ရုပ်ရှင်သရုပ်ဆောင်ယုန်လေးအား ရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်ခဲ့သည်မှာ သတင်းအမှားသာဖြစ်
ရုပ်ရှင်သရုပ်ဆောင်ယုန်လေးအား ရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်ခဲ့သည်မှာ သတင်းအမှားသာဖြစ်
ရန်ကုန်၊သြဂုတ်၊၅
အေးချမ်းသူ(VOM)
ရုပ်ရှင်သရုပ်ဆောင် အဆိုတော်ယုန်လေးအား မြန်မာနိူင်ငံရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်လိုက်သည်ဟုသတင်းမှာအမှားဖြစ်ကြောင်း ဇာတ်ပို့ဇာတ်ရံ ဥက္ကဌဦးဝင်မြိုင်ကပြောပါတယ်။
“အဲ့သတင်းက အမှားပါ။အဆိုတော်ယုန်လေးကိစွနှင့် ပါတ်သတ်ပြီးရုပ်ရှင်အစည်းအရုံးက ဘာမှမထုတ်ပြန်ရသေးပါဘူး”လို့ပြောပါတယ်။
ရုပ်ရှင်သရုပ်​ဆောင်အဆိုတော်ယုန်လေးနှင့်ပါတ်သတ်ပြီး မြန်မာနိူင်ငံရုပ်ရှင်အစည်းအရုံးမှ အစည်းအဝေးမထိုင်ရသေး၍ ထုတ်ပြန်ချက်ကိုလက်ရှိအခြေအနေတွင် ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း ဇာတ်ပို့ဇာတ်ရံဥက္ကဌဦးဝင်းမြိုင်က ပြောပါတယ်။
ရုပ်ရှင်သရုပ်ဆောင်အဆိုတော်ယုန်လေးမှ သြဂုတ်လ ၄ရက်နေ့တွင်လူ မှုကွန်ရက်စာမျက်နှာပေါ်တွင် ကိုယ်တိုင်ရိုက်ကူးတင်ဆက်ခဲ့သည့် စည်းလုံးသင့်ပြီမြန်မာပြည်MTVနှင့်ပါတ်သတ်ပြီးဝေဖန်မှုများပြင်းထန်ခဲ့ပါတယ်။
ယနေ့နံနက်တွင် ရုပ်ရှင်သရုပ်ဆောင်အဆိူတော်ယုန်လေး ကိုယ်တိုင်liveလွှင့်ကာ သူ၏ပရိတ်သတ်များအား တောင်းပန်ခဲ့ပြီးမည့်သည့်ရည်ရွယ်ချက်မှမရှိဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်သာ ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဝေဖန်မှုပြင်းထန်နေသည့်
အတွက် ယင်းMTVကိုဖြုတ်ချပေးမယ်လို့ပြောဆိုခဲ့ပါတယ်။
ရုပ်ရှင်သရုပ်ဆောင်အဆိူတော်ယုန်လေးအပါအဝင်အဆိုတော်များဖြင့် သီဆိုရိုက်ကူးခဲ့သော စည်းလုံးသင့်ပြီမြန်မာပြည် MTVဟာဝေဖန်မှုများနှင့်အတူ ​မြန်မာနိူင်ငံရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်လိုက်ပြီ ဆိုသောသတင်းအမှားများလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့တာပဲဖြစ်ပါတယ်။
#voiceofmyanmar #VOM #ယုန်လေး #ရုပ်ရှင်အစည်းအရုံး
Zawgyi
ရန်ကုန်၊သြဂုတ်၊၅
အေးချမ်းသူ(VOM)
ရုပ်ရှင်သရုပ်ဆောင် အဆိုတော်ယုန်လေးအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်လိုက်သည်ဟုသတင်းမှာအမှားဖြစ်ကြောင်း ဇာတ်ပို့ဇာတ်ရံ ဥက္ကဌဦးဝင်မြိုင်ကပြောပါတယ်။
ရုပ်ရှင်သရုပ်​ဆောင်အဆိုတော်ယုန်လေးနှင့်ပါတ်သတ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အစည်းအဝေးမထိုင်ရသေး၍ ထုတ်ပြန်ချက်ကိုလက်ရှိအခြေအနေတွင် ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း ဇာတ်ပို့ဇာတ်ရံဥက္ကဌဦးဝင်းမြိုင်က ပြောပါတယ်။
ယနေ့နံနက်တွင် ရုပ်ရှင်သရုပ်ဆောင်အဆိုတော်ယုန်လေး ကိုယ်တိုင်liveလွှင့်ကာ သူ၏ပရိတ်သတ်များအား တောင်းပန်ခဲ့ပြီးမည့်သည့်ရည်ရွယ်ချက်မှမရှိဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်သာ ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဝေဖန်မှုပြင်းထန်နေသည့်
ရုပ်ရှင်သရုပ်ဆောင်အဆိုတော်ယုန်လေးအပါအဝင်အဆိုတော်များဖြင့် သီဆိုရိုက်ကူးခဲ့သော စည်းလုံးသင့်ပြီမြန်မာပြည် MTVဟာဝေဖန်မှုများနှင့်အတူ ​မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်လိုက်ပြီ ဆိုသောသတင်းအမှားများလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့တာပဲဖြစ်ပါတယ်။
Related posts
Leave a Comment
VOM News
FREE
VIEW