခြင်းကို ခွင့်မပြီးသေးပါကြောင်း ဇူလိုင်လ ၂၇ ရက်နေ့ မှာပြုလုပ်ခဲ့တဲ့ coronavirus Disease 2019 (COAD-19) ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအထင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“ပုဂံလို ဒီမှာလည်း လူတွေပြုံဆင်းမှာကိုကြောက်တယ်။ သူတို့လည်း ချင့်ချိန်ပြီးလုပ်တယ်လို့ပြောရမယ်။ ပိတ်ဆိုပိတ်ဖွင့်ဆိုဖွင့်မယ်။ အများကြီးလုပ်ရအုံးမယ်။ အဲ့လောက်ဆိုထိန်းဖို့က အဆင်မပြေဘူး။ ဒါတွေအကုန်တက်နေရတယ်။ ဒါကြောင့်ညွှန်ကြားချက်ရမှပဲ ဖွင့်မယ်။ ညွန်ကြားမှုကတော့ မရောက်သေးဘူး။ လူမှုကွန်ယက်ကနေပဲတွေ့လိုက်တယ်။”လို့ ရွှေတိဂုံဂေါပကအဖွဲ့ဝင် ဒေါက်တာရဲအောင်ကပြောပါတယ်။

ရွှေတိဂုံဘုရားကိုပြန်ဖွင့်ချိန်မှာတော့ Online-အွန်လိုင်းကနေ စာရင်းပေးပြီး လာရောက်ဖူးမျှော်ခွင့်ပေးတဲ့ စနစ်နဲ့အပါအဝင် စနစ် ၂ မျိုးနဲ့ ဆောင်ရွက်သွားဖို့စီစဉ်နေသလို လူဦးရေကိုလည်း တစ်ရက် ၂၀၀၀ လောက်သာ လက်ခံဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။

” ဆူးလေဘုရား ပြန်မဖွင့်သေးတာတွေ့ရတယ်။ ရွှေတိဂုံရောမဖွင့်သေးဘူး။ ဆူးလေးဘုရားဆို တံခါးပါပိတ်ထားတာတွေ့ရတယ်”လို့ ရန်ကုန်မြို့နေ ကိုဇော်ဇော်ကပြောပါတယ်။

ရန်ကုန်တိုင်းထဲမှာ ရွှေတိဂုံစေတီတော်၊ ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရား၊ ရွှေဘုန်းပွင့်စေတီ၊ ကမ္ဘာအေးစေတီ၊ စွယ်တော်၊ ကျောက်တော်ကြီးဘုရား၊ ကျိုက်ဝိုင်း ၊သန်လျက်ကျိုက်ခေါက်စေတီ၊ ရေလယ်ကျောက်တန်း ၊ စသဖြင့် အထင်ကရ ဘုရားစေတီပုထိုးတွေတည်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လကတည်းက ရန်ကုန်တိုင်းထဲက ဘုရားတွေကို ပထမအကြိမ် အချိန်ကန့်သတ်တာနဲ့ ခေတ္တပိတ်ထားခဲ့တာဟာ အခုအထိဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့်အချိန်ကိုလည်း ညွှန်ကြားချက်အတိုင်းသာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္တိုင္းထဲက ဘုရားေစတီေတြကို ဖူးေမွ်ာ္ခြင့္မျပဳေသးဘဲ ပိတ္ရက္ ၁၅ ရက္ ထပ္တိုး

ရန္ကုန္၊ ဇူလိုင္ ၃၀-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တိုင္းထဲက တန္ခိုးႀကီးဘုရားေစတီပုထိုးေတြကို ျပန္လည္ဖူးေမွ်ာ္ခြင့္ျပဳမယ့္ ဇူလိုင္ ၃၀ ရက္ေန႔မွာပဲ ဘုရားေတြဖူးေမွ်ာ္ခြင့္ကို ျပန္ပိတ္လိုက္ၿပီး ပိတ္ရက္ကိုလည္း ၁၅ ရက္အထိ ထပ္တိုးလိုက္ပါတယ္။

ဘုရား၊ ေစတီပုထိုးေတြနဲ႔ ဘာသာေရးဆိုင္ရာ Church ၊ ဗလီ ၊ ဟိႏၵဴဘုရားရွိခိုး ေက်ာင္းေတြမွာ ရွိခိုးဝတ္ျပဳျခင္းကို ခြင့္မၿပီးေသးပါေၾကာင္း ဇူလိုင္လ ၂၇ ရက္ေန႔ မွာျပဳလုပ္ခဲ့တဲ့ coronavirus Disease 2019 (COAD-19) ကာကြယ္ထိန္းခ်ဳပ္ကုသေရးအမ်ိဳးသားအထင့္ဗဟိုေကာ္မတီ ညႇိႏႈိင္းအစည္းအေဝး ဆုံးျဖတ္ခ်က္အရ ထုတ္ျပန္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

“ပုဂံလို ဒီမွာလည္း လူေတြၿပဳံဆင္းမွာကိုေၾကာက္တယ္။ သူတို႔လည္း ခ်င့္ခ်ိန္ၿပီးလုပ္တယ္လို႔ေျပာရမယ္။ ပိတ္ဆိုပိတ္ဖြင့္ဆိုဖြင့္မယ္။ အမ်ားႀကီးလုပ္ရအုံးမယ္။ အဲ့ေလာက္ဆိုထိန္းဖို႔က အဆင္မေျပဘူး။ ဒါေတြအကုန္တက္ေနရတယ္။ ဒါေၾကာင့္ၫႊန္ၾကားခ်က္ရမွပဲ ဖြင့္မယ္။ ၫြန္ၾကားမႈကေတာ့ မေရာက္ေသးဘူး။ လူမႈကြန္ယက္ကေနပဲေတြ႕လိုက္တယ္။”လို႔ ေ႐ႊတိဂုံေဂါပကအဖြဲ႕ဝင္ ေဒါက္တာရဲေအာင္ကေျပာပါတယ္။

ေ႐ႊတိဂုံဘုရားကိုျပန္ဖြင့္ခ်ိန္မွာေတာ့ Online-အြန္လိုင္းကေန စာရင္းေပးၿပီး လာေရာက္ဖူးေမွ်ာ္ခြင့္ေပးတဲ့ စနစ္နဲ႔အပါအဝင္ စနစ္ ၂ မ်ိဳးနဲ႔ ေဆာင္႐ြက္သြားဖို႔စီစဥ္ေနသလို လူဦးေရကိုလည္း တစ္ရက္ ၂၀၀၀ ေလာက္သာ လက္ခံဖို႔ စဥ္းစားထားတယ္လို႔ ေျပာပါတယ္။

” ဆူးေလဘုရား ျပန္မဖြင့္ေသးတာေတြ႕ရတယ္။ ေ႐ႊတိဂုံေရာမဖြင့္ေသးဘူး။ ဆူးေလးဘုရားဆို တံခါးပါပိတ္ထားတာေတြ႕ရတယ္”လို႔ ရန္ကုန္ၿမိဳ႕ေန ကိုေဇာ္ေဇာ္ကေျပာပါတယ္။

ရန္ကုန္တိုင္းထဲမွာ ေ႐ႊတိဂုံေစတီေတာ္၊ ဆူးေလဘုရား၊ ဗိုလ္တစ္ေထာင္ဘုရား၊ ေ႐ႊဘုန္းပြင့္ေစတီ၊ ကမာၻေအးေစတီ၊ စြယ္ေတာ္၊ ေက်ာက္ေတာ္ႀကီးဘုရား၊ က်ိဳက္ဝိုင္း ၊သန္လ်က္က်ိဳက္ေခါက္ေစတီ၊ ေရလယ္ေက်ာက္တန္း ၊ စသျဖင့္ အထင္ကရ ဘုရားေစတီပုထိုးေတြတည္ရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာကိုဗစ္-၁၉ စတင္ျဖစ္ပြားခဲ့တဲ့ မတ္လကတည္းက ရန္ကုန္တိုင္းထဲက ဘုရားေတြကို ပထမအႀကိမ္ အခ်ိန္ကန႔္သတ္တာနဲ႔ ေခတၱပိတ္ထားခဲ့တာဟာ အခုအထိျဖစ္ၿပီး ျပန္လည္ဖြင့္လွစ္မယ့္အခ်ိန္ကိုလည္း ၫႊန္ၾကားခ်က္အတိုင္းသာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW