အမြန်လမ်းမှာ ဒီနေ့မနက်အတွင်း ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ် ၆ ဦးသေဆုံး

#voiceofmyanmar #VOM #အမြန်လမ်း #ယာဉ်တိုက်မှု

အမြန်လမ်းမှာ ဒီနေ့မနက်အတွင်း ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ် ၆ ဦးသေဆုံး

နေပြည်‌တော်၊ဩဂုတ် ၃-၂၀၂
ကောင်းလက်ျာ( VOM)

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်ဝါဆိုလပြည့်နေ့ (ဩဂုတ် ၃ ) တစ်မနက်ထဲမှာပင် ယာဉ်‌မတော်တစ်ဆမှု ၄ ကြိမ်ဖြစ်ပွားခဲ့ရာမှ အမျိုးသား၊ အမျိုးသမီး ၆ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ ကွပ်ကဲမှုစခန်းက သိရပါတယ်။

မနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၃၃ အနီးတွင်အိမ်စီးယာဉ်တစ်စီး လမ်းချော်၍ ဘယ်ရီယာတုံးများကိုဝင်တိုက်မိပြီးတစ်ဖက်ယာဉ်ကျော ပေါ်‌ရောက်ရှိတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး၊အမျိုးသမီး‌ လေးဦးအနက် အမျိုးသားတစ်ဦး၊အ မျိုးသမီး နှစ်ဦး စုစုပေါင်း ၃ ဦး သေ ဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါတယ်။

“မိုးက တောက်လျောက်ရွာနေတာ။ခုမနက် ၃၃၃ မိုင်မှာဖြစ်စဉ်ကလူသုံးဦးသေဆုံးတယ်။သုံးဦး တံတားဦးဆေး ရုံမှာပါ။ဘောဓိကုန်းနားမှာလည်းအမြန်လမ်းရေကျော်နေတယ်” လို့စကားအင်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်၂ နာရီခွဲက ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၃၂၈ အနီးတွင် လမ်းအနောက်ဘက်မှအရှေ့ဘက်သို့လမ်းဖြတ်ကူးခဲ့သူ အသက်(၄ဝ)ခန့်အရွယ်အမည်မသိ
အမျိုးသားတစ်ဦး Alphard ယာဉ်မှ ဝင်တိုက်မိပြီး အခင်းဖြစ်‌နေရာတွင်
သေဆုံးခဲ့သေးတယ်လို့သိရပါတယ်။

မနက် ၇ နာရီ၅၀ မိနစ်က အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်) မိုင်တိုင် အမှတ် ၁၇၆အနီးမှာ အိမ်စီးကား တစ်စီးလမ်းချော်တိမ်းမှောက်ရာမှ ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား အမျိုးသမီ ၄ ဦး ကလေးငယ်၂ ဦးအနက် ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

နံနက် ၈ နာရီခန့်ကလည်း အမြန်လမ်း နေပြည်တော် -ရန်ကုန်ဘက်ခြမ်းမိုင်တိုင် ၁၂၅ နှင့်
၃ ဖာလုံအနီးတွင်းCALDLNA အဖြူရောင်ယာဉ်တစ်စင်း ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဖြစ်ကာ Gard Rail တန်းကို ဝင်တိုက်မိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာမရကြောင်း အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ကွပ်ကဲမှုစခန်းမှသိရပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး ယာဉ်မောင်းနှင်သူသုံး
ဦးနှင့် အမြန်လမ်းပေါ် အခွင့်မရှိတက်ရောက်ခဲ့သူတို့ လေးဦးကို သက်ဆိုင်ရာ အမြန်လမ်းရဲတပ်ဖွဲ့စခန်းတွေကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈တို့နဲ့အမှုဖွင့်လှစ်ထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှုးရုံးမှ စုံစမ်းသိရှိရပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်း #ယာဉ်တိုက်မှု

ဓါတ်ပုံ-အမြန်လမ်းမီးသတ်တပ်ဖွဲ့

zawgyi

အမြန်လမ်းတွင် ဒီနေ့တမနက်အတွင်း ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ် ၆ ဦးသေဆုံး

နေပြည်‌တော်၊ဩဂုတ် ၃-၂၀၂
ကောင်းလက်ျာ( VOM)










Related posts

Leave a Comment

VOM News

FREE
VIEW