ဧရာဝတီမြစ်အတွင်း ငါးရှော့ခ်တိုက်ဖမ်းဆီးသည့်ဆက်စပ်ပစ္စည်းများ ဖမ်းမိ

ဧရာဝတီမြစ်အတွင်း ငါးရှော့ခ်တိုက်ဖမ်းဆီးသည့်ဆက်စပ်ပစ္စည်းများ ဖမ်းမိ မုံရွာ-ဩဂုတ်-၃-၂၀၂၀ ရန်နိုင်စိုး (VOM) စစ်ကိုင်းတိုင်း‌ ၊ ရွှေဘိုခရိုင်၊ကျောက်မြောင်းမြို့နားမှာ ဩဂုတ်လ ၂ ရက်နေ့ညက ဧရာဝတီမြစ်အတွင်း ငါးရှော့ခ်တိုက်ဖမ်းဆီးကြောင်း သတင်းရရှိတဲ့အတွက် သက်ဆိုင်ရာက လိုက်လံဖမ်းဆီးရာမှာ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ဘက်က သဲသောင်ပြင်မှာ စက်လှေနဲ့ ငါးဖမ်းပစ္စည်းတွေကို ‌ဖမ်းဆီးရမိခဲ့ပါတယ်။ ရှော့ခ်တိုက်ငါးဖမ်းသူတွေကတော့ ထွက်ပြေးလွတ်‌မြောက်လျှက်ရှိပြီး မန္တလေးတိုင်းထဲ ဝင်ရောက်သွား‌တယ်လို့ စစ်ကိုင်းတိုင်းလူဝန်မှုကြီးကြပ်‌ရေးနှင့် လူစွမ်းအားဝန်ကြီး ဦးမိုးကျော်သူက ၎င်းရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ ” ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ ဧရာဝတီမြစ်အတွင်း လျှပ်စစ်ရှော့ခ်တိုက်ငါးဖမ်းနေသောစက်လှေအား ကျောက်မြောင်းမြို့ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ တဖက်ကမ်းမန္တလေးတိုင်းဘက်သို့ထွက်ပြေးသွားပါတယ် စက်လှေနှင့်ဆက်စပ်ပစ္စည်းများအားသိမ်းဆည်းခဲ့ပြီးတရားခံများဖော်ထုတ်နိုင်ရေးဆက်လက်ဆောင်ရွက်နေပါပြီ ” လို့ ရေးသားထားပါတယ်။ ဖမ်းဆီးရမိတဲ့ ဆက်စပ်ပစ္စည်းတွေကတော့ စိမ်းပြာရောင်လှေ(၁)စီး၊ လှေမှာ တပ်ဆင်ထားသော ကန်ဘို (၁၃)ကောင် အင်ဂျင်(၁)လုံး၊ (3K 12-V)ဘက်ထရီအိုး(၂)လုံး၊ (3800 W)ဗို့အားထိန်းတစ်ခုတို့ ဖြစ်တယ် သိရပါတယ်။ ”…

Read More

Omni Focus ယာဉ်မောင်း ၆၄ ဦးကို တစ်လအတွင်း သိန်းလေးရာနီးပါး လျော်ကြေးပေးဖို့ ခုံသမာဓိ‌ကောင်စီက ဆုံးဖြတ်ချက်ချ

#VoiceofMyanmar #VOM #YBS #လျော်ကြေးငွေ #Omni Focus

Omni Focus ယာဉ်မောင်း ၆၄ ဦးကို တစ်လအတွင်း သိန်းလေးရာနီးပါး လျော်ကြေးပေးဖို့ ခုံသမာဓိ‌ကောင်စီက ဆုံးဖြတ်ချက်ချ ရန်ကုန်၊သြဂုတ်၊၃၊၂၀၂၀ အေးချမ်းသူ(VOM) Omni Focus ကုမ္ပဏီက အလုပ်ရှင်၊ အလုပ်သမားပြသာနာအတွက်ယာဉ်မောင်း ၆၄ ယောက်ကို တစ်လအတွင်းမှာ သိန်းလေးရာနီးပါး လျှော် ကြေးပေးရန် ခုံသမာဓိ‌ကောင်စီက ဆုံးဖြတ်ချက်ချခဲ့တယ်လို့ အဲ့ဒီယာဉ်မောင်းတွေဆီကနေ သိရပါတယ်။ “အခုကိစ္စက သုံးလပိုင်းကတည်းကဖြစ်နေတာ ဌာနဆိုင်ရာမှာဖြေရှင်းရင် အလုပ်ရှင်က အဆင့်ဆင့်တက်တယ်၊ အစ်ကိုတို့ကလည်း လိုက်တယ်၊ နောက်ဆုံး ခုံကောင်စီကျမှ ယာဉ်မောင်း ၆၄ ဦးကို တစ်လအတွင်းလျော် ပေးဖို့ ဆုံးဖြတ်ခဲ့တာ”တိုင်ကြားရာမှာ ဦးဆောင်တဲ့ အမှတ် ၈၂ယာဉ်လိုင်းက ယာဉ်မောင်းဖြစ်သူ ဦးငြိမ်းချမ်းဝင်းက ပြောပါတယ်။ Omni Focus ယာဉ်လိုင်းကုမ္မဏီနဲ့ ယာဉ်မောင်း ၆၄ ယောက်တို့က ပြီးခဲ့တဲ့မတ်လ က ယာဉ်မောင်းတွေကို လခစားအဖြစ်ကနေ ရပ်နားပြီး စနစ်သစ်နဲ့…

Read More

ရန်ကုန်-မန္တလေး လမ်းဟောင်း ရေကျော်လို့ ကားစီးရေ‌ ရာနဲ့ချီပိတ်မိနေ

#voiceofmyanmar #VOM #ရန်ကုန်မန္တလေး

ရန်ကုန်-မန္တလေး လမ်းဟောင်း ရေကျော်လို့ ကားစီးရေ‌ ရာနဲ့ချီပိတ်မိနေ နေပြည်တော်၊ဩဂုတ် ၃-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်မြို့နယ်တွေမှာ ဩဂုတ် ၃ ရက်နေ့မနက် ကစတင်ပြီးမိုး အဆက်မပြတ်ရွာသွန်းနေတာကြောင့် အုတ်တွင်းမြို့နယ်ထဲက ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ပေါ်မှာ ရေကျော်ပြီး ကားစီးရေ ရာနှင့်ချီပြီး ပိတ်မိနေတယ်လို့ အုတ်တွင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ပြောပြပါတယ်။ “နှစ်နေရာလောက်ရေကျော်နေတယ်။ တောင်ကျရေက များတော့ အခုဆိုနှစ်ဖက်ပိတ်မိနေတဲ့ ကားတွေ အတော်များနေပြီ မီးသတ်ရယ်တပ်မတော်သားတွေရယ် ရှင်းလင်းကူညီဖို့သွားနေတယ်” လို့ ဦးဌေးလွင်ကပြောပါတယ်။ အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်း‌ပေါ်ရှိဆွဲလွဲ‌ချောင်းကျေးရွာနှင့် ဂွေးတောက်ခင်ကျေးရွာကြားမှာတစ်နေရာ၊ အုတ်ဖိုကျေးရွာနဲ့ ညောင်ခြေထောက်ကျေးရွာကြားမှာ တစ်နေရာ စုစုပေါင်းနှစ်နေရာမှာ ရေကျော်နေတာ ဖြစ်ပြီးမိုးရေနှင့် တောင်ကျရေများကြောင့် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း ဗောဓိကုန်းကျေးရွာနားမှာလည်း ရေကျော်မှုဖြစ်ပွားနေရတယ်လို့ သိရပါတယ်။ တောင်ငူမြို့နယ် အနောက်ဘက် အမြန်လမ်းနံဘေး ရှေးဟောင်း သမိုင်းဝင်စေတီပုထိုးများကို ဝါဆိုလပြည့်နေ့ သွားရောက်ဖူးမျှော်နေသူများရဲ့…

Read More

အမြန်လမ်းမှာ ဒီနေ့မနက်အတွင်း ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ် ၆ ဦးသေဆုံး

#voiceofmyanmar #VOM #အမြန်လမ်း #ယာဉ်တိုက်မှု

အမြန်လမ်းမှာ ဒီနေ့မနက်အတွင်း ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ် ၆ ဦးသေဆုံး နေပြည်‌တော်၊ဩဂုတ် ၃-၂၀၂ ကောင်းလက်ျာ( VOM) ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်ဝါဆိုလပြည့်နေ့ (ဩဂုတ် ၃ ) တစ်မနက်ထဲမှာပင် ယာဉ်‌မတော်တစ်ဆမှု ၄ ကြိမ်ဖြစ်ပွားခဲ့ရာမှ အမျိုးသား၊ အမျိုးသမီး ၆ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ ကွပ်ကဲမှုစခန်းက သိရပါတယ်။ မနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၃၃ အနီးတွင်အိမ်စီးယာဉ်တစ်စီး လမ်းချော်၍ ဘယ်ရီယာတုံးများကိုဝင်တိုက်မိပြီးတစ်ဖက်ယာဉ်ကျော ပေါ်‌ရောက်ရှိတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး၊အမျိုးသမီး‌ လေးဦးအနက် အမျိုးသားတစ်ဦး၊အ မျိုးသမီး နှစ်ဦး စုစုပေါင်း ၃ ဦး သေ ဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါတယ်။ “မိုးက တောက်လျောက်ရွာနေတာ။ခုမနက် ၃၃၃ မိုင်မှာဖြစ်စဉ်ကလူသုံးဦးသေဆုံးတယ်။သုံးဦး တံတားဦးဆေး ရုံမှာပါ။ဘောဓိကုန်းနားမှာလည်းအမြန်လမ်းရေကျော်နေတယ်” လို့စကားအင်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက်၂ နာရီခွဲက…

Read More
VOM News

FREE
VIEW