ရန်ကုန်-မန္တလေး လမ်းဟောင်း ရေကျော်လို့ ကားစီးရေ‌ ရာနဲ့ချီပိတ်မိနေ

#voiceofmyanmar #VOM #ရန်ကုန်မန္တလေး

ရန်ကုန်-မန္တလေး လမ်းဟောင်း ရေကျော်လို့ ကားစီးရေ‌ ရာနဲ့ချီပိတ်မိနေ

နေပြည်တော်၊ဩဂုတ် ၃-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်မြို့နယ်တွေမှာ ဩဂုတ် ၃ ရက်နေ့မနက် ကစတင်ပြီးမိုး အဆက်မပြတ်ရွာသွန်းနေတာကြောင့် အုတ်တွင်းမြို့နယ်ထဲက ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ပေါ်မှာ ရေကျော်ပြီး ကားစီးရေ ရာနှင့်ချီပြီး ပိတ်မိနေတယ်လို့ အုတ်တွင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ပြောပြပါတယ်။

“နှစ်နေရာလောက်ရေကျော်နေတယ်။ တောင်ကျရေက များတော့ အခုဆိုနှစ်ဖက်ပိတ်မိနေတဲ့ ကားတွေ အတော်များနေပြီ မီးသတ်ရယ်တပ်မတော်သားတွေရယ် ရှင်းလင်းကူညီဖို့သွားနေတယ်” လို့ ဦးဌေးလွင်ကပြောပါတယ်။

အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်း‌ပေါ်ရှိဆွဲလွဲ‌ချောင်းကျေးရွာနှင့် ဂွေးတောက်ခင်ကျေးရွာကြားမှာတစ်နေရာ၊ အုတ်ဖိုကျေးရွာနဲ့ ညောင်ခြေထောက်ကျေးရွာကြားမှာ တစ်နေရာ စုစုပေါင်းနှစ်နေရာမှာ ရေကျော်နေတာ ဖြစ်ပြီးမိုးရေနှင့် တောင်ကျရေများကြောင့် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း ဗောဓိကုန်းကျေးရွာနားမှာလည်း ရေကျော်မှုဖြစ်ပွားနေရတယ်လို့ သိရပါတယ်။

တောင်ငူမြို့နယ် အနောက်ဘက် အမြန်လမ်းနံဘေး ရှေးဟောင်း သမိုင်းဝင်စေတီပုထိုးများကို ဝါဆိုလပြည့်နေ့ သွားရောက်ဖူးမျှော်နေသူများရဲ့ ကားဆိုင်ကယ်တွေည်း ပန်းဘဲချောင်းရေတိုးတာကြောင့် လမ်းမှာပိတ်မိနေလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့သွားရောက်ကူညီပေးနေရတယ်လို့ ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဩဂုတ် လ ၃ ရက်နေ့ကနေ ၈ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်လေအလွန်အားကောင်းပြီး မုန်းတိုင်းဖြစ်ပေါ်နိုင်လို့ ပဲခူးတိုင်း ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းအပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာ နေရာအနှံအပြားမိုးထစ်ချုံးရွာနိုင်ပြီး ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်ကျား မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနှင့်ဇ‌လဗေဒညွန်ကြားမှုးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်မန္တလေး

Zawgyi

ရန္ကုန္-မႏၲေလး လမ္းေဟာင္း ေရေက်ာ္လို႔ ကားစီးေရ‌ ရာနဲ႔ခ်ီပိတ္မိေန

ေနျပည္ေတာ္၊ဩဂုတ္ ၃-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူခ႐ိုင္ၿမိဳ႕နယ္ေတြမွာ ဩဂုတ္ ၃ ရက္ေန႔မနက္ ကစတင္ၿပီးမိုး အဆက္မျပတ္႐ြာသြန္းေနတာေၾကာင့္ အုတ္တြင္းၿမိဳ႕နယ္ထဲက ရန္ကုန္-မႏၲေလး ကားလမ္းေဟာင္း ေပၚမွာ ေရေက်ာ္ၿပီး ကားစီးေရ ရာႏွင့္ခ်ီၿပီး ပိတ္မိေနတယ္လို႔ အုတ္တြင္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးလြင္က ေျပာျပပါတယ္။

“ႏွစ္ေနရာေလာက္ေရေက်ာ္ေနတယ္။ ေတာင္က်ေရက မ်ားေတာ့ အခုဆို
ႏွစ္ဖက္ပိတ္မိေနတဲ့ ကားေတြ အေတာ္မ်ားေနၿပီ မီးသတ္ရယ္တပ္မေတာ္သားေတြရယ္ ရွင္းလင္းကူညီဖို႔သြားေနတယ္” လို႔ ဦးေဌးလြင္ကေျပာပါတယ္။

အုတ္တြင္းၿမိဳ႕နယ္ ရန္ကုန္-မႏၲေလးကားလမ္းေဟာင္း‌ေပၚရွိဆြဲလြဲ‌ေခ်ာင္းေက်း႐ြာႏွင့္ ေဂြးေတာက္ခင္ေက်း႐ြာၾကားမွာတစ္ေနရာ၊ အုတ္ဖိုေက်း႐ြာနဲ႔ ေညာင္ေျခေထာက္ေက်း႐ြာ
ၾကားမွာ တစ္ေနရာ စုစုေပါင္းႏွစ္ေနရာမွာ ေရေက်ာ္ေနတာ ျဖစ္ၿပီး
မိုးေရႏွင့္ ေတာင္က်ေရမ်ားေၾကာင့္ အုတ္တြင္းၿမိဳ႕နယ္ ရန္ကုန္-မႏၲေလးအျမန္လမ္း ေဗာဓိကုန္းေက်း႐ြာနားမွာလည္း ေရေက်ာ္မႈျဖစ္ပြားေနရတယ္လို႔ သိရပါတယ္။

ေတာင္ငူၿမိဳ႕နယ္ အေနာက္ဘက္ အျမန္လမ္းနံေဘး ေရွးေဟာင္း သမိုင္းဝင္ေစတီပုထိုးမ်ားကို ဝါဆိုလျပည့္ေန႔ သြားေရာက္ဖူးေမွ်ာ္ေနသူမ်ားရဲ႕ ကားဆိုင္ကယ္ေတြည္း ပန္းဘဲေခ်ာင္းေရတိုးတာေၾကာင့္ လမ္းမွာပိတ္မိေနလို႔ ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔သြားေရာက္ကူညီေပးေနရတယ္လို႔ ကူညီေရးအဖြဲ႕ေတြဆီက သိရပါတယ္။

ဩဂုတ္ လ ၃ ရက္ေန႔ကေန ၈ ရက္ေန႔အထိ ဘဂၤလားပင္လယ္ေအာ္မွာ မုတ္သုန္ေလအလြန္အားေကာင္းၿပီး မုန္းတိုင္းျဖစ္ေပၚႏိုင္လို႔ ပဲခူးတိုင္း ရန္ကုန္တိုင္း နဲ႔ ဧရာဝတီတိုင္းအပါအဝင္တိုင္းနဲ႔ျပည္နယ္အခ်ိဳ႕မွာ ေနရာအႏွံအျပားမိုးထစ္ခ်ဳံး႐ြာႏိုင္ၿပီး ေဒသအလိုက္မိုးႀကီးျခင္း၊ ေနရာကြက္က်ား မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္တယ္လို႔မိုးေလဝသႏွင့္ဇ‌လေဗဒၫြန္ၾကားမႈးဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW