သမ္မတရွေးကောက်ပွဲရွှေ့မယ့် ဒေါ်နယ်ထရန့်အကြံကို ရီပတ်ဘလီကန် ထိပ်တန်းအမတ်တွေ လက်မခံ

သမ္မတရွေးကောက်ပွဲရွှေ့မယ့် ဒေါ်နယ်ထရန့်အကြံကို ရီပတ်ဘလီကန် ထိပ်တန်းအမတ်တွေ လက်မခံ

ဝါရှင်တန်၊ ဇူလိုင်-၃၁-၂၀၂၀
မျိုးဆက် (VOM)

မဲမသမာမှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ဒေါ်နယ်ထရန့်ရဲ့အကြံပြုချက်ကို ရီပတ်ဘလီကန် ထိပ်တန်းအမတ်တွေက ပယ်ချလိုက်ပါတယ်။

ရွေးကောက်ပွဲမှာ စာတိုက်ကနေ မဲပေးမှုတွေများလာနိုင်တာကြောင့် မဲလိမ်လည်မှုတွေနဲ့ မဲရလဒ်မတိကျမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ရွေးကောက်ပွဲကို ပြည်သူတွေ စနစ်တကျ၊ လုံခြုံဘေးကင်းစွာနဲ့ မဲပေးနိုင်ချိန်ထိ ရွှေ့ဆိုင်းရန်အတွက် သူကအကြုံပြုခဲ့တာပါ။

အမေရိကန်အထက်လွှတ်တော်ရဲ့ ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell နဲ့ အောက်လွှတ်တော်ခေါင်းဆောင် Kevin McCarthy တို့ကတော့ ထရန့်ရဲ့အကြံကို လက်မခံပဲ ပယ်ချလိုက်ပါတယ်။

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်နယ်ထရန့်မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်တဲ့ အခွင့်အာဏာမရှိပဲ ကွန်ဂရက်ကသာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကပ်ရောဂါဖြစ်ပွားနေတာကြောင့် အများပြည်သူကျန်းမာရေးအပေါ် စိုးရိမ်ပူပန်နေရတဲ့အတွက် စာတိုက်ကနေ မဲပေးတာမျိုးကို ပိုမိုလွယ်ကူစွာလုပ်ဆောင်ဖို့ အမေရိကန်ပြည်နယ်တွေက ဆန္ဒရှိနေကြပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

သမၼတေရြးေကာက္ပြဲေရႊ႕မယ္႔ ေဒၚနယ္ထရန္႔အၾကံကို ရီပတ္ဘလီကန္ ထိပ္တန္းအမတ္ေတြ လက္မခံ

၀ါရွင္တန္၊ ဇူလိုင္-၃၁-၂၀၂၀
မ်ိဳးဆက္ (VOM)

မဲမသမာမႈေတြ ျဖစ္ေပၚလာနုိင္တယ္ဆိုျပီး နို၀င္ဘာလမွာက်င္းပမယ္႔ အေမရိကန္သမၼတေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းဖို႔ ေဒၚနယ္ထရန္႔ရဲ႕အၾကံျပဳခ်က္ကို ရီပတ္ဘလီကန္ ထိပ္တန္းအမတ္ေတြက ပယ္ခ်လိုက္ပါတယ္။

ေရြးေကာက္ပြဲမွာ စာတိုက္ကေန မဲေပးမႈေတြမ်ားလာနုိင္တာေၾကာင္႔ မဲလိမ္လည္မႈေတြနဲ႔ မဲရလဒ္မတိက်မႈေတြ ျဖစ္ေပၚလာနုိင္တယ္လို႔ ေဒၚနယ္ထရန္႔က ေျပာပါတယ္။ ေရြးေကာက္ပြဲကို ျပည္သူေတြ စနစ္တက်၊ လံုျခံဳေဘးကင္းစြာနဲ႔ မဲေပးနုိင္ခ်ိန္ထိ ေရႊ႕ဆိုင္းရန္အတြက္ သူကအၾကံဳျပဳခဲ႔တာပါ။

အေမရိကန္အထက္လႊတ္ေတာ္ရဲ႕ ရီပတ္ဘလီကန္ေခါင္းေဆာင္ Mitch McConnell နဲ႔ ေအာက္လႊတ္ေတာ္ေခါင္းေဆာင္ Kevin McCarthy တို႔ကေတာ႔ ထရန္႔ရဲ႕အၾကံကို လက္မခံပဲ ပယ္ခ်လိုက္ပါတယ္။

အေမရိကန္ဖြဲ႔စည္းပံုအေျခခံဥပေဒအရ ေဒၚနယ္ထရန္႔မွာ ေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းနိုင္တဲ႔ အခြင္႔အာဏာမရိွပဲ ကြန္ဂရက္ကသာ ဆံုးျဖတ္ရမွာျဖစ္ပါတယ္။

လက္ရိွမွာေတာ႔ ကပ္ေရာဂါျဖစ္ပြားေနတာေၾကာင္႔ အမ်ားျပည္သူက်န္းမာေရးအေပၚ စိုးရိမ္ပူပန္ေနရတဲ႔အတြက္ စာတိုက္ကေန မဲေပးတာမ်ိဳးကို ပိုမိုလြယ္ကူစြာလုပ္ေဆာင္ဖို႔ အေမရိကန္ျပည္နယ္ေတြက ဆႏၵရိွေနၾကပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW