ရန်ကုန်-မန္တလေး မီးရထားလမ်း ရေကျော်လို့ ရထားခရီးစဥ်တွေအတွက် ယာယီရပ်နားထားရလို့ လက်မှတ်ခပြန်အမ်း

ရန်ကုန်-မန္တလေး မီးရထားလမ်း ရေကျော်လို့ ရထားခရီးစဥ်တွေအတွက် ယာယီရပ်နားထားရလို့ လက်မှတ်ခပြန်အမ်း

နေပြည်တော်၊ဩဂုတ် ၅-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိဘူတာနှင့် ပိန်းဇလုပ်ဘူတာကြာ/ မီးရထားလမ်း ရေတိုက်စားမှုဖြစ်ခဲ့တဲ့အတွက် ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီ‌‌‌ေလာက်က စတင်ပြီး ရထားခရီးစဉ်များ ရပ်နားခဲ့ရတာကြောင့် တောင်ငူဘူတာ ရုံပိုင်ကြီး ဦးကျော်မိုးလွင်က

“ရထား မထွက်ဖြစ်တဲ့အခါ မီးရထားလက် မှတ်ဖိုး ပြန်ထုတ်ပေးနေတယ်။ကနေ့လည်း မီးရထားလက် မှတ်တွေမရောင်းဘူးလို့ ” ပြောပြပါတယ်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်း ရေကြီးရေလျံမှုတွေကြောင့် ရန်ကုန်-မန္တလေး မီးရထားလမ်း တော်ဝိဘူတာနဲ့ ပိန်းဇလုပ်ဘူတာအကြားမိုင်တိုင် ၉၈ အနီးတံတားတစ်စင်း ရေတိုက်စားပြီး ရေကျော် ပျက်ဆီးခဲ့တာ‌ေကြာင့် ဩဂုတ်လ ၄ ရက်က တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီးနောက် အမှတ်(၅)အ ဆန်နဲ့အမှတ် (၃)အဆန်အမြန်ရထားတို့ကို ယာယီဖျက်သိမ်းလိုက်တာဖြစ်တယ်လို့မြန်မာ့မီးရထား တိုင်း ၆ ထံက သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိမြို့နယ်တချို့မှာ ဩဂုတ်လ ၃ ရက်နေ့ မနက်က စတင်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျံမှုများဖြစ်ပေါ်ခဲ့တာ‌ေကြာင့် ရန်ကုန်-မန္တလေးမီးရထားလမ်းနှင့်ကားလမ်းပိုင်း တချို့ရေကျော်ပြီး ခရိီးသည်တင်ယာဉ်နဲ့ အိမ်စီးယာဉ်တွေ ယာဉ်ကျောပိတ် ဆို့မှုများ ဖြစ်ပေါ်ခဲ့ရတယ့်အပြင် မီး ရထားခရီးစဉ်အချို့ကိုလည်းရုတ်သိမ်းလိုက်ရတာပါ။

ဓာတ်ပုံ-မီးရထား

#voiceofmyanmar #VOM #မီးရထား


ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိဘူတာနှင့် ပိန်းဇလုပ်ဘူတာကြာ/ မီးရထားလမ်း ရေတိုက်စားမှုဖြစ်ခဲ့တဲ့အတွက် ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီ‌‌‌လောက်က စတင်ပြီး ရထားခရီးစဉ်များ ရပ်နားခဲ့ရတာကြောင့် တောင်ငူဘူတာ ရုံပိုင်ကြီး ဦးကျော်မိုးလွင်က


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်း ရေကြီးရေလျံမှုတွေကြောင့် ရန်ကုန်-မန္တလေး မီးရထားလမ်း တော်ဝိဘူတာနဲ့ ပိန်းဇလုပ်ဘူတာအကြားမိုင်တိုင် ၉၈ အနီးတံတားတစ်စင်း ရေတိုက်စားပြီး ရေကျော် ပျက်ဆီးခဲ့တာ‌ကြောင့် ဩဂုတ်လ ၄ ရက်က တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီးနောက် အမှတ်(၅)အ ဆန်နဲ့အမှတ် (၃)အဆန်အမြန်ရထားတို့ကို ယာယီဖျက်သိမ်းလိုက်တာဖြစ်တယ်လို့မြန်မာ့မီးရထား တိုင်း ၆ ထံ
က သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိမြို့နယ်တချို့မှာ ဩဂုတ်လ ၃ ရက်နေ့ မနက်က စတင်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျံမှုများဖြစ်ပေါ်ခဲ့တာ‌ကြောင့် ရန်ကုန်-မန္တလေး
မီးရထားလမ်းနှင့်ကားလမ်းပိုင်း တချို့ရေကျော်ပြီး ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးယာဉ်တွေ ယာဉ်ကျောပိတ် ဆို့မှုများ ဖြစ်ပေါ်ခဲ့ရတယ့်အပြင် မီး ရထားခရီးစဉ်အချို့ကိုလည်းရုတ်သိမ်းလိုက်ရတာပါ။

ဓာတ်ပုံ-မီးရထား


Related posts

Leave a Comment

VOM News

FREE
VIEW